နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

ပေါင် ၆၅.၅ သန်းနဲ့ ဘေယန်မြူးနစ်ကို ပြောင်းရွှေ့ဖို့ သဘောတူညီမှု ရရှိခဲ့တဲ့ လူးဝစ္စ ဒီးယက်ဇ် | ဘွန်ဒက်စ်လီဂါ

ဘွန်ဒက်စ်လီဂါ ကလပ် ဘေယန်မြူးနစ် ကတော့ လစ်ဗာပူးလ် တောင်ပံ တိုက်စစ် ကစားသမား လူးဝစ္စ ဒီးယက်ဇ်ကို ခေါ်ယူဖို့ သဘောတူညီမှု ရရှိသွားခဲ့ပြီ ဖြစ်ပါတယ်။ ကိုလံဘီယာ လက်ရွေးစင် ကစားသမားဟာ ဘေယန်မြူးနစ်ကို ပြောင်းရွှေ့ဖို့ စိတ်အားထက်သန်နေခဲ့တာ ဖြစ်ပြီး နောက်ဆုံး မှာတော့ ပြောင်းရွှေ့နိုင်ဖို့ သေချာသွားခဲ့တာ ဖြစ်ပါတယ်။

ဖာဘရီဇီယို ရိုမာနိုရဲ့ ဖော်ပြချက် အရ ဘေယန်မြူးနစ်ဟာ လူးဝစ္စ ဒီးယက်ဇ် အတွက် ပြောင်းရွှေ့ကြေး ယူရို ၇၅ သန်း (ပေါင် ၆၅.၅ သန်း) ပေးချေရမှာ ဖြစ်ပြီး ၄ နှစ် စာချုပ်ချုပ်ဆိုသွားမယ်လို့လည်း သိရပါတယ်။ ဒါ့အပြင် လစ်ဗာပူးလ်မှာ တစ်နှစ် လုပ်ခ လစာ ယူရို ၃ သန်းသာ ရရှိခဲ့တဲ့ လူးဝစ္စ ဒီးယက်ဇ်က ဘွန်ဒက်စ်လီဂါ ကလပ် မှာတော့ တစ်နှစ်ကို ယူရို ၁၄ သန်း အထိ ရရှိတော့မယ်လို့လည်း သိရပါတယ်။

ဘေယန်မြူးနစ်ဟာ အခုလ အစောပိုင်းမှာ ကိုလံဘီယာ တိုက်စစ်မှူးကို ကနဦး ပေါင် ၅၈.၆ သန်းနဲ့ ကမ်းလှမ်းခဲ့ပေမယ့် လစ်ဗာပူးလ် ဘက်က ပယ်ချခဲ့ပါတယ်။ အဲဒီနောက် အသက် ၂၈ နှစ် အရွယ် ဒီးယက်ဇ်ဟာ စနေနေ့က ဟောင်ကောင်မှာ အေစီမီလန်ကို ၄-၂နဲ့ ရှုံးနိမ့်ခဲ့တဲ့ ရာသီကြို ခြေစမ်းပွဲ အတွက် လစ်ဗာပူးလ်ရဲ့ ပွဲထွက်လူစာရင်း ပါဝင်ခဲ့ခြင်းလည်း မရှိပါဘူး။

ဒီးယက်ဇ်ဟာ လာမယ့်ရက်ပိုင်း အတွင်း ဆေးစစ်မှု ခံယူပြီးတာနဲ့ အာရှက နေ ဥရောပကို ပျံသန်းဖို့ လစ်ဗာပူးလ်ဆီ ကနေ ခွင့်ပြုချက်ရထားကြောင်း သိရပါတယ်။ ဘေယန်မြူးနစ်ဟာ ဖီဖာ ကလပ် ကမ္ဘာ့ဖလား ပြိုင်ပွဲမှာ ခြေချင်းဝတ် ကျိုးသွားပြီးနောက် အချိန် အတော်ကြာ ကစားနိုင်ဦးမှာ မဟုတ်တဲ့ ဂျမဲလ် မူဆီအာလာရဲ့ နေရာ အတွက် လူးဝစ္စ ဒီးယက်ဇ်ကို ခေါ်ယူ အားဖြည့်ခဲ့တာလည်း ဖြစ်ပါတယ်။

ဘေယန်မြူးနစ် ကတော့ ပြီးခဲ့တဲ့ ရာသီက သူတို့ အတွက် ၃၄ ကြိမ်မြောက် ဘွန်ဒက်စ်လီဂါ ဆုဖလားကို ဆွတ်ခူးနိုင်ခဲ့ပြီး လိဂ်သွင်းဂိုး ၉၉ ဂိုး အထိ ရခဲ့ပြီး အမြင့်ဆုံး ဖြစ်ခဲ့ပါတယ်။
ပြီးခဲ့တဲ့ ရာသီက ဘွန်ဒက်စ်လီဂါ ချန်ပီယံ ဖြစ်ခဲ့တဲ့ ဘေယန်မြူးနစ်

