နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

လာလီဂါမှာ တကျော့ပြန် ခြေချလာခဲ့တဲ့ တစ်ချိန်က ချီလီရဲ့ နာမည်ကျော် တိုက်စစ်မှူး အလက်ဆစ် ဆန်းချက်ဇ်

တစ်ချိန်က နာမည်ကျော် ချီလီ တိုက်စစ် ကစားသမားကြီး အလက်ဆစ် ဆန်းချက်ဇ် ကတော့ စပိန် လာလီဂါကို တကျော့ပြန် ခြေချလာခဲ့ပြီ ဖြစ်ပါတယ်။ ဒါကြောင့် ဘာစီလိုနာ ကြယ်ပွင့်လေး လာမင်း ယာမယ် ကတော့ အသင်းရဲ့ ကစားသမားဟောင်း အလက်ဆစ် ဆန်းချက်ဇ် အနေနဲ့ လာလီဂါကို ပြန်လည် ရောက်ရှိလာတဲ့ အတွက် အံ့အားသင့်မိကြောင်း ဖွင့်ဟလာခဲ့ပါတယ်။ ဒါ့အပြင် ယာမယ်က ဒီအပြောင်းအရွှေ့ကို ဝမ်းမြောက် ဝမ်းသာစွာနဲ့ ကြိုဆိုလိုက်ပြီး ဘောလုံးလောကရဲ့ “လှပတဲ့အရာ တစ်ခု”ဖြစ်တယ် လို့လည်း ညွှန်းဆိုခဲ့ပါသေးတယ်။

အသက် ၃၆ နှစ် အရွယ် ရှိပြီ ဖြစ်တဲ့ ချီလီ ၀ါရင့် တိုက်စစ် ကစားသမားကြီး အလက်ဆစ် ဆန်းချက်ဇ် ကတော့ ဘာစီလိုနာမှာ ၂၀၁၁ ကနေ ၂၀၁၄ အထိ ကစားခဲ့ဖူးသူ ဖြစ်ပါတယ်။ သူဟာ လာလီဂါ ထိပ်သီး ကလပ် အတွက် ၃ ရာသီ အတွင်း ပြိုင်ပွဲစုံ ပွဲပေါင်း ၁၄၀ ကျော် ကစားပြီး ၄၆ ဂိုး သွင်းယူကာ ဂိုးဖန်တီးမှု ၃၂ ကြိမ် ပြုလုပ်ခဲ့ပါတယ်။ ဒါ့အပြင် ဆန်းချက်ဇ်က ဘာစီလိုနာနဲ့ အတူ အဓိက ဆုဖလား ၆ လုံး အထိ ရရှိခဲ့သူလည်း ဖြစ်ပါတယ်။

အဲဒီနောက် ဆန်းချက်ဇ်က ပရီးမီးယားလိဂ် ကလပ် အာဆင်နယ်နဲ့ မန်ချက်စတာယူနိုက်တက်၊ စီးရီးအေ ကလပ် အင်တာမီလန်နဲ့ အူဒီးနီးစ်၊ လီဂူးဝမ်း ကလပ် မာဆေးလ်နဲ့ တို့မှာလည်း ကျင်လည်ခဲ့ပါသေးတယ်။ ဆန်းချက်ဇ်ဟာ ကစားသမားဘဝ အအောင်မြင်ဆုံး အချိန်တွေ အဖြစ် အာဆင်နယ်မှာ ဖြတ်သန်းခဲ့ပြီး ပြိုင်ပွဲစုံ ၁၆၆ ပွဲ ကစားရာမှာ ဂိုး ၈၀ သွင်းကာ ဖန်တီးမှု ၄၁ ကြိမ် အထိ ပြုလုပ်ခဲ့ပါတယ်။ အဲဒီနောက် မန်ချက်စတာယူနိုက်တက်ကို ပြောင်းရွှေ့ခဲ့ချိန်မှာတော့ သူ့ရဲ့ ရွှေရောင်နေ့ရက်တွေ ကုန်ဆုံးသွားခဲ့ပြီး ပွဲထွက်ကစားခွင့် ရဖို့တောင် ရုန်းကန်ခဲ့ရပါတယ်။ ဆန်းချက်ဇ်ဟာ ယူနိုက်တက်နဲ့ ပထမဦးဆုံး လေ့ကျင့်ခန်းဆင်းတဲ့ နေ့မှာတင်ပဲ အာဆင်နယ်ကို ပြန်လည် ပြောင်းရွှေ့ချင်ကြောင်း တောင်းဆိုခဲ့တယ် ဆိုတဲ့ သတင်းတွေလည်း ထွက်ပေါ်ခဲ့ဖူးပါတယ်။

