ဘာစီလိုနာ ကတော့ မနေ့ညက ကစားခဲ့တဲ့ ချန်ပီယံလိဂ် အိမ်ကွင်း ပွဲစဉ်မှာ ပီအက်စ်ဂျီကို ၁-၂ ရလဒ်နဲ့ အရေးနိမ့်သွားခဲ့ပါတယ်။ ဒီပွဲမှာ အိမ်ရှင် ဘာစီလိုနာဟာ ပီအက်စ်ဂျီကို ခြေစွမ်းပိုင်းမှာ မယှဉ်နိုင်ခဲ့ပဲ ရှုံးနိမ့်ခဲ့တာ ဖြစ်ပြီး နည်းပြ ဖြစ်သူ ဟန်ဆီ ဖလစ်ခ် ကလည်း သူတို့ အသင်းက ပီအက်စ်ဂျီရဲ့ အဆင့်အတန်းမှာ ရှိမနေခဲ့ကြောင်း ဝန်ခံသွားခဲ့ပါတယ်။
ဘာစီလိုနာ အတွက် ဦးဆောင်ဂိုးကို ပွဲချိန် ၁၉ မိနစ်မှာ ဖာရန်း တောရက်စ်က သွင်းယူပေးခဲ့တာ ဖြစ်ပါတယ်။ ဒါပေမယ့်လည်း ပီအက်စ်ဂျီက ပွဲချိန် ၃၈ မိနစ်မှာ မာယုလူရဲ့ ချေပဂိုး၊ မိနစ် ၉၀ မှာ ဂွန်ကာလို ရာမို့စ်ရဲ့ အနိုင်ဂိုးတွေကြောင့် Comeback ရလဒ်နဲ့ အနိုင်ရခဲ့တာ ဖြစ်ပါတယ်။
ဒါဟာ ချန်ပီယံလိဂ် သမိုင်းတလျှောက် ဘာစီလိုနာကို ဒုတိယအကြိမ်မြောက် အနိုင်ယူခဲ့တဲ့ မိနစ် ၉၀ သွင်းဂိုး ဖြစ်ပါတယ်။ နောက်ပြီး ဘာစီလိုနာ အနေနဲ့ ဥရောပပြိုင်ပွဲကြီးတွေမှာ ပထမဦးဆုံး အကြိမ် အဖြစ် အိမ်ကွင်းမှာ နောက်ကျဂိုးနဲ့ ရှုံးနိမ့်ခဲ့တာလည်း ဖြစ်ပါတယ်။ ဘာဆာဟာ အဖွင့်ဂိုး သွင်းယူနိုင်ခဲ့တဲ့ နောက်ဆုံး ချန်ပီယံလိဂ် ၅၂ ပွဲမှာ ၃ ပွဲသာ ရှုံးနိမ့်ခဲ့ပြီး ၃ ပွဲစလုံး ကတော့ ပီအက်စ်ဂျီနဲ့ အိမ်ကွင်း (ယခင် ၂၀၂၁ ဖေဖော်ဝါရီမှာ ၁-၄၊ ၂၀၂၄ ဧပြီမှာ ၁-၄) မှာ ရှုံးခဲ့တာ ဖြစ်ပါတယ်။
ဟန်ဆီ ဖလစ်ခ်ရဲ့ အသင်းဟာ အခုပွဲမှာ ပထမပိုင်း တစ်ပိုင်းလုံး ပြိုင်ဘက်ကို လွှမ်းမိုးထားနိုင်ခဲ့ပေမယ့် ဒုတိယပိုင်းမှာတော့ ပေးဆပ်မှု ကြီးမားခဲ့ရတာ ဖြစ်ပါတယ်။ ဒီအခြေအနေနဲ့ ပတ်သတ်လို့ ဖလစ်ခ်က “ကျွန်တော်တို့ အရမ်းကောင်းနေခဲ့တယ်။ ဒါပေမယ့် မိနစ် ၃၀ လောက်မှာ သူတို့ ပွဲကို ပိုကောင်းအောင် ထိန်းနိုင်ခဲ့ပြီး ကျွန်တော်တို့ မဖြေရှင်းနိုင်ခဲ့ပါဘူး။ ဒုတိယပိုင်း မှာတော့ သူတို့ ပိုကောင်းခဲ့ပြီး ကျွန်တော် တို့လည်း အကောင်းဆုံး မကစားနိုင်ခဲ့ပါဘူး။”
“ကျွန်တော် တို့ဟာ ပီအက်စ်ဂျီရဲ့ အဆင့်မှာ ရှိနေတယ်လို့ ပြောလို့ မရပါဘူး။ ဒါပေမယ့် ကျွန်တော် တို့က ကျွန်တော် တို့ရဲ့ အသင်းကို ယုံကြည်ပါတယ်။ ကျွန်တော် တို့ရဲ့ အကောင်းပုံစံ ကို မမြင်ခဲ့ရပါဘူး။ ကျွန်တော်တို့ ရှုံးခဲ့တယ်။ ဒါပေမယ့် ကျွန်တော်တို့ အကောင်းဆုံးကို ပြန်ပြီး လိုချင်နေတဲ့ အတွက် လေ့ကျင့်ပြီး တိုးတက်အောင် လုပ်ရမယ်။ ကျွန်တော်တို့ အမှားလုပ်ခဲ့တာကို ပြန်ဆန်းစစ်ရပါမယ်။
