အေဂျက်စ် – အင်တာမီလန်
ချန်ပီယံလိဂ် လိဂ်အဆင့်ရဲ့ နောက်ထပ် စိတ်ဝင်စားစရာ ပွဲကောင်း တစ်ပွဲ အဖြစ် အေဂျက်စ်နဲ့ အင်တာမီလန်တို့ ယိုဟန်ခရိုက်ဖ်ကွင်းမှာ ယှဉ်ပြိုင်ကစားကြမှာ ဖြစ်ပါတယ်။ ချန်ပီယံလိဂ်ရဲ့ အစဉ်အလာကြီးတဲ့ ကလပ်နှစ်သင်း ထိပ်တိုက်တွေ့ဆုံမှုမှာ ဘယ်အသင်းက အသာရသွားမလဲ ဆိုတာ စောင့်ကြည့်ရမှာ ဖြစ်ပါတယ်။
အေဂျက်စ်က ဒီရာသီအစမှာ ရှုံးပွဲ လုံးဝ မရှိသေးပေမယ့် တစ်ပွဲနိုင်လိုက်၊ တစ်ပွဲ သရေကျလိုက်နဲ့ ခြေစွမ်း အတက်အကျ မမှန်ပါဘူး။ အေဂျက်စ်က နည်းပြသစ် ဂျွန်နီ ဟိုက်တင်ဂါ လက်အောက်မှာ ၅ ပွဲ ကစားထားပြီး ၃ ပွဲနိုင်၊ ၂ ပွဲ သရေ ရလဒ် ရရှိထားပါတယ်။ လက်ရှိ လူစာရင်းအရ ဆိုရင်လည်း အေဂျက်စ်မှာ ဗက်ဟော့စ်၊ ဘက်ဂ်ဟူ့စ်၊ ကလက်ဆန်၊ တေလာ၊ ဝင်ဒဲလ်၊ ဒိုးလ်ဘက်ဂျ် တို့လို ကစားသမားကောင်းတွေ ရှိနေပါတယ်။ ဒါပေမယ့်လည်း အေဂျက်စ်ဟာ အင်တာမီလန်နဲ့ ချန်ပီယံလိဂ်မှာ တွေ့ဆုံချိန်တိုင်း ရုန်းကန်ခဲ့ရပြီး သမိုင်းတစ်လျှောက် ၁ ကြိမ်သာ အနိုင်ရခဲ့ဖူးပြီး ကျန် ၄ ကြိမ်မှာ ၃ ကြိမ် ရှုံးခဲ့ပါတယ်။

အင်တာမီလန် ကလည်း ဆိုင်မွန် အင်ဇာဂီ စွန့်ခွာသွားပြီးနောက် နည်းပြသစ် ခရစ္စတီယန် ချီဗူး လက်ထက်မှာ အကျပိုင်း ရောက်နေပါတယ်။ ချီဗူးက အင်တာကို ၇ ပွဲ ကိုင်တွယ်ထားချိန်မှာ ၃ ပွဲနိုင်၊ ၁ ပွဲသရေ၊ ၃ ပွဲ ရှုံး ရလဒ်သာ ရရှိထားပြီး ရာသီအစမှာပဲ ထိုင်ခုံလှုပ်နေသူ ဖြစ်ပါတယ်။ အင်တာမီလန်ဟာ နောက်ဆုံး ၂ ပွဲဆက် ရှုံးနိမ့်ထားပြီး အူးဒီးနီးစ်ကို ၁-၂၊ ဂျူဗင်တပ်စ်ကို အပြန်အလှန် ကစားရင်း ၄-၃ နဲ့ ရှုံးထားတာ ဖြစ်ပါတယ်။ အင်တာမီလန်ကို မနှစ်က လူစာရင်း၊ ကစားကွက် အခင်းအကျင်းတွေနဲ့ပဲ မြင်တွေ့နေရပေမယ့် ချီဗူးရဲ့ နည်းစနစ်ပိုင်းနဲ့တော့ အထိုင်ကျဖို့ ရုန်းကန်နေရဆဲ ဖြစ်ပါတယ်။ နောက်ပြီး အင်တာမီလန် တိုက်စစ်က ဂိုးတွေ ရနေပေမယ့် ခံစစ် ကတော့ တစ်ပွဲ ၂ ဂိုးနှုန်း ပေးထားရပြီး အားနည်းနေတာ တွေ့ရပါတယ်။
နှစ်ဖက်အသင်း သတင်းများ
အခုပွဲကို အေဂျက်စ် ဘက်က အာရွန် ဘိုးမန်းနဲ့ ဘူးမန်း တို့ ပါဝင်ကစားဖို့ မသေချာ ဖြစ်နေပါတယ်။ အင်တာမီလန် ဘက်မှာတော့ ဒဏ်ရာရ ကစားသမား ကင်းရှင်းနေပြီး အတောင့်တင်းဆုံး လူစာရင်းနဲ့ ပွဲထွက်လာနိုင်မှာ ဖြစ်ပါတယ်။