သူဟာ လာလီဂါ ထိပ်သီး ကလပ် အတွက် ၃ ရာသီ အတွင်း ပြိုင်ပွဲစုံ ပွဲပေါင်း ၁၄၀ ကျော် ကစားပြီး ၄၆ ဂိုး သွင်းယူကာ ဂိုးဖန်တီးမှု ၃၂ ကြိမ် ပြုလုပ်ခဲ့ပါတယ်။
ဘာစီလိုနာမှာ ကစားသမားဘဝ အကောင်းဆုံး အချိန်တွေ စတင်ခဲ့တဲ့ အလက်ဆစ် ဆန်းချက်ဇ်

အင်တာမီလန်နဲ့ မာဆေးလ် မှာတော့ အတိုင်းအတာ တစ်ခု အထိ ခြေစွမ်းကောင်းတွေ ပြန်လည် ရရှိခဲ့တဲ့ ဆန်းချက်ဇ်က အခုတော့ လာလီဂါကို ပြန်လည် ရောက်ရှိလာပြီး ဆီဗီလာနဲ့ အတူ ကစားသမား ဘဝကို ဆက်လက် ဖြတ်သန်းဦးမှာ ဖြစ်ပါတယ်။ ဆန်းချက်ဇ်ဟာ ဒီအပြောင်းအရွှေ့ရဲ့ နောက်ဆုံး ရက်မှာ အူးဒီးနီးစ် ကနေ လာလီဂါ ကလပ်ကို တစ်ရာသီ စာချုပ်နဲ့ ပြောင်းရွှေ့ခဲ့တာ ဖြစ်ပါတယ်။

ဒါကြောင့် ယာမယ်က ဆန်းချက်ဇ်ရဲ့ အပြောင်းအရွှေ့နဲ့ ပတ်သက်ပြီးတော့ RTVE သတင်းဌာနနဲ့ အင်တာဗျူးမှာ အခုလိုပဲ ပြောကြားခဲ့ပါတယ်။ “ကျွန်တော် အပြောင်းအရွှေ့ကာလကို အမြဲတမ်း သဘောကျပါတယ်။ ဘာလို့လဲ ဆိုတော့ အခု အလက်ဆစ် ဆန်းချက်ဇ် ဆီဗီလာကို ပြောင်းလာသလိုမျိုး ထူးဆန်းပြီး မမျှော်လင့်ထားတဲ့ နောက်ဆုံး မိနစ် အပြောင်းအရွှေ့တွေ ဖြစ်တတ်လို့ပါ။ ဒီလို အပြောင်းအရွှေ့မျိုးတွေကို ကျွန်တော် သဘောကျတယ်။ ဒါက ဘောလုံး လောကရဲ့ လှပတဲ့အရာ တစ်ခုပါပဲ။ ဒီလို အရာတွေ ဖြစ်လာတဲ့ အတွက် ကျွန်တော်ဝမ်းသာပါတယ်။ ဒါပေမယ့် ကျွန်တော့် အသင်းက ကစားသမားတွေ အားလုံး အသင်းမှာပဲ ဆက်ရှိနေပြီး ဘယ်သူမှ မထွက်သွားသရွေ့တော့ ကျွန်တော် ပျော်နေမှာပါ။” လို့ ယာမယ်က ပြောကြားခဲ့ပါတယ်။

ဒီနှစ်ထဲမှာ အသက် ၃၇ နှစ် ပြည့်တော့မယ့် ဆန်းချက်ဇ် အတွက် ဆီဗီလာက နောက်ဆုံး ကလပ် ဖြစ်လာဖို့ များပြီး ချီလီသားကြီး အနေနဲ့ မကြာခင် နှစ်ပိုင်း အတွင်း ကစားသမား ဘဝ ကနေ အနားယူဖွယ်တော့ ရှိနေပြီ ဖြစ်ပါတယ်။ ဆီဗီလာနဲ့ ဘာစီလိုနာ တို့ကတော့ လာမယ့် အောက်တိုဘာလ ၅ ရက်နေ့မှာ လာလီဂါ ပွဲစဉ် အဖြစ် ယှဉ်ပြိုင်ရမှာ ဖြစ်တာကြောင့် ဆန်းချက်ဇ်နဲ့ ယာမယ် တို့လည်း မကြာခင်မှာ တွေ့ဆုံရတော့မှာ ဖြစ်ပါတယ်။

   

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်