ချဲလ်ဆီး ကတော့ ဒီနွေရာသီ အပြောင်းအရွှေ့မှာ လာလီဂါ ကလပ် ဘာစီလိုနာရဲ့ ကွင်းလယ် တိုက်စစ် ကစားသမားကို ခေါ်ယူဖို့ ပစ်မှတ်ထားခဲ့တာ ဖြစ်ပါတယ်။ ချဲလ်ဆီးဟာ အစောပိုင်းမှာ လိုက်ပ်ဇစ်က ဇာဗီ ဆိုင်မွန်စ်ကို ခေါ်ယူချင်ခဲ့ပေမယ့် နောက်ပိုင်း မှာတော့ ဖာမင်း လိုပက်ဇ်ကို ပြောင်းလဲ ပစ်မှတ်ထားခဲ့တာ ဖြစ်ပါတယ်။
ဒါပေမယ့်လည်း ဖာမင်း လိုပက်ဇ် ကတော့ ချဲလ်ဆီးရဲ့ ကမ်းလှမ်းမှုကို ငြင်းဆန် ပယ်ချခဲ့ခဲ့ပြီး ကတ်တာလိုးနီးယားမှာ ဆက်နေဖို့ကို ရွေးချယ်ခဲ့တာ ဖြစ်ပါတယ်။ အခုတော့ စပိန်သားက သူ့အနေနဲ့ ဘာကြောင့် ဘာစီလိုနာမှာ ဆက်နေဖို့ ရွေးချယ်ခဲ့သလဲ ဆိုတာနဲ့ ပတ်သတ်ပြီး ဖွင့်ဟ ပြောဆိုမှုတွေ ပြုလုပ်လာခဲ့ပါတယ်။ ဖာမင်း လိုပက်ဇ်က စပိန် အခြေစိုက် နာမည်ကျော် သတင်းဌာန Mundo Deportivo နဲ့ အင်တာဗျူးမှာ အခုလိုပဲ သူ့ရဲ့ အနာဂတ်နဲ့ ပတ်သတ်ပြီး ရှင်းပြခဲ့တာပါ။
“နောက်ဆုံး မှာတော့ ကျွန်တော့်ရဲ့ ဦးစားပေးက အမြဲတမ်း ဘာစီလိုနာ မှာပဲ ရှိနေဖို့ပါပဲ။ ကျွန်တော် ဒီကို အသက် ၁၂ နှစ် အရွယ် ကတည်းက ရောက်လာခဲ့တာပါ။ အသင်းကြီးကို ရောက်နိုင်ဖို့က ကျွန်တော့်ရဲ့ အိပ်မက် တစ်ခု ဖြစ်ခဲ့ပါတယ်။ တခြား ကလပ်တွေက စိတ်ဝင်စားတယ် ဆိုတာ ကတော့ ကျွန်တော့် အနေနဲ့ အမြဲတမ်း ချီးကျူးခံရသလိုပါပဲ။” လို့ ဖာမင်း လိုပက်ဇ်က ပြောကြားခဲ့ပါတယ်။
စပိန် ကြယ်ပွင့်လေးဟာ ဒီနွေ အပြောင်းအရွှေ့ကာလရဲ့ နောက်ဆုံး ရက်သတ္တပတ်တွေ အတွင်း ချဲလ်ဆီးရဲ့ အပြင်းအထန် စိတ်ဝင်စားခြင်း ခံခဲ့ရသူပါ။ ဒါပေမယ့်လည်း ဖာမင်းက ချဲလ်ဆီးရဲ့ ချဉ်းကပ်မှုတွေကို ပယ်ချပြီး နောက်ဆုံး မှာတော့ လာလီဂါ ထိပ်သီး ကလပ်မှာသာ ဆက်နေဖို့ ရွေးချယ်သွားခဲ့ပါတယ်။ ဆက်လက်ပြီး ဖာမင်းက “ဒါပေမဲ့ အမှန်တရားကတော့ ကျွန်တော့်ရဲ့ စိတ်ကူးက ဘာဆာ မှာပဲ ဆက်နေပြီး ဒီမှာ အောင်မြင်မှု ရဖို့ ဖြစ်ပါတယ်။ ဒီတစ်ပတ်မှ မဟုတ်ပါဘူး၊ အသင်းကြီးကို စရောက်ကတည်းက ကတ်တာလန်တွေရဲ့ ချစ်ခင်မှုကို အထူးခံစားခဲ့ရပါတယ်။” လို့လည်း ပြောဆိုသွားခဲ့ပါတယ်။

