နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

ဖီးလစ် ပြန်လာခြင်းက ပရိသတ်တွေ အတွက် ကောင်းမွန်တဲ့ အရာ ဖြစ်လိမ့်မယ် ဆိုတဲ့ ရူအီ ကော်စတာ | ပရီးမီးယားလိဂ်

ဘင်ဖီကာ ဥက္ကဋ္ဌ ရူအီ ကော်စတာ ကတော့ အသင်းရဲ့ တိုက်စစ် ကစားသမားဟောင်း ယာအို ဖီးလစ်ကို ပြန်လည် ခေါ်ယူလိုကြောင်း ပြောကြားလိုက်ပါတယ်။ ယာအို ဖီးလစ် ကတော့ လက်ရှိ ပရီးမီးယားလိဂ် ကလပ်မှာ ရုန်းကန်နေရပြီးတော့ အသင်းပြောင်းဖို့ စီစဉ်နေသူလည်း ဖြစ်ပါတယ်။

ဘင်ဖီကာ ဥက္ကဋ္ဌ ရူအီ ကော်စတာက “ယာအို ဖေးလစ်လို အရည်အချင်းရှိပြီး ကျော်ကြားတဲ့ ကျွန်တော် တို့ရဲ့ အကယ်ဒမီထွက် ကစားသမားကို ပြန်လည် ခေါ်ယူခွင့် ရမယ် ဆိုရင် ကျွန်တော်တို့ ပြန်ခေါ်ချင်ပါတယ်။ ဘင်ဖီကာ ပရိသတ်တွေ အားလုံး ကလည်း ယာအို ဖီးလစ် ပြန်လာမှာကို သဘောကျကြမှာပါ။ ဒါပေမယ့် ပြောင်းရွှေ့ကြေးနဲ့ လစာနှုန်းထား ကတော့ မြင့်မားနေပါတယ်။ ဒါကို ကျွန်တော်တို့ အလေးထား လုပ်ဆောင်ရမှာပါ။” လို့ ပြောကြားခဲ့ပါတယ်။

အသက် ၂၅ နှစ် အရွယ် ပေါ်တူဂီ တိုက်စစ် ကစားသမားဟာ ဘင်ဖီကာ အကယ်ဒမီထွက် အရည်အသွေးမြင့် ကစားသမား ဖြစ်ပါတယ်။ သူဟာ ၂၀၁၉ ခုနှစ် နွေရာသီမှာ အက်တလက်တီကိုမက်ဒရစ်ကို ကလပ် စံချိန်တင် ပြောင်းရွှေ့ကြေး ယူရို ၁၂၆ သန်းနဲ့ ပြောင်းရွှေ့ခဲ့သူပါ။ ဒါပေမယ့်လည်း ဖီးလစ်က အက်တလက်တီကိုမက်ဒရစ်မှာ ခြေစွမ်းပြနိုင်ခဲ့ခြင်း မရှိပဲ ပြီးခဲ့တဲ့ ၂၀၂၄ နွေရာသီက အပိုဆုကြေးတွေ အပါအဝင် ပေါင် ၅၆.၃ သန်းနဲ့ ချဲလ်ဆီးကို ပြောင်းရွှေ့ခဲ့ပါတယ်။

အဲဒီနောက် ယာအို ဖီးလစ်က ပရီးမီးယားလိဂ် ကလပ် မှာလည်း ခြေစွမ်းပြနိုင်ခြင်း မရှိတာကြောင့် ပြီးခဲ့တဲ့ ဆောင်းရာသီ အပြောင်းအရွှေ့မှာ အေစီမီလန်ကို ရာသီဝက် အငှားနဲ့ ထွက်ကစားခဲ့ရပါတယ်။ အေစီမီလန်က ရာသီအကုန်မှာ ဖီးလစ်ကို အပြီးသတ် ခေါ်ယူခွင့် ရှိပေမယ့် ငြင်းဆန်ခဲ့တာကြောင့် ကစားသမားက ပရီးမီးယားလိဂ်ကို ပြန်လာခဲ့ရတာ ဖြစ်ပါတယ်။ ချဲလ်ဆီး ကတော့ အသင်းမှာ ခြေစွမ်းမပြနိုင်တဲ့ ယာအို ဖီးလစ်ကို အမြန် ရောင်းထုတ်ချင်နေပြီး လက်ရှိမှာ ဘင်ဖီကာနဲ့ အပြောင်းအရွှေ့ အတွက် ဆွေးနွေးနေကြောင်း သိရပါတယ်။