လစ်ဗာပူးလ်ဟာ ဒီနွေရာသီမှာ တိုက်စစ်ပိုင်း အတွက် ဖလော်ရီယန် ဝစ်ဇ်နဲ့ ဟူဂို အစ်ကီတီကီ တို့ကို ခေါ်ယူထားပြီး နယူးကာဆယ်က အလက်ဇန္တား အိဆက်ခ် ကိုလည်း စိတ်ဝင်စားလျက် ရှိနေသေးကြောင်း သိရပါတယ်။

ဒီးယက်ဇ် ကတော့ ၂၀၂၂ ခုနှစ် ဇန်နဝါရီမှာ ပေါ်တို ကနေ အန်ဖီးလ်ကို ကနဦး ပေါင် ၃၇ သန်းနဲ့ ပြောင်းရွှေ့ ရောက်ရှိလာခဲ့ပြီး လစ်ဗာပူးလ် အတွက် ပြိုင်ပွဲစုံ ၁၄၈ ပွဲ ကစားကာ ၄၁ ဂိုး သွင်းယူခဲ့ပါတယ်။ လစ်ဗာပူးလ်တို့ ပရီးမီးယားလိဂ် ချန်ပီယံ ဖြစ်ခဲ့တဲ့ ပြီးခဲ့တဲ့ ရာသီမှာတော့ ဒီးယက်ဇ်က ပြိုင်ပွဲစုံ ပွဲ ၅၀ ကစားပေးခဲ့ပြီး ၁၇ ဂိုး သွင်းကာ ၅ ဂိုး ဖန်တီးပေးနိုင်ခဲ့ပါတယ်။ ဒါကို ကြည့်ခြင်းအားဖြင့် ၂၀၂၄-၂၀၂၅ ဘောလုံးရာသီဟာ သူ့ရဲ့ ကစားသမားဘဝ အတိုးတက်ဆုံး ရာသီလို့ သတ်မှတ်ရမှာ ဖြစ်ပါတယ်။ ဒါ့အပြင် ဒီးယက်ဇ်ရဲ့ ဂိုးကန်ချက်ဟာ ပြီးခဲ့တဲ့ ရာသီမှာ ၁၈.၃ ရာခိုင်နှုန်း ရှိခဲ့ပြီး ဘွန်ဒက်စ်လီဂါမှာ အကောင်းဆုံးလည်း ဖြစ်ခဲ့ပါတယ်။ ဒါ့အပြင် သူ့ရဲ့ တခြားသော အရည်အချင်းများစွာ ကလည်း ကိန်းဂဏန်းအရ ထင်ရှားနေစေတာ တွေ့ရပါတယ်။ ဒီးယက်ဇ်ဟာ အချက်အလက်တွေ အရ ပြီးခဲ့တဲ့ ရာသီက ဘွန်ဒက်စ်လီဂါမှာ ထိပ်ဆုံး ၁၀ ယောက် အတွင်း မပါဝင်ပေမယ့် ဂိုးပါဝင် ပတ်သတ်မှု ၁၈ ကြိမ်၊ ဂိုးပေါက်တည့်မှု အကြိမ် ၃၀ ကြိမ်၊ အခွင့်အရေး ဖန်တီးမှု ၅၆ ကြိမ်နဲ့ ဘောလုံး ဆွဲပြေးမှု ၅၂ ကြိမ် အထိ ပြီးမြောက်ခဲ့သူ ဖြစ်ပါတယ်။ ဒါ့အပြင် ဒီးယက်ဇ်ရဲ့ ခံစစ် စွမ်းဆောင်ရည်နဲ့ လုပ်အားနှုန်းကို ပြန်ကြည့်မယ် ဆိုရင်လည်း အားရစရာ ကောင်းခဲ့ပြီး တခြားသော လစ်ဗာပူးလ် ကစားသမားတွေထက်လည်း သာလွန်နေခဲ့တာ တွေ့ရပါတယ်။

ဘေယန်မြူးနစ် ကတော့ ပြီးခဲ့တဲ့ ရာသီက သူတို့ အတွက် ၃၄ ကြိမ်မြောက် ဘွန်ဒက်စ်လီဂါ ဆုဖလားကို ဆွတ်ခူးနိုင်ခဲ့ပြီး လိဂ်သွင်းဂိုး ၉၉ ဂိုး အထိ ရခဲ့ပြီး အမြင့်ဆုံး ဖြစ်ခဲ့ပါတယ်။ ဒါပေမယ့်လည်း ဗင်းန်ဆင့် ကွန်ပနီရဲ့ အသင်းက ဂျာမန် ပိုကယ်ဖလားမှာ ၁၆ သင်း အဆင့် အထိသာ ရောက်ခဲ့သလို ချန်ပီယံလိဂ် မှာလည်း ကွာတားဖိုင်နယ် ကနေပဲ ထွက်ခွာခဲ့ရပါတယ်။

   

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်