နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

၂၀၂၁ နောက်ပိုင်း အာဆင်နယ်ကို အနိုင်မရတဲ့ မှတ်တမ်းဆိုးကို မချိုးဖျက်နိုင်သေးတဲ့ ချဲလ်ဆီး | ပရီးမီးယားလိဂ်

ချဲလ်ဆီး ပရီးမီးယားလိဂ် ပွဲစဉ် ၁၃ ရဲ့ စိတ်ဝင်စားစရာ အကောင်းဆုံး ထိပ်တိုက် တွေ့ဆုံမှု အဖြစ် ချဲလ်ဆီးနဲ့ အာဆင်နယ်တို့ စတန်းဖို့ဒ်ဘရစ်ချ်မှာ ယှဉ်ပြိုင်ကစားကြပြီး ၁-၁ ရလဒ် ထွက်ပေါ်ခဲ့ပါတယ်။ ချဲလ်ဆီး ကတော့ မွိုက်စ် ကိုင်စီဒိုရဲ့ ပရီးမီးယားလိဂ် ကစားသမား ဘ၀ ပထမဦးဆုံး အနီကတ်နဲ့ အတူ လန်ဒန် ဒါဘီမှာ ပွဲချိန် တော်တော်များများ တစ်ယောက်လျော့နဲ့ ကစားခဲ့ရပေမယ့် သူတို့ရဲ့ မြို့ခံ ပြိုင်ဘက်ဆီက သရေ တစ်မှတ် ရအောင် ယူနိုင်ခဲ့တာ ဖြစ်ပါတယ်။

အခုပွဲမှာ အန်ဇို မာရက်စ်ကာက ဒဏ်ရာ ကနေ ပြန်လည် သက်သာလာတဲ့ ကိုးလ် ပါးလ်မားကို အရန်ခုံ ထိုင်ခိုင်းခဲ့ပါတယ်။ အာဆင်နယ် ဘက်မှာတော့ ဗဟိုခံစစ်က ဝီလီယမ်စ် ဆလီဘာနဲ့ ဂါဘရီရယ်တို့ အတွဲ မကစားနိုင်တာကြောင့် မော့စ်ကွဲယားနဲ့ ဟင်ကပ်ပီယေ အတွဲအဖက်ကို အသုံးပြုခဲ့ရပါတယ်။

ပွဲစကတည်းက ချဲလ်ဆီးရဲ့ ခပ်ရဲရဲ တိုက်စစ်ဖွင့် ကစားပုံကြောင့် အာဆင်နယ်တို့ ရုန်းကန်ခဲ့ရပြီး ပထမပိုင်း ၄၅ မိနစ် အတွင်း ချဲလ်ဆီးရဲ့ ပယ်နယ်တီ ဧရိယာ အတွင်း ဘောလုံး ထိချက် ၂ ကြိမ်သာ ရှိခဲ့တဲ့ အထိ ဆိုးရွားခဲ့ပါတယ်။ ဒါက အာဆင်နယ် အတွက် ၂၀၂၁ ဒီဇင်ဘာလ နောက်ပိုင်း ပရီးမီးယားလိဂ် ပွဲစဉ် တစ်ပွဲရဲ့ ပထမပိုင်း အပြီးမှာ အဆိုးရွားဆုံး စွမ်းဆောင်ရည် ဖြစ်ပါတယ်။ ချဲလ်ဆီး တောင်ပံက လူငယ် ကြယ်ပွင့် အက်စ်တီဗာအို အခွင့်အရေးတွေ ရခဲ့ပေမယ့် သူ့ရဲ့ ကန်ချက်တွေက ဂိုးပေါက်တည့်ခြင်းတော့ မရှိခဲ့ပါဘူး။ အဲဒီနောက် ပွဲချိန် ၃၈ မိနစ်မှာ ချဲလ်ဆီး ကွင်းလယ်က မွိုက်စ် ကိုင်စီဒို အနေနဲ့ မီခဲလ် မာရင်နိုကို အဝင်ကြမ်းခဲ့တာကြောင့် ကွင်းလယ်ဒိုင် အန်တိုနီ တေလာက VAR ပြန်ကြည့်ပြီး တိုက်ရိုက် အနီကတ်နဲ့ ထုတ်ပယ်ခဲ့ပါတယ်။

အာဆင်နယ် ကလည်း နိုင်ပွဲ မရခဲ့ပေမယ့် ပရီးမီးယားလိဂ် အမှတ်ပေးဇယား ထိပ်ကနေ အဆင့် ၂ နေရာက မန်စီးတီးကို ၅ မှတ်ဖြတ် ဆက်လက် ဦးဆောင်နေဆဲ ဖြစ်ပါတယ်။
ပရီးမီးယားလိဂ် အမှတ်ပေးဇယား ထိပ်မှာ ဆက်လက် ရပ်တည်ထားနိုင်တဲ့ အာဆင်နယ်