ပရီးမီးယားလိဂ် မှာပဲ ဆက်ကစားမလား၊ ဘင်ဖီကာ ပြန်မလား ဆိုတဲ့ ရွေးချယ်စရာ နှစ်ခု ရှိနေပါတယ်။” လို့ ပြောကြားခဲ့ပါသေးတယ်။
ယာအို ဖီးလစ်ကို ပြန်လည် ခေါ်ယူချင်ကြောင်း ဖွင့်ဟလာတဲ့ ဘင်ဖီကာ ဥက္ကဌ

ပြီးခဲ့တဲ့ ရက်ပိုင်းကပဲ ယာအို ဖီးလစ်ဟာ သူ့အနေနဲ့ ချဲလ်ဆီးမှာ ဆက်နေမလား ဒါမှမဟုတ် ဘင်ဖီကာ မှာပဲ ပြန်ကစားမလား ဆိုတာ ရွေးချယ်သွားမှာ ဖြစ်ကြောင်း ဖွင့်ဟခဲ့ပါသေးတယ်။ ဖီးလစ်က ဘင်ဖီကာဟာ သူသဘောကျတဲ့ အသင်း ဆိုတာ တစ်ကမ္ဘာလုံးက သိကြောင်း အဲဒါက သူ့ရဲ့ အိမ်ဖြစ်ကြောင်း ပွင့်ပွင့်လင်းလင်း ပြောဆိုခဲ့တာပါ။ ဒါ့အပြင် ဖီးလစ်က “ကျွန်တော် တစ်နေ့ ပြန်မှာပါ။ အခုလား နှစ်အနည်းငယ်ကြာမှလားတော့ မပြောတတ်ပါဘူး။ အခု ပြန်ရမယ် ဆိုရင်လည်း အရမ်းပဲ ပျော်ရွှင်မိမှာပါ။ ပရီးမီးယားလိဂ် မှာပဲ ဆက်ကစားမလား၊ ဘင်ဖီကာ ပြန်မလား ဆိုတဲ့ ရွေးချယ်စရာ နှစ်ခု ရှိနေပါတယ်။”လို့ ပြောကြားခဲ့ပါသေးတယ်။ ယာအို ဖီးလစ်ဟာ လစ္စဘွန်း အခြေစိုက် ကလပ် ဘင်ဖီကာ လူငယ် အကယ်ဒမီထွက် ဖြစ်ပြီး စီနီယာ အသင်းကြီး အတွက် စုစုပေါင်း ၄၂ ပွဲသာ ကစားခဲ့ရသူ ဖြစ်ပါတယ်။

သူဟာ ပေါ်တူဂီ ကလပ် အတွက် ကစားပေးခဲ့ချိန်မှာ ဂိုး ၂၀ သွင်းယူခဲ့ပြီး ၈ ဂိုး ဖန်တီးနိုင်ခဲ့တာကြောင့် ဥရောပ ထိပ်တန်း ကလပ်တွေရဲ့ မျက်စိကျခြင်း ခံခဲ့ရပါတယ်။ အဲဒီအချိန်တုန်းက အက်တလက်တီကိုမက်ဒရစ်က ယာအို ဖီးလစ်ကို လက်ဦးမှု ရယူကာ ခေါ်ယူခဲ့ပြီး ၄ ရာသီ အတွင်း ၁၃၁ ပွဲ ကစားကာ ၃၄ ဂိုး သွင်း၊ ၁၆ ဂိုး ဖန်တီးနိုင်ခဲ့ပါတယ်။ ဖီးလစ်က နောက်ပိုင်းမှာတော့ တောက်လျောက် ခြေစွမ်းကျဆင်းသွားပြီး ဥရောပထိပ်တန်း ကလပ်တွေမှာ နေရာမရတဲ့ အထိ အခြေအနေ ဆိုးရွားသွားခဲ့တာ ဖြစ်ပါတယ်။

   

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်