ဖြစ်နိုင်ဖွယ် လူစာရင်း
အေဂျက်စ် – ဂျာရို့စ်၊ ဂေအီ၊ အီတာကူရာ၊ ဘက်စ်၊ ဝင်ဒဲလ်၊ ရီဂျီယာ၊ တေလာ၊ ကလက်ဆန်၊ ဘက်ဂျ်ဟူ့စ်၊ ဗက်ဂ်ဟော့စ်၊ ဂေါ့တ်စ်
အင်တာမီလန် – ဆွမ်မား၊ အာကန်ဂျီ၊ အကာဘီ၊ ဘက်စ်တိုနီ၊ ဒမ်းဖရီးစ်၊ ဘာရယ်လာ၊ ချလနောဂလူ၊ ဆူဆစ်၊ ဒီမာကို၊ သူရမ်၊ မာတီနက်ဇ်
ထိပ်တိုက်တွေ့ဆုံမှုနဲ့ နောက်ဆုံး ၅ ပွဲ ရလဒ်
ဒီနှစ်သင်းက သမိုင်းတစ်လျှောက် ချန်ပီယံလိဂ်မှာ ၅ ကြိမ် တွေ့ဆုံခဲ့ဖူးပြီး ၂၀၀၂-၂၀၀၃ ဘောလုံးရာသီက အုပ်စု အဆင့်မှာ အင်တာမီလန် အေဂျက်စ်ကို ၁ ကြိမ်သာ အနိုင်ရခဲ့ဖူးပါတယ်။ ကျန်ထိပ်တိုက်တွေ့ဆုံမှု ၄ ကြိမ်မှာ အေဂျက်စ်က အင်တာမီလန် ၃ ကြိမ်နိုင်၊ ၁ ကြိမ် သရေ ကစားထားပြီး အသာရခဲ့တာ တွေ့ရပါတယ်။ ဒါကို ကြည့်ခြင်းအားဖြင့် အင်တာမီလန် အေဂျက်စ်နဲ့ တွေ့ဆုံချိန်တိုင်းမှာ ခက်ခက်ခဲခဲ ကစားရလေ့ ရှိတယ်လို့ ပြောလို့ ရပါတယ်။
လောင်းကစားဆိုင်ရာ အကြံပြုချက်
SBOTOPရဲ့ 1×2 မှာ အေဂျက်စ် နိုင်ရင် ၃.၆၇ ဆ ရမှာ ဖြစ်ပြီး အင်တာမီလန် နိုင်ရင်တော့ ၁.၈၄ ဆ နဲ့ သရေ ဆိုရင်တာ့ ၃.၅၁ ဆ ရမှာ ဖြစ်ပါတယ်။ အာရှဟန်းဒီးကပ် မှာလည်း အင်တာမီလန် ဘက်က တစ်လုံး တစ်ဝက်စားလောက် ပေါက်နေပြီး ဂိုးပေါင်း ကတော့ Over ၃.၀၀ အထိ ပေးထားပါတယ်။ အင်တာမီလန်က အေဂျက်စ်နဲ့ တွေ့ဆုံချိန်တိုင်း ရုန်းကန်ရတတ်ပါတယ်။ လက်ရှိ ခြေစွမ်းအရလည်း အင်တာမီလန်တို့ အမ်စတာဒမ်မှာ အမှတ်ပြည့်ယူနိုင်စွမ်း ရှိမနေပါဘူး။ နှစ်သင်းစလုံးက တိုက်စစ် ကစားကောင်းသလို ခံစစ် ကလည်း အားနည်းချက် ကိုယ်စီ ရှိနေကြလို့ ဒီပွဲ ကိုတော့ ဘက်မရွေးပဲ အပြန်အလှန် သွင်းဂိုးတွေ မျှော်လင့်ရင်း ဂိုးပေါ် ၃.၀၀ ကို ရွေးချယ်ထားချင်ပါတယ်။
ခန့်မှန်းရလဒ် အေဂျက်စ် ၂-၂ အင်တာမီလန်
ကျွန်ုပ်တို့၏ လောင်းကစားအတွက် သက်မှတ်ထားသည့် (![]() |
|||
---|---|---|---|
![]() |
![]() |
![]() |
ရှင်းလင်းချက် : ကြေးများသည် ထုတ်ပြန်ကြေညာသည့်အချိန်တွင် မှန်ကန်မှုရှိပါသည်။
●●●
နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS
အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်
ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.