စူပါကွန်ပြူတာ ဒီကနေ့ ညမှာတော့ ၂၀၂၆ အာဖရိကဖလား ပြိုင်ပွဲရဲ့ ဆီမီးဖိုင်နယ် ပွဲစဉ်တွေ ယှဉ်ပြိုင်ကစားကြမှာ ဖြစ်ပါတယ်။ ဒီအဆင့်မှာ ဆီနီဂေါနဲ့ အီဂျစ်၊ နိုင်ဂျီးရီးယားနဲ့ မော်ရိုကို တို့ ထိပ်တိုက် တွေ့ဆုံနေတာကြောင့် တော်တော်လေး အကြိတ်အနယ် ရှိဦးမှာ ဖြစ်ပြီး ဘယ်အသင်းတွေ ဗိုလ်လုပွဲတက်ရောက်သွားမလဲ ဆိုတာ စိတ်ဝင်စားစရာကောင်းနေပါတယ်။
အခုတစ်ခါမှာတော့ အာဖရိကဖလား ဆီမီးဖိုင်နယ် ပွဲစဉ် ၂ ပွဲရဲ့ ပွဲကြိုအချက်အလက်တွေနဲ့ ခန့်မှန်းချက်တွေကို ဖော်ပြပေးသွားမှာ ဖြစ်ပါတယ်။
ဆီနီဂေါ – အီဂျစ်
ဆီနီဂေါ ကတော့ အာဖရိကဖလား ပြိုင်ပွဲမှာ ၂၀၂၁ ချန်ပီယံ တစ်ကြိမ် ဖြစ်ထားပြီး အီဂျစ် ကတော့ ချန်ပီယံ ၇ ကြိမ် အထိ ဖြစ်ထားကာ ပြိုင်ပွဲရဲ့ အအောင်မြင်ဆုံး အသင်း ဖြစ်ပါတယ်။ ဒါပေမယ့်လည်း ၂၀၁၀ တုန်းက နောက်ဆုံး အကြိမ် ချန်ပီယံ ဖြစ်ထားပြီး အောင်မြင်မှုနဲ့ အလှမ်းဝေးနေပါတယ်။ နှစ်သင်းစလုံးက ထိပ်တန်း ကြယ်ပွင့်တွေ၊ နည်းဗျူဟာ ကြယ်ဝသူတွေ ပိုင်ဆိုင်ထားလို့ သူတင် ကိုယ်တင် ကစားကြရဦးမှာပါ။
ဆီနီဂေါက ကြံ့ခိုင်မှု အသားပေးပြီး High Pressing ကစားပုံ ကောင်းတဲ့ အသင်းပါ။ နောက်ပြီး ကွင်းလယ် ထိန်းချုပ်မှု အားကောင်းသလို ဘောလုံးလုယူနိုင်စွမ်း၊ မြန်နှုန်းမြင့် တိုက်စစ်နဲ့ ဂိုးဖန်တီးနိုင်စွမ်းတွေ မြင့်မားပါတယ်။ အီဂျစ် ကတော့ ခံစစ်ကို စနစ်တကျ ကစားတတ်ပြီး လျင်မြန်တဲ့ တန်ပြန် တိုက်စစ်တွေနဲ့ အန္တရာယ်ကြီးကြီး တုန့်ပြန်တတ်တဲ့ အသင်းပါ။ ပွဲကြီး အတွေ့အကြုံ မြင့်မားသလို စိတ်ဓာတ် ကြံ့ခိုင်တဲ့ ကစားသမားတွေလည်း ပိုင်ဆိုင်ထားပါတယ်။
ဆီနီဂေါ ဘက်က အဓိက စောင့်ကြည့်ရမယ့်သူ ကတော့ ဆာဒီယို မာနေး ဖြစ်ပြီး အီဂျစ် မှာတော့ မာနေးရဲ့ လစ်ဗာပူးလ် အသင်းဖော်ဟောင်း မိုဟာမက် ဆာလာကို သတိထား စောင့်ကြည့်ရမှာပါ။ သူတို့ နှစ်ဦးစလုံး ကတော့ သက်ဆိုင်ရာ အသင်းတွေ အတွက် ဘယ်လောက်အထိ သက်ရောက်မှု ကြီးမားသူတွေလဲ ဆိုတာ ပြောစရာလိုမယ် မထင်ပါဘူး။ ဒီပွဲက မာနေး-ဆာလာ အားပြိုင်မှု လို့တောင် သတ်မှတ်လို့ ရပါတယ်။
