အောက်တိုဘာ ၄ ရက်နေ့ အတွက် ရရှိထားသမျှ လာလီဂါ ထိပ်တန်း ကလပ်တွေရဲ့ စိတ်ဝင်စားစရာ သတင်းတွေကို ဖော်ပြပေးသွားမှာ ဖြစ်ပါတယ်။
ဘာစီလိုနာ အားကစား ဒါရိုက်တာ ဒေကို ကတော့ ၂၀၂၆ နွေရာသီ အပြောင်းအရွှေ့ ဈေးကွက် အတွက် သူတို့ရဲ့ ထိပ်တန်း ပစ်မှတ် ဖြစ်တဲ့ အက်တလက်တီကိုမက်ဒရစ် တိုက်စစ်မှူး ဟူလီယန် အဲလ်ဗာရက်ဇ်ကို ခေါ်ယူချင်နေပါတယ်။ ဒါပေမယ့်လည်း အာဂျင်တီးနား လက်ရွေးစင် အတွက် ယူရို သန်း ၁၀၀ သုံးစွဲ ရဖို့ ရှိနေတာကြောင့် လာလီဂါ ထိပ်သီးတို့ အတွက် အခက်အခဲ ရှိနေနိုင်ပါတယ်။
လစ်ဗာပူးလ် ကတော့ ရာသီအကုန်မှာ စာချုပ်သက်တမ်း ကုန်ဆုံးမယ့် ဘယ်နောက်ခံလူ အန်ဒီ ရော်ဘတ်ဆန်ရဲ့ အနာဂတ်နဲ့ ပတ်သတ်လို့ မဆုံးဖြတ်ရသေးကြောင်း သိရပါတယ်။ ဒီကစားသမား ကိုတော့ လာလီဂါ ကလပ် အက်တလက်တီကိုမက်ဒရစ်က ခေါ်ယူဖို့ ပြီးခဲ့တဲ့ နွေရာသီ ကတည်းက စိတ်ဝင်စားနေပါတယ်။
ပီအက်စ်ဂျီ ကတော့ ချဲလ်ဆီး၊ လစ်ဗာပူးလ်နဲ့ မန်စီးတီး တို့ထက် ဘေယန်မြူးနစ် တောင်ပံကစားသမား မိုက်ကယ် အိုလီဆေးကို ခေါ်ယူဖို့ အခြေအနေကောင်းနေပါတယ်။ သတင်းတွေ အရ ဆိုရင် လီဂူးဝမ်း ထိပ်သီးတို့ဟာ အိုလီဆေး အတွက် ယူရို သန်း ၁၀၀ ပေးချေဖို့ အဆင်သင့် ဖြစ်နေတယ်လို့တောင် သိရပါတယ်။
ချဲလ်ဆီးဟာ ဘရန့်ဖို့ဒ် ကနေ ထွက်ခွာပြီးနောက် ၁၈ လ အကြာမှာ ပရီးမီးယားလိဂ်ကို အငှားပြန်ချမယ့် အဲလ်အာလီ တိုက်စစ်မှူး အိုင်ဗန် တိုနေးရဲ့ ကိုယ်စားလှယ်တွေနဲ့ စကားပြောဆိုခဲ့ကြောင်း သိရပါတယ်။
အသက် ၂၃ နှစ် အရွယ် ပါမား တိုက်စစ်မှူး မက်တေးယို ပယ်လီဂရီနို ကတော့ အထင်ကြီးစရာ စွမ်းဆောင်ရည်တွေ ပြသနိုင်ခဲ့ပြီးနောက် နော့တင်ဟမ်ဖောရက်စ်၊ ဝက်စ်ဟမ်း တို့ရဲ့ ပစ်မှတ် စာရင်းထဲမှာ ပါဝင်နေခဲ့ကြောင်း သိရပါတယ်။
ဘင်ဖီကာ နည်းပြ ဟိုဆေး မော်ရင်ညို ကတော့ ရီးရဲလ်မက်ဒရစ် ကွင်းလယ်လူ ဘရာဟင်မ် ဒီးယက်ဇ်ကို ဦးစားပေး ခေါ်ယူပေးဖို့ အသင်းထံ တောင်းဆိုထားကြောင်း သိရပါတယ်။ ဒီးယက်ဇ် ကတော့ နည်းပြ ဇာဘီ အလွန်ဆို လက်ထက်မှာ ပုံမှန် ပွဲထွက်ခွင့် ရဖို့ ရုန်းကန်နေရတာကြောင့် လာမယ့် ဇန်န၀ါရီမှာ လာလီဂါ ကလပ် ကနေ ထွက်ခွာဖွယ် ရှိနေပါတယ်။

