နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

စပိန်ဒိုင်တွေကို ဘာဆို ဘာမှပြောစရာ မရှိဘူးလို့ စိတ်ပျက်စွာ ပြောလာတဲ့ ဂွါဒီယိုလာ | ချန်ပီယံလိဂ်

မန်ချက်စတာစီးတီး ကတော့ မနေ့ညက ကစားခဲ့တဲ့ ချန်ပီယံလိဂ် ပွဲစဉ်မှာ လီဂူးဝမ်း ထိပ်သီး မိုနာကိုနဲ့ တစ်ဖက် ၂ ဂိုးစီ သရေကျသွားခဲ့ပါတယ်။ မန်စီးတီးဟာ ပွဲပြီးခါနီး အထိ ၁-၂ ရလဒ်နဲ့ ဦးဆောင်နေခဲ့ပေယ့် ပွဲပြီးခါနီး အိမ်ရှင် အသင်းရဲ့ ပင်နယ်တီ သွင်းဂိုးကြောင့် သရေ တစ်မှတ်နဲ့ပဲ ကျေနပ်ခဲ့ရတာ ဖြစ်ပါတယ်။ ဒါပေမယ့်လည်း နည်းပြ ပပ် ဂွါဒီယိုလာ ကတော့ VAR ပြန်ကြည့်ပြီး ခွင့်ပြုပေးခဲ့ရတဲ့ နောက်ကျ ပင်နယ်တီထက် သူ့အသင်းရဲ့ စွမ်းဆောင်ရည်ကို အာရုံစိုက်ဖို့ ကြိုးစားခဲ့ပြီး မန်စီးတီးဟာ တိုးတက်နေတယ်လို့ ယုံကြည်နေပါတယ်။

ဒီပွဲမှာ ဟာလန်းက မန်စီးတီး အတွက် ပွဲချိန် ၁၅ မိနစ်နဲ့ ၄၄ မိနစ် တို့မှာ ဦးဆောင်ဂိုးတွေ သွင်းယူပေးခဲ့ပေမယ့် ပြိုင်ဘက် မိုနာကိုက တီဇီ၊ ဒိုင်ယာ (ပင်နယ်တီ) တို့ရဲ့ သွင်းဂိုးတွေနဲ့ ပြန်လည် ချေပနိုင်ခဲ့တာ ဖြစ်ပါတယ်။ မန်စီးတီးဟာ ဒီပွဲမှာ တစ်ပွဲလုံး အတိုင်းအတာနဲ့ ပြိုင်ဘက် ဂိုးပေါက်ကို ၁၈ ကြိမ် အထိ ခြိမ်းခြောက်နိုင်ခဲ့ပြီး ဂိုးပေါက် တည့်မှု ကလည်း ၆ ကြိမ် အထိ ရှိခဲ့တာပါ။ တကယ်ဆို မန်စီးတီးဟာ ပွဲပြီးခါနီး ပင်နယ်တီသာ ခွင့်မပြုပေးခဲ့ရရင်တော့ ချန်ပီယံလိဂ် ၂ ပွဲဆက် အနိုင်ရရှိခဲ့မှာ ဖြစ်ပေမယ့် အခုတော့ ၂ မှတ် နစ်နာခဲ့ရပြီလည်း ဖြစ်ပါတယ်။

ပွဲပြီးခါနီးမှာ မိုနာကို ဘက်ကို ပင်နယ်တီ ကန်ခွင့်ပေးခဲ့တဲ့ ကွင်းလယ်ဒိုင်နဲ့ VAR ရဲ့ ဆုံးဖြတ်ချက် အပေါ်မှာတော့ ဂွါဒီယိုလာက အခုလိုပဲ ပြောကြားခဲ့ပါတယ်။ “စပိန် ဒိုင်လူကြီးတွေကို ပြောစရာ မရှိဘူး။ ကျွန်တော် တို့ဟာ တကယ်ကို ကောင်းမွန်တဲ့ ကစားပွဲ တစ်ခုကို ကစားခဲ့ပါတယ်။”

မိုနာကို ကတော့ နိစ်၊ အန်းဂါးစ် တို့ ကစားအပြီးမှာ တော့တင်ဟမ်ဟော့စပါးနဲ့ ချန်ပီယံလိဂ် ပွဲစဉ် ၃ ကစားရမှာ ဖြစ်ပါတယ်။
လာမယ့် ချန်ပီယံလိဂ် ပွဲစဉ် ၃ အဖြစ် ဗီလာရီးရဲလ်နဲ့ ကစားရမယ့် မန်စီးတီး