အချက်အလက်တွေ အရ ဆိုရင် ဒီရာသီ ပရီးမီးယားလိဂ် ၁၃ ပွဲ ကစားပြီးချိန်မှာ ချဲလ်ဆီးတို့ အနီကတ် ၄ ကြိမ်အထိ အပြခံခဲ့ရပြီ ဖြစ်တာကြောင့် ဒါက ပြီးခဲ့တဲ့ တစ်ရာသီလုံးကထက် ၂ ဆ ပိုများတဲ့ ပမာဏလည်း ဖြစ်ပါတယ်။ ချဲလ်ဆီးက ကိုင်စီဒို အထုတ်ပယ်ခံခဲ့ရပေမယ့် ကစားအား လုံးဝကျသွားခြင်း မရှိပဲ တစ်သင်းလုံး လုပ်အားနှုန်းကောင်းကောင်းနဲ့ ကစားခဲ့ပါတယ်။ အသင်းခေါင်းဆောင် ရိစ် ဂျိမ်းစ် ကလည်း တိုက်စစ်၊ ခံစစ် လွန်းထိုး ကစားသွားပြီး ချဲလ်ဆီး အတွက် သွင်းဂိုး ကတော့ သူ့ရဲ့ ဖန်တီးမှု ကနေပဲ ရရှိခဲ့တာ ဖြစ်ပါတယ်။

ချဲလ်ဆီး အတွက် ဦးဆောင်ဂိုး ကိုတော့ ရိစ် ဂျိမ်းစ်ရဲ့ ထောင့်ကန်ဘော ကနေ ချာလိုဘာက ခေါင်းတိုက် သွင်းယူခဲ့ပြီး ဒါက ချာလိုဘာ အတွက် ပရီးမီးယားလိဂ်မှာ ၁၀ ဂိုးမြောက် ဖြစ်ပါတယ်။ ဒါ့အပြင် လန်ဒန် ဒါဘီပွဲမှာ ချာလိုဘာ အနေနဲ့ ၄ ဂိုး သွင်းယူထားပြီး ဂါးလက်စ် (၅ ဂိုး)၊ ပီထရက် စကူး (၇ ဂိုး)၊ ဂျွန် တယ်ရီ (၁၃ ဂိုး)တို့ ပြီးရင် လန်ဒန်ဒါဘီမှာ ချဲလ်ဆီး အတွက် သွင်းဂိုး အများဆုံး နောက်ခံလူ ဖြစ်လာခဲ့ပါတယ်။ ချဲလ်ဆီးက Set Piece ကောင်းပါတယ် ဆိုတဲ့ အသင်းကို Set Piece ကနေပဲ သွင်းယူသွားခဲ့တာ ဖြစ်ပါတယ်။

အာဆင်နယ် အတွက် ချေပဂိုး ကိုတော့ ပွဲချိန် ၅၉ မိနစ်မှာ ဆာကာရဲ့ ပေးပို့မှု ကနေ မီခဲလ် မာရင်နိုက ခေါင်းတိုက် သွင်းယူပေးခဲ့ပါတယ်။ ဒီဂိုးဟာ စပိန်သား အတွက်တော့ အခုနှစ် အတွင်း ၈ ဂိုးမြောက် ပရီးမီးယားလိဂ် သွင်းဂိုးလည်း ဖြစ်ခဲ့သလို အဲဒီ အထဲက ၅ ဂိုးက ခေါင်းတိုက် သွင်းဂိုးတွေ ဖြစ်ပါတယ်။

ချဲလ်ဆီး ကတော့ ပရီးမီးယားလိဂ် လန်ဒန် ဒါဘီ နောက်ဆုံး ၉ ပွဲမှာ ရှုံးပွဲ မရှိခဲ့ပဲ ၅ ပွဲ နိုင်၊ ၄ ပွဲ သရေကျခဲ့ပါတယ်။ ဒါက နည်းပြဟောင်း ဟိုဆေး မော်ရင်ဟို လက်ထက် ၂၀၁၃-၂၀၁၄ ရာသီနောက်ပိုင်း အကောင်းဆုံး မှတ်တမ်းလည်း ဖြစ်ပါတယ်။ ဒါပေမယ့်လည်း အာဆင်နယ်ကို ၂၀၂၁ နောက်ပိုင်း ကတည်းက အနိုင်မရသေးတဲ့ မှတ်တမ်းဆိုး ကိုတော့ အခုချိန်ထိ ချိုးဖျက်နိုင်ခြင်း မရှိသေးပါဘူး။ အာဆင်နယ် ကလည်း နိုင်ပွဲ မရခဲ့ပေမယ့် ပရီးမီးယားလိဂ် အမှတ်ပေးဇယား ထိပ်ကနေ အဆင့် ၂ နေရာက မန်စီးတီးကို ၅ မှတ်ဖြတ် ဆက်လက် ဦးဆောင်နေဆဲ ဖြစ်ပါတယ်။

   

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်