နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

ဆိုးရွားတဲ့ ခြေစွမ်းကြောင့် အန်ဖီးလ်မှာ ဖောရက်စ်ရဲ့ တက်တီးခြင်း ခံလိုက်ရတဲ့ လစ်ဗာပူးလ် | ပရီးမီးယားလိဂ်

ညက ယှဉ်ပြိုင်ကစားသွားတဲ့ ပရီးမီးယားလိဂ် ပွဲစဉ် ၁၂ မှာတော့ လက်ရှိ ချန်ပီယံ လစ်ဗာပူးလ်က နော့တင်ဟမ်ဖောရက်စ်ကို အန်ဖီးလ်မှာ ဂိုးပြတ် ရှုံးနိမ့်သွားခဲ့ပါတယ်။ ဘယ်အသင်း ကမှ အန်ဖီးလ်မှာ ဟီးဟီးဟားဟား လာလုပ်လို့ မရဘူး ဆိုတဲ့ လစ်ဗာပူးလ်ဟာ အခုတော့ ပြိုင်ဘက်ကို ချေပဂိုးတောင် မသွင်းနိုင်ခဲ့ပဲ အရှက်တကွဲ ရှုံးနိမ့်ခဲ့ရတာလည်း ဖြစ်ပါတယ်။

ဒီနေ့ပွဲမှာ လစ်ဗာပူးလ်က ၄-၃-၃ အခင်းအကျင်းနဲ့ အတူ ဆိုဘို့ဇ်လိုင်းကို ညာနောက်ခံလူ နေရာမှာ သုံးခဲ့ပြီး ကွင်းလယ် မှာတော့ ဂရာဗန်ဘက်ချ်၊ မက် အယ်လစ္စတာ၊ ဂျုံးစ် တို့ကို တွဲဖက်ပေးခဲ့ပါတယ်။ တိုက်စစ်မှာလည်း ငှက်ကြားဟောင်း အိဆက်ခ်ကို ဦးဆောင်စေခဲ့ပြီးတော့ ဂက်ခ်ပို၊ ဆာလာ တို့နဲ့ တွဲဖက်ပေးခဲ့ပါတယ်။ ဖောရက်စ် က‌တော့ သူတို့ရဲ့ အမာခံတွေ ဖြစ်တဲ့ ဆဲလ်စ်၊ မီလန်ကိုဗစ်၊ ဆဗိုနာ၊ မူရီလို၊ ဂစ်ဘ်ဝှိုက်၊ အန်ဒိုရီ၊ ဂျေဇုစ် တို့နဲ့ လစ်ဗာပူးလ်ကို ပြန်လည် ရင်ဆိုင်သွားခဲ့ပါတယ်။

တကယ်တော့ ဒီနေ့ပွဲမှာ လစ်ဗာပူးလ်က ဘောလုံးကိုင်ထားရုံသာ ရှိခဲ့ပြီး စိတ်ဓာတ်ပိုင်းရော၊ အသင်းလိုက် စုစည်းမှု အပိုင်းမှာပါ တော်တော်လေး ယို့ယွင်းနေခဲ့တာပါ။ နောက်ပြီး အိမ်ကွင်း ပရိသတ် ရှေ့မှောက်မှာ ကစားနေခဲ့ရသည့်တိုင်အောင် တည်ငြိမ်မှု ပျောက်ဆုံးနေတဲ့ လစ်ဗာပူးလ်ဟာ နော့တင်ဟမ်ဖော်ရက်စ်ကို အသာစီး ရယူနိုင်ခြင်း မရှိခဲ့ပါဘူး။ နောက်ပြီး အဓိက ပြောစရာ ရှိတာက လစ်ဗာပူးလ်ရဲ့ ဆိုးရွားလွန်းတဲ့ ခံစစ် ကစားပုံ ဖြစ်ပါတယ်။ ပေးလိုက်ရတဲ့ ဂိုးတိုင်းကို ပြန်ကြည့်ရင် လူကပ် ကစားပုံ ညံ့ခဲ့တာကို တွေ့ရမှာ ဖြစ်ပြီး ဒီလို လျော့ရဲနေတဲ့ ခံစစ်ကြောင့်လည်း နော့တင်ဟမ်ဖော်ရက်စ် အတွက် ဂိုးရဖို့ မခက်ခဲခဲ့ပါဘူး။

