နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

အိုရာဇာဘဲလ်ကို စိတ်ဝင်စားနေပြန်တဲ့ ဘာစီလိုနာ၊ ဂါဗီကို ခေါ်ယူပေးဖို့ တွန်းအားပေးနေတဲ့ လူးဝစ္စ အင်းနရစ်ခ် | လာလီဂါ

အခုတစ်ခါမှာတော့ အောက်တိုဘာလ ၁၅ ရက်နေ့ အတွက် ရရှိထားသမျှ လာလီဂါရဲ့ စိတ်ဝင်စားစရာ သတင်းတွေကို ဖော်ပြပေးသွားမှာ ဖြစ်ပါတယ်။

အန်းဒရစ်ခ်ကို ခေါ်ယူချင်နေတဲ့ ပီအက်စ်ဂျီ ကတော့ ဖေဘီယန် ရူအစ်ဇ်ကို အသုံးချသွားဖွယ် ရှိနေကြောင်း သိရပါတယ်။ ဇာဘီ အလွန်ဆို ကတော့ ခြေစွမ်းပြနေတဲ့ စပိန် ကွင်းလယ် ကစားသမားကို သဘောကျနေပေမယ့် သူတို့ရဲ့ နံပါတ် ၉ ကစားသမားကို ဆုံးရှုံးဖို့ ဆန္ဒမရှိကြောင်း Defensa Central က ဖော်ပြပါတယ်။

ဘာစီလိုနာ ကတော့ ရီးရဲလ်ဆိုစီဒက် တိုက်စစ်မှူး မီခဲလ် အိုယာဇာဘဲလ်ကို ရောဘတ် လီဝမ်ဒေါစကီးရဲ့ နေရာမှာ ဆက်ခံသူ အဖြစ် အလေးအနက်ထား စဉ်းစားနေကြောင်း Fichajes က ဖော်ပြပါတယ်။ အိုရာဇာဘဲလ် ကတော့ လာလီဂါ အတွေ့အကြုံရင့် ကစားသမား ဖြစ်တာကြောင့် ဘာစီလိုနာက စိတ်ဝင်စားနေတာလည်း ဖြစ်ပါတယ်။

ဗင်နီးစီးယပ်စ် ဂျူနီယာ ကတော့ ရီးရဲလ်မက်ဒရစ်နဲ့ စာချုပ် သက်တမ်းတိုးဖို့ ညှိနှိုင်းနေစဉ် အတွင်း အပိုဆုကြေး ယူရို သန်း ၂၀ တိုးမြှင့်ပေးဖို့ အတွက်Le Journal du Real က ဖော်ပြပါတယ်။

ဒိုင်နမို ဇာဂရက်ဘ် လူငယ် ကစားသမား ကာဒိုဆို ဗာရယ်လာကို ခေါ်ယူဖို့ အပြိုင်အဆိုင် ကြိုးပမ်းမှုတွေဟာ ဘာစီလိုနာနဲ့ ချဲလ်ဆီး တို့အကြား အရှိန်အဟုန် မြင့်တက်လာကြောင်း Mundo Deportivo က ဖော်ပြပါတယ်။

ဘာစီလိုနာ ကတော့ အက်တလက်တီကိုမက်ဒရစ် ကွင်းလယ်လူ ပါဘလို ဘာရီယို့စ်ကို ခေါ်ယူဖို့ ကြိုးပမ်းနေကြောင်း Fichajes က ဖော်ပြပါတယ်။

တိုက်စစ်မှူး ဟူလီယန် အဲလ်ဗာရက်ဇ် ကတော့ ဘာစီလိုနာကို ပြောင်းရွှေ့ဖို့ အလားအလာ ရှိနေတဲ့ အတွက် အက်တလက်တီကိုမက်ဒရစ် အနေနဲ့ အတ္တလန္တာက အဒမ်မိုလာ လွတ်ခ်မန်းကို ခေါ်ယူဖို့ ကြိုးပမ်းနေကြောင်း Fichajes က ဖော်ပြပါတယ်။

ကီလီယန် အမ်ဘာပေး ကတော့ ပြင်သစ် လက်ရွေးစင် အသင်းဖော် လစ်ဗာပူးလ် ဗဟိုနောက်ခံလူ အီဘရာဟီမာ ကိုနာတေးနဲ့ စကားပြောဆိုခဲ့ပြီး လာမယ့် နွေရာသီမှာ အလွတ်ပြောင်းရွှေ့ကြေးနဲ့ ရီးရဲလ်မက်ဒရစ်ကို ပြောင်းရွှေ့လာမယ်လို့ မျှော်လင့်နေကြောင်း Defensa Central က ဖော်ပြပါတယ်။