ဘာစီလိုနာ အသင်း တာဝန်ရှိသူတွေဟာ ဖာမင်း လိုပက်ဇ် အတွက် ထိုက်တန် ကိုက်ညီတဲ့ ပြောင်းရွှေ့ကြေးနဲ့ ကမ်းလှမ်းမှု ရရှိရင် လက်လွှတ်သွားဖို့ စဉ်းစားထားခဲ့တာ ဖြစ်ပါတယ်။ ဒါပေမယ့်လည်း နည်းပြ ဟန်ဆီ ဖလစ်ခ် ကတော့ ဖာမင်း လိုပက်ဇ်ကို အသင်းမှာ ဆက်ရှိနေစေချင်ကြောင်းနဲ့ ဆက်ရှိနေလိမ့်မယ်လို့လည်း ယုံကြည်ကြောင်း ရှင်းရှင်းလင်းလင်း ပြောကြားခဲ့တာကြောင့် စပိန်သား အနေနဲ့ ဘာစီလိုနာမှာ ဆက်နေဖို့ ဆုံးဖြတ်ချက် ခိုင်မာသွားခဲ့တာလည်း ဖြစ်ပါတယ်။
အဲဒီနောက် စပိန် လူငယ် ကွင်းလယ် ကြယ်ပွင့်လေးက ကလပ် အတွင်းမှာ ရှိတဲ့ လူတွေရဲ့ လိုလားခြင်း ခံရတဲ့ ခံစားချက်က သူ့ရဲ့ ဆုံးဖြတ်ချက် အတွက် ကြီးမားတဲ့ အခန်း ကဏ္ဍ ကနေ ပါဝင်ခဲ့ကြောင်း အခုလိုပဲ ပြောကြားသွားခဲ့ပါသေးတယ်။ ဖာမင်း လိုပက်ဇ်က “ဒါက အရမ်းပဲ အရေးပါခဲ့ပါတယ်။ ဘာကြောင့်လဲ ဆိုတော့ ကျွန်တော် ဒီမှာ ရှိနေဖို့ နောက်ပြီး ဘာဆာ အတွက် အမြဲတမ်း ကစားပေးဖို့ တိုက်ပွဲဝင်နေခဲ့တာပါ။ ကျွန်တော့်ရဲ့ စိတ်ကူးက ဒီမှာပဲ ဆက်နေဖို့ပါပဲ။ ဘောလုံး မှာတော့ ဘာတွေ ဖြစ်လာမလဲ ဆိုတာ ဘယ်တော့မှ ကြိုမသိနိုင်ဘူး ဆိုတာကို ခင်ဗျားတို့လည်း သိမယ်ထင်ပါတယ်။ နောက်ပြီး တချို့ အခြေအနေတွေက ကိုယ့်အပေါ်မှာပဲ မူတည်နေတာ မဟုတ်ပါဘူး။ ဒါပေမဲ့ ကျွန်တော့်ရဲ့ ဦးစားပေးက အမြဲတမ်း ဘာဆာ မှာပဲ ဆက်နေဖို့ ဖြစ်ပါတယ်။” လို့ ပြောကြားသွားခဲ့ပါတယ်။
အသက် ၂၂ နှစ် အရွယ်သာ ရှိသေးတဲ့ ဘာစီလိုနာရဲ့ လာမာစီယာ အကယ်ဒမီထွက် ကစားသမားလေးဟာ စီနီယာ အသင်းကြီး အတွက် ပွဲပေါင်း ၉၀ ကစားထားပြီး ၁၉ ဂိုး သွင်းကာ ဂိုးဖန်တီးမှု ၉ ကြိမ် ပြုလုပ်ထားပါတယ်။ ဖာမင်း လိုပက်ဇ်ဟာ ဒီရာသီ မှာတော့ ဘာစီလိုနာ အတွက် လာလီဂါ ပွဲစဉ် ၂ ပွဲမှာ စုစုပေါင်း ၇၃ မိနစ်သာ ပါဝင် ကစားထားရပြီး ထူးထူးခြားခြား ခြေစွမ်းပြနိုင်ခြင်းတော့ မရှိသေးပါဘူး။ ဘာစီလိုနာ ကတော့ လက်ရှိမှာ လာလီဂါ ပွဲစဉ် ၃ ပွဲ ကစားပြီး ရမှတ် ၇ မှတ်နဲ့ အဆင့် ၃ နေရာမှာ ရပ်တည်နေပါတယ်။ နိုင်ငံတကာ ရက်သတ္တပတ် ပြီးဆုံးရင်တော့ ဟန်ဆီ ဖလစ်ခ်ရဲ့ အသင်းက ဗလင်စီယာနဲ့ ရင်ဆိုင်ကစားရမှာ ဖြစ်ပါတယ်။
●●●
နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS
အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်
ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.