“ကျွန်တော်တို့ အခွင့်အရေးတွေ ပိုဖန်တီးပြီး အနည်းငယ်သာ လက်လွှတ်ခံဖို့ အမြဲတမ်း ကြိုးစားခဲ့ပါတယ်။ ဒါက ဖြစ်ပျက်ခဲ့တာပါပဲ။ သူတို့မှာ လျင်မြန်ပြီး ကြံ့ခိုင်မှု ရှိတဲ့ ကစားသမားတွေ ရှိပေမယ့် ကျွန်တော် တို့ကလည်း သူတို့ကို အခွင့်အရေး နည်းနည်းပဲ ပေးခဲ့ပြီး ကိုယ်တိုင်လည်း အခွင့်အရေးတွေ အများကြီး ဖန်တီးခဲ့တယ်။ ဒါက ချန်ပီယံလိဂ် လို့ပဲ မှတ်ယူပြီး အဲဒီ အတွက် ကျွန်တော် တကယ်ကို ကျေနပ်မိပါတယ်။ သေချာတာက ကျွန်တော်တို့ နီးစပ်ခဲ့ပေမယ့် အဆုံး မှာတော့ ဖရီးကစ် ကန်ချက်ကို ကောင်းကောင်း မကာကွယ်နိုင်ခဲ့ဘဲ ပင်နယ်တီကို ပေးခဲ့ရပါတယ်။ ဘောလုံးမှာ ရလဒ်နဲ့ အနိုင်ရဖို့ လိုအပ်ပါတယ်။ ပွဲကို ခွဲခြမ်းစိတ်ဖြာရင် ကောင်းတဲ့ အရာတွေ အများကြီး ရှိပါတယ်။” လို့ ဂွါဒီယိုလာက ပြောကြားသွားခဲ့ပါတယ်။

မန်ချက်စတာစီးတီး ကတော့ ဒီရာသီမှာ ပြိုင်ပွဲစုံ ၉ ပွဲ ကစားထားပြီး ၄ ပွဲ ကတော့ နိုင်ပွဲ ပျောက်ဆုံးထားခဲ့ပါတယ်။ ပပ် ဂွါဒီယိုလာရဲ့ အသင်းက ဘရိုက်တန်ကို နောက်ကျဂိုးနဲ့ ရှုံးနိမ့်ခဲ့သလို အာဆင်နယ်၊ မိုနာကို တို့နဲ့ ပွဲစဉ်တွေ မှာတော့ ပြိုင်ဘက်ရဲ့ နောက်ကျ ချေပဂိုးတွေကြောင့် နိုင်ပွဲနဲ့ လွဲချော်ထားခဲ့ရပါတယ်။ နိုင်ပွဲ‌ ပျောက်ခဲ့ရတဲ့ မန်ချက်စတာစီးတီး အနေနဲ့ ရမှတ် ၄ မှတ်နဲ့ အတူ ချန်ပီယံလိဂ် လိဂ်အဆင့် ဇယားရဲ့ အဆင့် ၈ နေရာကို ရောက်ရှိသွားခဲ့ရပြီး နိုင်ပွဲ မရသေးတဲ့ မိုနာကို ကတော့ အဆင့် ၃၀ နေရာမှာ ရှိနေပါတယ်။

မန်စီးတီးဟာ လာမယ့် ပရီးမီးယားလိဂ် ပွဲစဉ်တွေ အဖြစ် ဘရန့်ဖို့ဒ်၊ အဲဗာတန် တို့နဲ့ ကစားရဖို့ ရှိပြီး ချန်ပီယံလိဂ် ပွဲစဉ် ၃ အဖြစ် ဗီလာရီးရဲလ်ကို စပိန်မြေမှာ သွားရောက် ရင်ဆိုင်ရမှာပါ။ မိုနာကို ကတော့ နိစ်၊ အန်းဂါးစ် တို့ ကစားအပြီးမှာ တော့တင်ဟမ်ဟော့စပါးနဲ့ ချန်ပီယံလိဂ် ပွဲစဉ် ၃ ကစားရမှာ ဖြစ်ပါတယ်။

   

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်