နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

ရှုံးပွဲဆက်မှု ရပ်တန့်နိုင်ခဲ့ပြီးနောက် အသက်ရှူနိုင်ခဲ့ပြီလို့ ဆိုလိုက်တဲ့ ဖောရက်စ် ကွင်းလယ်လူ မော်ဂန် ဂစ်ဘ်ဝှိုက် | ယူရိုပါလိဂ်

နော့တင်ဟမ်ဖောရက်စ် ကတော့ ဒီကနေ့ မနက် အစောပိုင်း ကစားခဲ့တဲ့ ယူရိုပါလိဂ် ပွဲစဉ်မှာ ပေါ်တူဂီ ထိပ်သီး ပေါ်တိုကို ၂-၀ နဲ့ အနိုင်ရသွားခဲ့ပါတယ်။ ဖောရက်စ်ဟာ ပြိုင်ပွဲစုံ ၁၀ ပွဲဆက် နိုင်ပွဲ ပျောက်ဆုံးနေမှုကို ရပ်တန့်နိုင်ခဲ့တာ ဖြစ်ပြီး ပွဲအပြီးမှာ ကွင်းလယ်လူ မော်ဂန် ဂစ်ဘ်-ဝှိုက်က “နောက်ဆုံးတော့ ကျွန်တော် အသက်ရှူနိုင်ပါပြီ” လို့တောင် ပြောကြားသွားခဲ့ပါတယ်။

နော့တင်ဟမ်ဖောရက်စ်ဟာ နည်းပြ အန်ဂျီ ပိုစတီကိုဂလူးကို ထုတ်ပယ်ပြီးနောက် အတွေ့အကြုံရင့် နည်းပြ ရှောင်ဒိုက်ချ်နဲ့ အစားထိုးလိုက်ချိန်မှာပဲ ချက်ချင်း နိုင်ပွဲ ပြန်လည် ရရှိခဲ့တာ ဖြစ်ပါတယ်။ ဖောရက်စ်ဟာ မနေ့ညက ပွဲမှာ ခြေစွမ်းပိုင်း အကောင်းကြီး မဟုတ်ခဲ့ပေမယ့် ယူရိုပါလိဂ်မှာ နောက်တစ်ဆင့် တက်ရေး အတွက် အရေးပါတဲ့ နိုင်ပွဲကို စတင် ရယူနိုင်ခဲ့တာ ဖြစ်ပါတယ်။ ဖောရက်စ်တို့ ရရှိခဲ့တဲ့ သွင်းဂိုး ၂ ဂိုးစလုံး ကတော့ ပင်နယ်တီ ကနေ ဖြစ်ပြီး မော်ဂန် ဂစ်ဘ် ဝှိုက်နဲ့ အီဂေါ ဂျေဇုစ်က သွင်းယူပေးခဲ့တာပါ။

တကယ်တော့ ဖောရက်စ်ဟာ ၁၉၉၅ ခုနှစ် နိုဝင်ဘာလ နောက်ပိုင်း ယူအီးအက်ဖ်အေ လက်အောက် ပြိုင်ပွဲ တစ်ခုမှာ ပထမဦးဆုံး အကြိမ် နိုင်ပွဲ ပြန်ရခဲ့တာ ဖြစ်ပြီး ၅ ပွဲ ဆက်တိုက် နိုင်ပွဲ မရှိ စံချိန် (၂ ပွဲ သရေ၊ ၃ ပွဲရှုံး) ကို အဆုံးသတ်နိုင်ခဲ့ပါတယ်။ ဒါ့အပြင် ဖောရက်စ်က ပြိုင်ပွဲစုံ အရပ်ရပ် ၂၁ ပွဲ ဆက်တိုက် ဂိုးပေးနေရမှု ကိုလည်း ရပ်တန့်နိုင်ခဲ့သလို ပြီးခဲ့တဲ့ ဧပြီလက မန်ချက်စတာယူနိုက်တက်ကို ၁-၀ ဂိုးနဲ့ အနိုင်ရခဲ့တဲ့ ပရီးမီးယားလိဂ် ပွဲစဉ် အပြီး ပထမဆုံး အကြိမ် အဖြစ် ဂိုးမပေးရပဲ အနိုင်ရခဲ့တာ ဖြစ်ပါတယ်။ ဒါ့အပြင် သြဂုတ်လ ၁၇ ရက်နေ့က လိဂ် အဖွင့်ပွဲစဉ်မှာ ဘရန့်ဖို့ဒ်ကို အနိုင်ရပြီး နောက်ပိုင်း သူတို့ရဲ့ ပထမဦးဆုံး နိုင်ပွဲ ဖြစ်ပြီး ကွင်းထဲမှာရော ကွင်းပြင်ပမှာပါ ရှုပ်ထွေးတဲ့ ကာလ တစ်ခုကို အဆုံးသတ်နိုင်ခဲ့ပါတယ်။

