နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

အန်တိုနီကို ခေါ်ချင်ပေမယ့် ရူးနှမ်းစွာ လုပ်ဆောင်ဖို့ ဆန္ဒ မရှိတဲ့ ဘက်တစ် | ပရီးမီးယားလိဂ်

ပရီးမီးယားလိဂ် ကလပ် မန်ချက်စတာယူနိုက်တက် ကတော့ အသင်းရဲ့ တောင်ပံ ကစားသမား အန်တိုနီကို ဒီနွေရာသီမှာပဲ ရောင်းထုတ်ဖို့ စီစဉ်နေတာ ဖြစ်ပါတယ်။ ဒါပေမယ့်လည်း ယူနိုက်တက်က အန်တိုနီကို ရောင်းထုတ်ဖို့ ကလပ် တချို့နဲ့ ဆွေးနွေးမှုတွေ ပြလုပ်နေပေမယ့် အဆင်မပြေသေးပဲ အခု တစ်ပတ် အတွင်း ရောင်းထုတ်နိုင်ခြင်း မရှိခဲ့ရင်တော့ လာမယ့် ဇန်နဝါရီ အထိ အသင်းမှာ အရန်ခုံ ထိုင်ခိုင်းဖို့ စီစဉ်ထားကြောင်း သိရပါတယ်။

အသက် ၂၅ နှစ် အရွယ် ဘရာဇီးလ် တောင်ပံ ကစားသမားဟာ ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ် နွေရာသီမှာ ယူရို ၉၅ သန်းနဲ့ ပရီးမီးယားလိဂ်ကို ရောက်ရှိလာခဲ့သူ ဖြစ်ပါတယ်။ သူဟာ ယူနိုက်တက်ရဲ့ တတိယမြောက် တန်ဖိုး အကြီးဆုံး ခေါ်ယူမှု အဖြစ် မှတ်တမ်းဝင်ခဲ့ပေမယ့် အိုးထရက်ဖို့ဒ်မှာ Flop ခဲ့သူ ဖြစ်ပါတယ်။ ယူနိုက်တက်ဟာ လက်ရှိအချိန်မှာ အန်တိုနီကို ယူရို သန်း ၄၀ ဝန်းကျင်နဲ့ ပြန်လည် ရောင်းထုတ်ဖို့ စီစဉ်နေရပြီး ကမ်းလှမ်းမှုတွေ ကိုလည်း စောင့်မျှော်နေပါတယ်။

တကယ်တော့ အန်တိုနီကို ခေါ်ယူဖို့ ထိပ်ဆုံးက ရှိနေတဲ့ အသင်းက ပြီးခဲ့တဲ့ ရာသီက အငှားနဲ့ ခေါ်ယူခဲ့တဲ့ ရီးရဲလ်ဘက်တစ် ဖြစ်ပါတယ်။ ဒါပေမယ့်လည်း လာလီဂါ ကလပ် အနေနဲ့ ကစားသမားသစ် အတွက် သတ်မှတ်ထားတဲ့ ဘက်ဂျက် ကန့်သတ်ဘောင် အတွင်းက လုပ်ဆောင်နေရတာကြောင့် အန်တိုနီကို ခေါ်ယူဖို့က အခက်အခဲ ရှိနေတာ ဖြစ်ပါတယ်။ ဒါပေမယ့်လည်း ဘက်တစ်ဟာ အန်တိုနီကို စပိန်မြေဆီ ပြန်လည် ခေါ်ယူဖို့ အိမ်မက်ကို စွဲစွဲမြဲမြဲ ဆုပ်ကိုင်ထားဆဲ ဖြစ်ပါတယ်။

အသက် ၂၅ နှစ် အရွယ် ဘရာဇီးလ် တောင်ပံ ကစားသမားဟာ ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ် နွေရာသီမှာ ယူရို ၉၅ သန်းနဲ့ ပရီးမီးယားလိဂ်ကို ရောက်ရှိလာခဲ့သူ ဖြစ်ပါတယ်။
ဘက်တစ် အတွက် ခြေစွမ်းပြ ကစားနိုင်ခဲ့တဲ့ အန်တိုနီ