မန်ချက်စတာယူနိုက်တက်နဲ့ တော့တင်ဟမ်ဟော့စပါး တို့ကတော့ ဘာစီလိုနာရဲ့ ဂိုးသမား မာ့ခ် အန်ဒရီ တာစတီဂျန်ကို ဇန်န၀ါရီမှာ ခေါ်ယူနိုင်ဖွယ် မရှိတော့ကြောင်း သိရပါတယ်။ ဒါပေမယ့် ဂျာမန် လက်ရွေးစင် ဂိုးသမားဟာ ဟန်ဆီ ဖလစ်ခ် လက်ထက်မှာ ပထမ ဦးစားပေး ဂိုးသမား မဟုတ်တော့ကြောင်း Football Insiderက ဖော်ပြပါတယ်။

ပီအက်စ်ဂျီ နည်းပြ လူးဝစ္စ အင်းနရစ်ခ် ကတော့ လာလီဂါ ကလပ် ဘာစီလိုနာ ကွင်းလယ် ကစားသမား ဂါဗီကို ခေါ်ယူဖို့ ဆက်လက် တွန်းအားပေးလျက် ရှိကြောင်း E-Notícies က ဖော်ပြပါတယ်။

ပီအက်စ်ဂျီ နည်းပြ လူးဝစ္စ အင်းနရစ်ခ် ကတော့ လာလီဂါ ကလပ် ဘာစီလိုနာ ကွင်းလယ် ကစားသမား ဂါဗီကို ခေါ်ယူဖို့ ဆက်လက် တွန်းအားပေးလျက် ရှိကြောင်း E-Notícies က ဖော်ပြပါတယ်။
ဒဏ်ရာကြောင့် မကြာခဏ ဆိုသလို အနားယူနေခဲ့ရတဲ့ ဂါဗီ

ရီးရဲလ်မက်ဒရစ် ကင်းထောက်တွေ ကတော့ စက်တင်ဘာလနဲ့ အောက်တိုဘာလ နိုင်ငံတကာ အားလပ်ရက်တွေ အတွင်း အသက် ၁၅ နှစ် အရွယ် အာဆင်နယ် ကစားသမားလေး မက်စ် ဒိုးမန်းကို စောင့်ကြည့်ခဲ့ကြောင်း Daily Mail က ဖော်ပြပါတယ်။

တူရကီ ကလပ် ဖီနာဘာချီ ကတော့ ဆော်ဒီပရိုလိဂ် ကလပ် အဲလ်အစ်တီဟတ်ရဲ့ ပြင်သစ် တိုက်စစ်မှူး ကာရင်မ် ဘန်ဇီမာကို ခေါ်ယူဖို့ ပစ်မှတ်ထားနေကြောင်း သိရပါတယ်။ လိုင်ယွန်နဲ့ ရီးရဲလ်မက်ဒရစ် ကစားသမားဟောင်း ဘန်ဇီမာဟာ အသက် ၃၇ နှစ် ရှိပြီ ဖြစ်ပေမယ့် ခြေစွမ်းပြနေဆဲ ဖြစ်ပြီး အဲလ်အစ်တီဟတ်နဲ့ စာချုပ်က လာမယ့် နွေရာသီမှာ ကုန်ဆုံးမယ်လို့ သိရပါတယ်။

ဘန်ဇီမာ ကလည်း ဥရောပမှာ ပြန်ကစားဖို့ ဆန္ဒရှိနေတာကြောင့် ဖီနာဘာချီက ခေါ်ယူဖို့ ပစ်မှတ်ထားလာခြင်း ဖြစ်ပြီး နည်းပြ တယ်ဒက်စကို ကတော့ လာမယ့် ဇန်နဝါရီ စျေးကွက်မှာ ခေါ်ယူပေးဖို့ တောင်းဆိုထားကြောင်း သိရပါတယ်။ ဘင်ဖီကာ နည်းပြ မော်ရင်ဟို ကလည်း ဘန်ဇီမာနဲ့ ပြန်လည် လက်တွဲဖို့ လိုလားနေကြောင်း သိရပါတယ်။ ဘန်ဇီမာဟာ အဲလ်အစ်တီဟတ်က တစ်နှစ် ပေါင်သန်း ၈၀ ကျော် ရရှိနေကြောင်း သိရပါတယ်။

   

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်