ဘာစီလိုနာ ကြယ်ပွင့် ဒီရို ဖာနန်ဒက်ဇ် ကတော့ ကတ်တာလန် ကလပ်နဲ့ စာချုပ်သစ် ချုပ်ဆိုဖို့ ကမ်းလှမ်းမှုတွေ ပယ်ချသွားဖို့ စီစဉ်နေတယ်လို့ သိရပါတယ်။ ဒီကစားသမားလေး ကိုတော့ အာဆင်နယ်၊ ချဲလ်ဆီး၊ မန်ချက်စတာစီးတီး၊ ဘေယန်မြူးနစ်နဲ့ ပီအက်စ်ဂျီ တို့က ချဉ်းကပ်နေပါတယ်။
မားကပ်စ် ရက်ရှ်ဖို့ဒ်ရဲ့ ဘာစီလိုနာနဲ့ အနာဂတ် အလားအလာ ကတော့ တိုက်စစ်မှူးကြီး ရောဘတ် လီဝမ်ဒေါစကီး အနေနဲ့ ကတ်တာလန် ကလပ်နဲ့ စာချုပ်တိုးခြင်း၊ မတိုးခြင်းနဲ့ သက်ဆိုင်နေတယ်လို့ သိရပါတယ်။ ရောဘတ် လီဝမ်ဒေါစကီး ကတော့ ၂၀၂၆ မှာ ဘာစီလိုနာနဲ့ စာချုပ်သက်တမ်း ကုန်ဆုံးမှာ ဖြစ်ပြီး ဆော်ဒီပရိုလိဂ်ကို ပြောင်းရွှေ့မယ်လို့လည်း သတင်းထွက်နေသူ ဖြစ်ပါတယ်။
အာဆင်နယ်နဲ့ ရီးရဲလ်မက်ဒရစ် တို့ကတော့ မန်စီးတီး တိုက်စစ်မှူး အာလင်း ဟာလန်းကို ခေါ်ယူဖို့ ကမ်းလှမ်းမှုတွေ ပြုလုပ်ထားကြောင်း ကောလဟာလတွေ ထွက်ပေါ်နေပါတယ်။ ဒါပေမယ့်လည်း နော်ဝေသားက ဘာစီလိုနာဆီ ယူရိုသန်း ၈၀ (ပေါင် ၆၉.၉ သန်း) နဲ့ ပြောင်းရွှေ့ဖို့ သဘောတူညီထားကြောင်းလည်း ဟာသဆန်ဆန် သတင်းတွေ ထွက်ပေါ်နေပါတယ်။
ရီးရဲလ်မက်ဒရစ် ကတော့ ဒီနွေရာသီမှာ ပြင်သစ် ကလပ် စထရက်ဘော့ဂ်မှာ အငှားနဲ့ သွားရောက် ကစားနေတဲ့ ချဲလ်ဆီး ဗဟိုနောက်ခံလူ မာမာဒူ ဆားကို ခေါ်ယူဖို့ ကြိုးပမ်းနေကြောင်း သိရပါတယ်။ ရီးရဲလ်မက်ဒရစ် ကွင်းလယ်လူ အာဒါ ဂူလာ ကိုတော့ ဥရောပ တစ်ဝှမ်းမှာ ရှိတဲ့ ကလပ် များစွာက စောင့်ကြည့်နေတယ်လို့ သိရပါတယ်။ တူရကီ လက်ရွေးစင်ကို စိတ်ဝင်စားတဲ့ အသင်းတွေထဲမှာ အာဆင်နယ်၊ နယူးကာဆယ်၊ တော့တင်ဟမ်ဟော့စပါး၊ အေစီမီလန်၊ ဒေါ့မန်နဲ့ လိုက်ပ်ဇစ်တို့ ပါဝင်နေပါတယ်။ေ
●●●
နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS
အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်
ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.