ဘက်တစ်ရဲ့ အားကစား ဒါရိုက်တာ မာနူ ဖာဂျာဒို Manu Fajardo က “ဒီရာသီမှာ နှစ်ဖက်စလုံးက သူ့ကို ဒီရာသီ ဒီမှာ ရှိစေချင်ကြပါတယ်။ နေ့တိုင်း ကျွန်တော် တို့ရဲ့ အိမ်မက်က သူ့ကို ဒီမှာ ရှိနေစေဖို့ပါ။ အန်တိုနီ ဒီမှာ ရှိနေရင် ကိန်းဂဏန်းတွေ ထပ်ပေါင်းထည့်နိုင်ပါလိမ့်မယ်။ ဒါပေမယ့် အရေးကြီးဆုံး အရာက ကလပ်ရဲ့ တည်ငြိမ်မှုပါ။ ကျွန်တော်တို့ ဘယ်အရာကိုမှ ရူးနှမ်းစွာ လုပ်ဆောင်မှာ မဟုတ်ပါဘူး။” လို့ ပြောကြားသွားခဲ့ပါတယ်။

“ကျွန်တော်တို့ဟာ ကြီးကြီးမားမား တွေးတောလို့ ရပါတယ်။ ဒါပေမယ့် အောက်ခြေလွတ်လို့တော့ မရပါဘူး။ သူသာ ကလပ်နဲ့ လက်မှတ်မထိုးရင် တခြား ရွေးချယ်စရာတွေ ရှိပါသေးတယ်။ ဒါပေမယ့် ကျွန်တော်တို့ ဘတ်ဂျက် သတ်မှတ်ထားတဲ့ ကန့်သတ်ဘောင်တွေ အတွင်းမှာ သဘောတူညီမှု ရရှိလိမ့်မယ် ထင်ပါတယ်။” လို့ ဆက်လက် ပြောကြားခဲ့ပါတယ်။အန်တိုနီဟာ မန်ချက်စတာယူနိုက်တက်မှာ ၃ ရာသီ အတွင်း ၉၆ ပွဲ ကစားကာ ၁၂ ဂိုးသာ သွင်းယူနိုင်ခဲ့ပြီး ပြီးခဲ့တဲ့ ဇန်နဝါရီ အပြောင်းအရွှေ့မှာ ဘက်တစ်ဆီ အငှားနဲ့ သွားရောက် ကစားခဲ့ရပါတယ်။ ဘက်တစ် မှာတော့ ၂၆ ပွဲ ကစားရာမှာ ၉ ဂိုး သွင်း၊ ၅ ဂိုး ဖန်တီးပြီး ခြေစွမ်းပြနိုင်ခဲ့တာကြောင့် လာလီဂါ ကလပ်က အငှားနဲ့ ထပ်မံ ခေါ်ချင်နေတာ ဖြစ်ပါတယ်။ ဘက်တစ်ဟာ အန်တိုနီကို အပြီးသတ် ဝယ်ယူခွင့် ပါရှိတဲ့ အငှားနဲ့ အရင်ဆုံး ခေါ်ယူချင်နေသလို အန်တိုနီ ကလည်း ဘက်တစ်နဲ့ ဆက်ပြီး လက်တွဲဖို့ ဆန္ဒရှိနေကြောင်း သိရပါတယ်။ ဒါကြောင့် ပရီးမီးယားလိဂ် ကလပ် ဘက်က သူ့ရဲ့ အပြောင်းအရွှေ့ အတွက် အခုတစ်ပတ် အတွင်း အဆုံးအဖြတ်ပေးဖို့ အန်တိုနီကို တွန်းအားပေးနေတာ ဖြစ်ပါတယ်။

   

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်