နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

ယာမယ်သည် ရောင်းရန်မဟုတ်ကြောင်း ပြတ်ပြတ်သားသား အသိပေးထားတဲ့ ဘာစီလိုနာ | လာလီဂါ

ဘာစီလိုနာ ကတော့ သူတို့ရဲ့ ကြယ်ပွင့် ကစားသမားလေး လာမင်း ယာမယ် အတွက် မြင့်မားတဲ့ ကမ်းလှမ်းမှုတွေ လက်ခံရရှိထားတယ် ဆိုတဲ့ သတင်းတွေကို ငြင်းဆန် ပယ်ချလိုက်ပါတယ်။ လာလီဂါ ထိပ်သီး ကလပ်ဟာ စပိန် လက်ရွေးစင်လေး အတွက် ယူရို သန်း ၄၀၀နဲ့ ကမ်းလှမ်းမှုတွေ ရရှိထားတယ်လို့ သတင်းတွေ ထွက်နေတာလည်း ဖြစ်ပါတယ်။ 

အသက် ၁၈ နှစ် အရွယ် Kopa Trophy နှစ်နှစ်ဆက် ဆုရှင် ယာမယ်ဟာ လက်ရှိမှာ ဘာစီလိုနာ အတွက်ရော စပိန် လက်ရွေးစင် အသင်း အတွက်ပါ အားအထားရဆုံး အဓိက ကစားသမား တစ်ဦး အဖြစ် ရှိနေသူပါ။ ဒါပေမယ့်လည်း ပြီးခဲ့တဲ့ ရက်ပိုင်း အတွင်းက ဆော်ဒီပရိုလိဂ် ကလပ် အဲလ်ဟီလာက ယာမယ်ကို လာမယ့် ဇန်နဝါရီမှာ ခေါ်ယူဖို့ ယူရို သန်း ၄၀၀ နဲ့ ကမ်းလှမ်းခဲ့ကြောင်း သတင်းတွေ ထွက်ပေါ်ခဲ့တာပါ။

ယာမယ်ဟာ ဘာစီလိုနာနဲ့ ၂၀၃၁ ခုနှစ်အထိ စာချုပ်ချုပ်ဆိုထားပြီး ဆုကြေးတွေ ကိုပါ ထည့်တွက်ရင်တော့ တစ်နှစ်ကို ယူရို သန်း ၄၀ ဝန်းကျင် အထိ ရရှိနေပါတယ်။ ဒါပေမယ့်လည်း လက်ရှိမှာ နည်းပြ ဖြစ်သူ ဟန်ဆီ ဖလစ်ခ်နဲ့ ဆက်ဆံရေး အဆင်မပြေမှုတွေ ရှိနေတာကြောင့် အသင်း ပြောင်းရွှေ့နိုင်ကြောင်း ထင်ကြေးပေးမှုတွေ ထွက်ပေါ်နေပြီး အခုတော့ ဘာစီလိုနာ ဘက်က ဒီသတင်းတွေကို ငြင်းဆန်လိုက်ကြောင်း Marca က ဖော်ပြလာတာ ဖြစ်ပါတယ်။ 

ဒါ့အပြင် ယာမယ်က ပြီးခဲ့တဲ့ ရာသီက ဘာစီလိုနာနဲ့ အတူ လာလီဂါ၊ ကိုပါဒယ်ရေးနဲ့ စပိန်စူပါဖလား တို့မှာ ချန်ပီယံ ဖြစ်ထားခဲ့ပါသေးတယ်။
အဲလ်ဟီလာက ဘာစီလိုနာ ကြယ်ပွင့်ကို ယူရို သန်း ၄၀၀ နဲ့ ကမ်းလှမ်းခဲ့ကြောင်း သတင်းတွေ ထွက်နေ