“ဒုတိယပိုင်း မှာတော့ ကျွန်တော် တို့မှာ ဖွဲ့စည်းပုံ မရှိခဲ့ပါဘူး။ လေ့ကျင့်ပြီး ပိုကောင်းအောင် လုပ်ရပါမယ်။ ဒီပွဲက ကျွန်တော် တို့ကို အများကြီး အထောက်အကူ ဖြစ်စေပါတယ်။ ပီအက်စ်ဂျီ လိုပဲ ကျွန်တော်တို့ ကစားနိုင်မယ်ဆိုတာ သေချာပေမယ့် ဒါကို ကျွန်တော်တို့ ဆက်ထိန်းထားမှ ရပါလိမ့််မယ်။ တစ်သင်းလုံးက တိုက်ခိုက်ရမယ်။ လူတိုင်းက ကာကွယ်ရမယ်။ ပီအက်စ်ဂျီက နေရာလွတ်တွေကို ဘယ်လို အသုံးချရမလဲ နောက်ပြီး တစ်ယောက်ကို နှစ်ယောက် ဘယ်လို ကစားရမယ် ဆိုတာ တစ်သင်းလုံး သိပါတယ်။” လို့ ပြောကြားသွားခဲ့ပါတယ်။

ဒီပွဲမှာ ဘာစီလိုနာ အတွက် အပြုသဘော ဆောင်တဲ့ အချက်တစ်ချက်တော့ ရှိနေပါတယ်။ ဒါက ဖာရန်း တောရက်စ်ရဲ့ သွင်းဂိုးဟာ သူတို့ အတွက် ပြိုင်ပွဲစုံ အရပ်ရပ်မှာ ၄၅ ပွဲ ဆက်တိုက် ဂိုးသွင်းယူနိုင်ခဲ့တာ ဖြစ်ခဲ့ပြီး ၂၀၂၄ ဒီဇင်ဘာလ ကနေ လက်ရှိ အချိန်ထိ ဖြစ်ပါတယ်။ ဒါဟာ သူတို့ အသင်းရဲ့ သမိုင်းတလျှောက် အရှည်ကြာဆုံးလည်း ဖြစ်ပါတယ်။
ဘာစီလိုနာ တောင်ပံ ကစားသမား မားကပ်စ် ရက်ရှ်ဖို့ဒ် ကတော့ မနေ့ညက ပွဲမှာ ဖာရန်း တောရက်စ်ရဲ့ သွင်းဂိုး အတွက် ဖန်တီးပေးနိုင်ခဲ့ပြီးနောက် ကလပ်နဲ့ နိုင်ငံ လက်ရွေးစင် အသင်း အတွက် နောက်ဆုံး ၇ ပွဲမှာ ဂိုးပါဝင် ပတ်သတ်မှု ၇ ကြိမ် (၃ ဂိုး သွင်း၊ ၄ ဂိုး ဖန်တီး) ပြုလုပ်နိုင်ခဲ့ပါတယ်။ ဘာစီလိုနာ အတွက်တော့ နောက်ဆုံး ၃ ပွဲမှာ ဖန်တီးမှု ၃ ကြိမ် ပြုလုပ်နိုင်ခဲ့တာ ဖြစ်ပါတယ်။
ဒါပေမယ့်လည်း နည်းပြ ဖြစ်သူ ဟန်ဆီ ဖလစ်ခ် ကတော့ နိုင်ပွဲ မရခဲ့တာကြောင့် စံချိန်တွေကို စိတ်ဝင်စားခြင်း မရှိကြောင်း အခုလိုပဲ ပြောကြားခဲ့ပါတယ်။ ဖလစ်ခ်က “ကျွန်တော် မှတ်တမ်း အကြောင်း မတွေးချင်ပါဘူး။ ကျွန်တော်တို့ ရှုံးတယ်။ ကျွန်တော်က ရှုံးရတာကို မကြိုက်ဘူး။ ကျွန်တော်တို့ ဂိုးပို သွင်းနိုင်ခဲ့သင့်တယ်။ ရှုံးနိမ့်မှုကို လက်ခံရပါမယ်။ ခင်ဗျားတို့ ပင်ပန်းနေရင် ဒုတိယပိုင်းမှာ ဘာဖြစ်သွားမလဲ။ သူတို့ရဲ့ အတွေးအခေါ်က အရမ်းပဲ ကောင်းပါတယ်။ သူတို့ရဲ့ လူငယ်ကစားသမားတွေ ကလည်း အရမ်း ကောင်းပါတယ်။” လို့ ပြောကြားသွားခဲ့ပါတယ်။
ပွဲအပြီးမှာ ဘာစီလိုနာက ချန်ပီယံလိဂ် လိဂ်အဆင့် အမှတ်ပေးဇယား အဆင့် ၁၆ နေရာကို ရောက်ရှိသွားပြီး ပီအက်စ်ဂျီ ကတော့ အဆင့် ၃ နေရာမှာ ရှိနေပါတယ်။ လာမယ့် ပွဲစဉ်တွေ အဖြစ် ဘာစီလိုနာက လာလီဂါမှာ ဆီဗီလာ၊ ဂီရိုနာ တို့နဲ့ ကစားပြီးရင် အိုလံပီယာကော့စ်နဲ့ ချန်ပီယံလိဂ် ကစားရမှာ ဖြစ်ပါတယ်။ ပီအက်စ်ဂျီ ကတော့ လိုင်လီ၊ စထရက်ဘော့ဂ် တို့နဲ့ လီဂူးဝမ်း ပွဲစဉ်တွေ ကစားပြီး လေဗာကူဆင်နဲ့ ချန်ပီယံလိဂ် ပွဲစဉ် ၃ ကစားရမှာ ဖြစ်ပါတယ်။
●●●
နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS
အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်
ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.