လစ်ဗာပူးလ်ရဲ့ ဒုတိယ အားနည်းချက်က ကွင်းလယ် ဖြစ်ပြီး ကာတစ်ဂျုံးစ်၊ ဂရာဗန်ဘက်ချ်၊ မက်အယ်လစ္စတာ တို့ရဲ့ လုပ်အားနှုန်းက နော့တင်ဟမ်ဖော်ရက်စ် ကွင်းလယ်က အဲလီယော့တ် အန်ဒါဆန်-ဆန်ဂါရီ အတွဲအဖက်ကို ဘယ်လိုမှ မယှဉ်နိုင်ခဲ့ပါဘူး။ ဒါကလည်း ပွဲကို အဖြေထုတ်ပေးခဲ့တဲ့ နောက်ထပ် ပြောစရာ အချက်တစ်ချက် ဖြစ်ပြီး အားလုံး ချုံငုံကြည့်ရင်တော့ လစ်ဗာပူးလ်က ရှေ့၊ လယ်၊ နောက် စွမ်းဆောင်ရည်တွေ ဆိုးဆိုးရွားရွားကို ကျဆင်းသွားတယ်လို့ သတ်မှတ်လို့ ရနေပါတယ်။ အဆိုးဆုံး ကတော့ နွေရာသီမှာ ဈေးကြီးပေး ခေါ်ယူထားတဲ့ ကစားသမားသစ်တွေ အခုချိန်ထိ အသားမကျသေးသလို အရေးအကြောင်း ဆိုရင် အားမကိုးရသေးတာ ဖြစ်ပါတယ်။

ဒီရာသီ ပရီးမီးယားလိဂ်မှာ ရှုံးပွဲ ၆ ပွဲ အထိ ရှိလာတဲ့ လစ်ဗာပူးလ်က အဓိက ပြိုင်ဘက်တွေနဲ့လည်း ရမှတ် ကွာဟချက် ကြီးမားလာပြီး ချန်ပီယံဘွဲ့ကို ကာကွယ်ဖို့တော့ မဖြစ်နိုင်သလောက် ရှိနေခဲ့ပြီလည်း ဖြစ်ပါတယ်။
လက်ရှိ ချန်ပီယံဘွဲ့ကို ကာကွယ်ဖို့ မဖြစ်နိုင်သလောက် ရှိသွားတဲ့ လစ်ဗာပူးလ်

သေချာတာ ကတော့ လက်ရှိ အခြေအနေဆိုရင် အာနေး ဆလော့တ်ရဲ့ အသင်း ပြီးခဲ့တဲ့ နှစ်က ချန်ပီယံ ဖြစ်ခဲ့တာက ကလော့ပ်ရဲ့ အရှိန်ကြောင့်လို့တောင် ပြောလို့ ရနေပါပြီ။ အပေါ်မှာ ကစားသမားတွေရဲ့ အားနည်းချက်တွေကို ပြောပြီးတဲ့ နောက် တာဝန် အရှိဆုံးက ဆလော့တ်ပါ။ သူ့ရဲ့ အကြံကုန်နေတဲ့ နည်းဗျူဟာနဲ့ မိုဆာလာ ကိုပဲ တည်ဆော့နေခြင်းက အလုပ်မဖြစ်တော့ပါဘူး။ အခုတော့ လစ်ဗာပူးလ် ပရိသတ်တွေလည်း Slot Out လို့ အော်နေကြပါပြီ။

တစ်ဖက် မှာတော့ နော့တင်ဟမ်ဖော်ရက်စ်နဲ့ နည်းပြ ရှောင်ဒိုက်ချ်ကို ချီးကျူးရမှာ ဖြစ်ပြီး သစ်တောတွေကို နူနို ဆန်တို လက်ထက်တုန်းကလို စုစည်း ကျစ်လျစ်မှု၊ မာကျောမှုတွေနဲ့ ပြန်လည် မြင်တွေ့နေရပါပြီ။ ဒီခြေစွမ်း အတိုင်း ဆက်ထိန်းထားနိုင်မယ် ဆိုရင်တော့ ဖောရက်စ်တို့ ဇယား ထိပ်ပိုင်းကို ပြန်လည် တက်လှမ်းလာနိုင်ဖို့ သေချာသလောက် ရှိနေပါပြီ။

ဒီပွဲ ရလဒ်ကြောင့် ပရီးမီးယားလိဂ် လက်ရှိ ချန်ပီယံ လစ်ဗာပူးလ်ဟာ အမှတ်ပေးဇယား အဆင့် ၁၁ နေရာ အထိ ကျဆင်းသွားခဲ့ပြီ ဖြစ်ပါတယ်။ ဒီရာသီ ပရီးမီးယားလိဂ်မှာ ရှုံးပွဲ ၆ ပွဲ အထိ ရှိလာတဲ့ လစ်ဗာပူးလ်က အဓိက ပြိုင်ဘက်တွေနဲ့လည်း ရမှတ် ကွာဟချက် ကြီးမားလာပါပြီ။ ပိုဆိုးတာက နောက်ဆုံး ၇ ပွဲမှာ ၆ ပွဲ ရှုံးထားတဲ့ လစ်ဗာပူးလ်ရဲ့ အခြေအနေက လက်ခံနိုင်စရာ မရှိပါဘူး။ ကြိုးကြာနီတွေ အနေနဲ့ လက်ရှိ ချန်ပီယံဘွဲ့ကို ကာကွယ်ဖို့တော့ မဖြစ်နိုင်သလောက် ရှိနေခဲ့ပြီလည်း ဖြစ်ပါတယ်။

   

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်