ဒီနေ့ပွဲမှာ ဆီနီဂေါက သူတို့ရဲ့ ထုံးစံအတိုင်း High Pressing၊ ဘောလုံးပိုင်ဆိုင်မှု အသာနဲ့ ကစားပြီး တောင်ပံတွေ ကနေ တိုက်စစ်ဆင်ဖို့ များပါတယ်။ အီဂျစ် ကတော့ ခံစစ်ကို လုံအောင် ကစားပြီး ပြိုင်ဘက်ရဲ့ အမှားကို အသုံးချဖို့ ကြိုးစားပါလိမ့်မယ်။ ပွဲအစပိုင်းမှာ ဆီနီဂေါက ဖိအားပေး ကစားနိုင်ပေမယ့် ပွဲချိန် ကြာလာတာနဲ့ အမျှ စိတ်ရှည်ပြီး အခွင့်အရေး တစ်ချက်နဲ့ ပွဲရလဒ်ကို ပြောင်းလဲနိုင်တဲ့ အီဂျစ်ကြောင့် ခက်ခဲသွားနိုင်ပါတယ်။ ပွဲက အကြိတ်အနယ် ကစားပြီး အပြန်အလှန် သွင်းဂိုးတွေတော့ မြင်ရခြေ နည်းပါတယ်။ သာမန် ပွဲချိန် အတွင်း သရေကျနေတာကြောင့် အချိန်ပို ပင်နယ်တီတွေ အထိလည်း ရောက်သွားနိုင်တဲ့ ပွဲပါ။ ကျွန်တော် ကတော့ ဆီနီဂေါ ကပ်နိုင်သွားမယ့် ပွဲလို့ပဲ သုံးသပ်မိပါတယ်။ သွင်းဂိုး အနည်းကိုလည်း ရွေးချယ်ထားသင့်ပါတယ်။
ဖြစ်နိုင်ဖွယ်ရလဒ်
ဆီနီဂေါ ၁-၀ အီဂျစ်
နိုင်ဂျီးရီးယား – မော်ရိုကို
ဒီပွဲကလည်း အာဖရိကရဲ့ ထိပ်သီး နှစ်သင်း တွေ့ဆုံကြတဲ့ ပွဲလို့ ဆိုရပါမယ်။ နိုင်ဂျီးရီးယားက အာဖရိကဖလား ပြိုင်ပွဲမှာ ၃ ကြိမ် ချန်ပီယံ ဖြစ်ထားပြီး ၂၀၁၃ က နောက်ဆုံး အကြိမ် ချန်ပီယံ ဖြစ်ထားပါတယ်။ နိုင်ဂျီးရီးယားက ၂၀၂၃ ခုနှစ်မှာ နောက်ဆုံး အကြိမ် ဗိုလ်လုပွဲ တက်ရောက်ထားပြီး ပြိုင်ပွဲ နှစ်ကြိမ်ဆက် ဗိုလ်လုပွဲ တက်ရေး အားစိုက်လာမှာ သေချာပါတယ်။ မော်ရိုကို ကလည်း ဥရောပ တလွှားမှာ ကစားနေတဲ့ ကြယ်ပွင့် ကစားသမား များစွာ ပိုင်ဆိုင်ထားပြီး ဒီပြိုင်ပွဲ မှာလည်း ချန်ပီယံ ၁ ကြိမ် ရထားဖူးတဲ့ အသင်းပါ။ ဒါပေမယ့်လည်း ၁၉၇၆ ခုနှစ်က ဖြစ်ပြီး ၂၀၀၄ မှာ ဗိုလ်လုပွဲကို တစ်ကြိမ် တက်ရောက်ထားတာက လွဲရင် အစဉ်အလာအရ နိုင်ဂျီးရီးယားကို ယှဉ်လို့ မရပါဘူး။