ဘာစီလိုနာ အသင်း တာဝန်ရှိသူတွေက ယာမယ် အတွက် ကမ်းလှမ်းမှု ရရှိထားခြင်း မရှိသလို၊ လာမင်း ယာမယ်ဟာ “ရောင်းရန်မဟုတ်” လို့ ပြတ်ပြတ်သားသား ပြောကြားထားကြောင်းလည်း သိရပါတယ်။ လာလီဂါ ကလပ်ဟာ ယာမယ်ကို လုံးဝ ရောင်းထုတ်မှာ မဟုတ်ကြောင်း ကြေညာထားပေမယ့်လည်း ပီအက်စ်ဂျီနဲ့ မန်စီးတီး တို့ကတော့ အခြေအနေတွေကို စောင့်ကြည့်နေကြောင်း သိရပါတယ်။

သေချာတာ ကတော့ ယာမယ်ဟာ အသက်အရွယ် ငယ်လွန်းနေသေးတာကြောင့် အဆင့်အတန်း မြင့်မားတဲ့ ဥရောပ ဘောလုံး အသိုင်းအဝိုင်းမှာပဲ ဆက်လက် ကျင်လည်ဖို့ များပြီး ငွေနောက်လိုက်ဖို့ မဖြစ်နိုင်သေးပါဘူး။ ဒါ့အပြင် သူကိုယ်တိုင် ကလည်း ဆုဖလား အောင်မြင်မှုတွေ အပြင် ကမ္ဘာ့အကောင်းဆုံး ကစားသမားဆု ဖြစ်တဲ့ ဘယ်လွန်ဒေါကို ဆွတ်ခူးချင်နေသေးတာကြောင့် ဆော်ဒီပရိုလိဂ်က ငွေပုံပေးလာရင်တောင် ပြောင်းရွှေ့ဖို့ မဖြစ်နိုင်ပါဘူး။

ဘာစီလိုနာ ဥက္ကဌ ဖြစ်တဲ့ ယိုအန် လာပေါ်တာ ကတော့ ယာမယ်ဟာ ပါရမီရှင် တစ်ဦး ဖြစ်ပြီး လက်ရှိ သူကစားနေတဲ့ နေရာမှာ ကမ္ဘာ့အကောင်းဆုံး ဖြစ်တယ်လို့တောင် ချီးကျူးထားတာပါ။ ယာမယ်ဟာ ပြီးခဲ့တဲ့ ၂၀၂၃-၂၀၂၄ ဘောလုံးရာသီကမှ ဘာစီလိုနာရဲ့ အဓိက ကစားသမား တစ်ဦး ဖြစ်လာခဲ့သူပါ။ သူဟာ နှစ်ရာသီ အတွင်းမှာ ဘာစီလိုနာ အတွက် ပွဲပေါင်း ၁၀၀ ကျော် ကစားပေးခဲ့ပြီး ၂၆ ဂိုး သွင်းကာ၊ ၂၈ ဂိုး ဖန်တီးပြီး အချိန်တိုတွင်း ထိပ်တန်း အဆင့်ကို ရောက်ရှိလာခဲ့သူ ဖြစ်ပါတယ်။ ဒါ့အပြင် ယာမယ်က ပြီးခဲ့တဲ့ ရာသီက ဘာစီလိုနာနဲ့ အတူ လာလီဂါ၊ ကိုပါဒယ်ရေးနဲ့ စပိန်စူပါဖလား တို့မှာ ချန်ပီယံ ဖြစ်ထားခဲ့ပါသေးတယ်။

ယာမယ်က ဘာစီလိုနာ အတွက် ဒီရာသီမှာ ၅ ပွဲ ကစားပြီး ၂ ဂိုး သွင်း၊ ၃ ဂိုး ဖန်တီးထားပါတယ်။ သူ့အနေနဲ့ ဒီရာသီမှာ ပေါင်ခြံ ဒဏ်ရာကြောင့် အနားယူနေရတဲ့ ပွဲတွေ များနေပြီးတော့ သူပါဝင်ကစားထားတဲ့ ပွဲအနည်းငယ် အတွင်းမှာတော့ စွမ်းဆောင်ရည်ကောင်းတွေကို ပြသထားနိုင်တာ‌ တွေ့ရပါတယ်။

   

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်