ဖောရက်စ်ရဲ့ နည်းပြသစ် ဖြစ်လာတဲ့ ရှောင်ဒိုက်ချ် ကတော့ ယူရိုပါလိဂ် နိုင်ပွဲ အပြီးမှာ သူတို့ အသင်းဟာ လုပ်ဆောင်ရမယ့် အလုပ်များစွာ ရှိနေသေးကြောင်း ပြောကြားခဲ့ပါတယ်။
နည်းပြသစ် ရှောင်ဒိုက်ချ် လက်ထက်မှာ နိုင်ပွဲ ပြန်လည် ရရှိခဲ့တဲ့ နော့တင်ဟမ်ဖောရက်စ်

ဒါကြောင့် မော်ဂန် ဂစ်ဘ်ဝှိုက်က TNT Sports နဲ့ အင်တာဗျူးမှာ “ဒီညမှာ ကျွန်တော် အသက်ရှူနိုင်ပါပြီ။ ပြောင်းလဲမှုတွေနဲ့ ဆိုးရွားတဲ့ စွမ်းဆောင်ရည်တွေကြောင့် အနည်းငယ် ခက်ခဲတဲ့လတွေ ဖြစ်ခဲ့ပါတယ်။ ဒါကြောင့် ၈ ပွဲ ဒါမှမဟုတ် ၉ ပွဲမှာ ပထမဦးဆုံး နိုင်ပွဲ ရခဲ့တာ ကောင်းပါတယ်။ ကျွန်တော်တို့ ၃ မှတ် ရလို့ ဝမ်းသာပါတယ်။ ကျွန်တော် တို့ကို အားပေးနေတဲ့ ပရိသတ်တွေကို လည်း ကျေးဇူးတင်ပါတယ်။”

“နည်းပြက သူရောက်လာချိန်မှာ ကျွန်တော် တို့မှာ တကယ့် အမှတ်လက္ခဏာတွေ ရှိပြီး အဲဒီအပေါ်မှာ တည်ဆောက်ချင်တယ်လို့ ပြောပါတယ်။ ကောင်လေးတွေ ၃ မှတ် ရပြီး အနိုင်ရရှိခဲ့တာကို ကျွန်တော် ဝမ်းသာပါတယ်။ စိတ်ဓာတ်ကို ခံစားခဲ့ရပါတယ်။ ပိုပြီး အပြုသဘောဆောင်လာတယ်လို့ ခံစားရပြီး အဲဒီလိုပဲ ဆက်ရှိနေဖို့ လိုအပ်ပါတယ်။ မန်နေဂျာကို ကျေးဇူးတင်ပါတယ်။ သူက ကျွန်တော် တို့ကို အဲဒီ စိတ်ဓာတ်ကို သွတ်သွင်းပေးခဲ့ပြီး ကျွန်တော်တို့ အနေနဲ့ အဲဒီ စိတ်ဓာတ်ကို ဆက်လက် ထိန်းသိမ်းထားရပါမယ်။” လို့ ပြောကြားခဲ့ပါတယ်။

ဖောရက်စ်ရဲ့ နည်းပြသစ် ဖြစ်လာတဲ့ ရှောင်ဒိုက်ချ် ကတော့ ယူရိုပါလိဂ် နိုင်ပွဲ အပြီးမှာ သူတို့ အသင်းဟာ လုပ်ဆောင်ရမယ့် အလုပ်များစွာ ရှိနေသေးကြောင်း ပြောကြားခဲ့ပါတယ်။ ရှောင်ဒိက်ချ်က “အံ့သြဖွယ်ကောင်းတယ်။ အဓိပ္ပာယ်လည်း အများကြီး ရှိပါတယ်။ ကစားသမားတွေက အများကြီး ဖြတ်သန်းခဲ့ရပြီး ပရိသတ်တွေ ကလည်း သူတို့ကို တစ်ခုခု ပြန်ပေးဆပ်နိုင်ခဲ့ပါတယ်။” လို့ ပြောကြားခဲ့ပါတယ်။

ဆက်လက်ပြီး ရှောင်ဒိုက်ချ်က “ကျွန်တော်တို့ သူတို့နဲ့ နှစ်ရက်လောက် အတူရှိနေခဲ့ပြီး သူတို့က အဲဒါကို အရမ်းမြန်မြန် အသုံးချခဲ့ကြပါတယ်။ အစပျိုးမှုတစ်ခုပါ။ နောက်ထပ် အများကြီး ကျန်သေးပေမယ့် အစပျိုးမှု တစ်ခုပါ။ ကောင်းမွန်တဲ့ အစပျိုးမှု တစ်ခုပါ။” လို့ ပြောကြားခဲ့ပါတယ်။

ရှောင်ဒိုက်ချ်ရဲ့ အသင်းဟာ လာမယ့် တနင်္ဂနွေနေ့မှာ ဘုန်းမောက်နဲ့ ခက်ခဲတဲ့ ပရီးမီးယားလိဂ် ပွဲစဉ် ဆက်လက် ကစားရမှာ ဖြစ်ပါတယ်။ ဖောရက်စ်က ပရီးမီးယားလိဂ် ပွဲစဉ် ၈ အပြီးမှာ ၁ ပွဲနိုင်၊ ၂ ပွဲ သရေ၊ ၅ ပွဲ ရှုံးထားပြီး ရမှတ် ၅ မှတ်နဲ့ တန်းဆင်းဇုန်ထဲမှာ ရှိနေပါတယ်။

   

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်