ဒီပွဲဟာ အာဖရိကဘောလုံးရဲ့ လျင်မြန်မှုနဲ့ နည်းစနစ်ပိုင်း အားပြိုင်မှုကို တစ်ပြိုင်နက်ထဲ မြင်တွေရမယ့် ပွဲပါ။ နိုင်ဂျီးရီးယားက ကြံ့ခိုင်မှုနဲ့ မြန်နှုန်းမြင့် တိုက်စစ်ကို အသားပေး ကစားတတ်တဲ့ အသင်း ဖြစ်ပါတယ်။ ဘောလုံး ဆုံးရှုံးလိုက်တာနဲ့ ချက်ချင်း ပြန်ပြီး ဖိအားပေးတတ်သလို ပွဲကြီးတွေမှာ ခံနိုင်ရည်အား ကောင်းပြီး ဇွဲကြီးတဲ့ အသင်း အဖြစ် သတ်မှတ်နိုင်ပါတယ်။ မော်ရိုကို ကတော့ နည်းဗျူဟာကို စနစ်ကျ ပုံဖော် ကစားနိုင်တဲ့ အသင်း ဖြစ်ပါတယ်။ ကွင်းလယ် ကနေ အဓိက ထိန်းချုပ်ပြီး ဘောလုံး ပိုင်ဆိုင်မှု အသာစီးနဲ့ ကစားတဲ့ အသင်း ဖြစ်သလို နောက်တန်း ကလည်း တည်ငြိမ်ပြီး အမှား နည်းပါတယ်။
ဒီပွဲမှာ အဓိက စောင့်ကြည့်ရမယ့် ကစားသမားတွေ ကတော့ နိုင်ဂျီးရီးယား ဘက်မှာ ဗစ်တာ အိုဆင်မ်ဟ်န်နဲ့ လွတ်ခ်မန်း၊ မော်ရိုကို ဘက်မှာတော့ ဘရာဟင်မ် ဒီးယက်ဇ်နဲ့ အာချက်ဖ် ဟာကီမီတို့ ရှိနေပါတယ်။ ဒီကစားသမားတွေက ပရိသတ်တွေနဲ့ ရင်းနှီးပြီးသား ဖြစ်တာကြောင့် ဘာအတွက်ကြောင့် စောင့်ကြည်ရမလဲ ဆိုတာ ပြောဖို့ လိုမယ် မထင်ပါဘူး။
ဒီပွဲမှာ နိုင်ဂျီးရီးယားက လျင်လျင်မြန်မြန်နဲ့ တိုက်ရိုက် တိုက်စစ်ဆင် ကစားနိုင်ပြီး အမြင့်ဘောတွေမှာ အသာရဖို့ ကြိုးစားနိုင်ပါတယ်။ မော်ရိုကို ကတော့ သူတို့ရဲ့ ထုံးစံ အတိုင်း build-up playတွေ၊ တောင်ပံတွေကို အားကိုးပြီး tactical discipline ရှိရှိ ကစားပါလိမ့်မယ်။ ပွဲအစပိုင်းမှာ နိုင်ဂျီးရီးယားရဲ့ အင်တိုက်အားတိုက် ကစားပုံကြောင့် မော်ရိုကို ခက်ခဲနိုင်ပြီး ပွဲချိန်ကြာလာတာနဲ့ အမျှ ပွဲရဲ့ ချိန်ခွင်လျှာက မော်ရိုကို ဘက်ကို ပြန်ရောက်သွားနိုင်ပါတယ်။ ဒီပွဲကလည်း မှန်းဆရ တော်တော်လေး ခက်ပြီး နိုင်ဂျီးရီးယား အနည်းငယ် သာနေတာ ကတော့ ငြင်းလို့ မရပါဘူး။ နိုင်ဂျီးရီးယား၂-၁ လောက်နဲ့ အနိုင်ရသွားဖို့ များပါတယ်။
ဖြစ်နိုင်ဖွယ်ရလဒ်
နိုင်ဂျီးရီးယား ၂-၁ မော်ရိုကို
●●●
နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS
အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်
ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , X and အင်စတာဂရမ်


