နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

ယူရို သန်း ၅၀နဲ့ ရိုဒရီဂိုကို အလိုက်ပေးကာ ဗစ်တင်ညာကို ခေါ်ယူမယ့် ရီးရဲလ်မက်ဒရစ်၊ ဒူးဒဏ်ရာကြောင့် ၅ လ ဝန်းကျင် အနားယူရမယ့် ဂါဗီ | လာလီဂါ

စက်တင်ဘာ ၂၅ ရက်နေ့ အတွက် ရရှိထားသမျှ လာလီဂါ ထိပ်တန်း ကလပ်တွေရဲ့ စိတ်ဝင်စားစရာ သတင်းတွေကို ဖော်ပြပေးသွားမှာ ဖြစ်ပါတယ်။

လာလီဂါ ထိပ်သီး ရီးရဲလ်မက်ဒရစ်ဟာ ပီအက်စ်ဂျီ ကွင်းလယ် ကစားသမား ဗစ်တင်ညာကို ယူရို သန်း ၅၀ + ရိုဒရီဂိုနဲ့ အလိုက်ပေး ကမ်းလှမ်း ခေါ်ယူဖို့ စိတ်အားထက်သန်နေကြောင်း သိရပါတယ်။ ရီးရဲလ်မက်ဒရစ်ဟာ လာမယ့် အပြောင်းအရွှေ့တွေမှာ ကွင်းလယ်ပိုင်းကို အဓိကထား အင်အား ဖြည့်တင်းဖို့ စီစဉ်နေပြီး ထိပ်တန်း ကစားသမား တော်တော်များများ ကိုလည်း ပစ်မှတ်ထား စောင့်ကြည့်လျက် ရှိနေပါတယ်။

ဂျူ့ဒ် ဘယ်လင်ဟမ်ရဲ့ ကြံ့ခိုင်မှု ပြန်လည် ကောင်းမွန်လာမှုကြောင့် အာဒါ ဂူလာ အနေနဲ့ ပုံမှန် ပွဲထွက်ခွင့် ပျောက်ဆုံးမှာကို စိုးရိမ်နေကြောင်း သိရပါတယ်။ အာဒါ ဂူလာဟာ ပြီးခဲ့တဲ့ အပြောင်းအရွှေ့တွေမှာတုန်း ကလည်း ရီးရဲလ်မက်ဒရစ် ကနေ အငှားနဲ့ ထွက်ခွာမယ်လို့ သတင်းတွေ ကြီးနေသူ ဖြစ်ပါတယ်။

ဂွန်ဇာလို ဂါစီယာ ကတော့ လာမယ့် ဇန်နဝါရီမှာ ရီးရဲလ်မက်ဒရစ် ကနေ အငှားထွက် ကစားဖို့ အလေးအနက်ထား စဉ်းစားနေတယ်လို့ သိရပါတယ်။ ဂီတာဖေး ကတော့ ဂွန်ဆာလို ဂါစီယာကို အငှားနဲ့ ခေါ်ယူချင်နေပါတယ်။

ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ် (FIFA)နဲ့ တောင်အမေရိက ဘောလုံးအဖွဲ့ချုပ် (CONMEBOL)ရဲ့ တာဝန်ရှိသူတွေဟာ ၂၀၃၀ ကမ္ဘာ့ဖလား ပြိုင်ပွဲကို အသင်းပေါင်း ၆၄ သင်း ပါဝင်တဲ့ ပြိုင်ပွဲအဖြစ် တိုးချဲ့ဖို့ ဆွေးနွေးခဲ့ကြကြောင်း သိရပါတယ်။ အင်္ဂါနေ့က နယူးယောက်ခ်မှာ ပြုလုပ်ခဲ့တဲ့ ဆွေးနွေးပွဲမှာ ဖီဖာ ဥက္ကဋ္ဌ အင်ဖန်တီနိုနဲ့ အတူ တောင်အမေရိက ဘောလုံးအဖွဲ့ချုပ် ဥက္ကဋ္ဌ အလက်ဂျန်ဒရို ဒိုမင်ဂွက်ဇ်၊ ဥရုဂွေးနဲ့ ပါရာဂွေး ဘောလုံးအဖွဲ့ချုပ် ဥက္ကဋ္ဌတွေ ပါဝင်ခဲ့ကြောင်း သိရပါတယ်။ ၂၀၃၀ ကမ္ဘာ့ဖလား ပြိုင်ပွဲ ကိုတော့ မော်ရိုကို၊ ပေါ်တူဂီနဲ့ စပိန်တို့က ပူးတွဲ အိမ်ရှင် အဖြစ် အဓိက လက်ခံ ကျင်းပမှာ ဖြစ်ပေမယ့် အာဂျင်တီးနား၊ ပါရာဂွေးနဲ့ ဥရုဂွေးနိုင်ငံတွေ မှာလည်း တစ်ပွဲစီ ကျင်းပသွားဖို့ ရှိနေပါတယ်။

လာလီဂါ ဥက္ကဋ္ဌ တီဘက်စ် ကတော့ ဘာစီလိုနာ ကစားသမား ယာမယ် အနေနဲ့ ဘယ်လွန်ဒေါဆုကို မရတာဟာ အသက်အရွယ်ကြောင့် ဖြစ်တယ်လို့ သုံးသပ်လိုက်ပါတယ်။ ယာမယ် အနေနဲ့ ၂၀၂၄ ခုနှစ် ဘယ်လွန်ဒေါဆု အတွက် ရွေးချယ်ရာမှာ အဆင့် ၈ နေရာ ရရှိခဲ့ပြီး ၂၀၂၅ ခုနှစ် မှာတော့ ဒုတိယ နေရာ ရခဲ့ပါတယ်။ အသက် ၁၈ နှစ်သာ ရှိနေသေးတဲ့ ယာမယ်ဟာ နှစ်နှစ်ဆက်တိုက် အကောင်းဆုံး လူငယ်ကစားသမားဆု (Kopa Trophy) သာ ရရှိခဲ့ပါတယ်။

ဒါကြောင့် လာလီဂါ ကလပ်က ဂါဗီ နေရာမှာ ကာလတို အစားထိုးဖို့ အတွက် မန်ချက်စတာယူနိုက်တက် အသင်းရဲ့ ကွင်းလယ် ကစားသမား ကိုဘီ မိန်းနူးကို ဇန်နဝါရီ အငှားနဲ့ ခေါ်ယူဖို့ ဆုံးဖြတ်လိုက်ပြီ ဖြစ်ပါတယ်။
ဂါဗီ နေရာ အတွက် မိန်းနူးနဲ့ ကာလတို အစားထိုးမယ့် ဘာစီလိုနာ

ဒူးဒဏ်ရာ ခွဲစိတ်ကုသမှု ခံယူခဲ့ရတဲ့ ဘာစီလိုနာ ကွင်းလယ်လူ ဂါဗီ အနေနဲ့ ၄ လ ကနေ ၅ လ ဝန်းကျင် အထိ အနားယူရမယ်လို့ သိရပါတယ်။ အသက် ၂၁ နှစ်သာ ရှိသေးတဲ့ စပိန် ကစားသမား ဂါဗီဟာ ၂၀၂၃ နိုဝင်ဘာတုန်းက ဒူးအရွတ် စုတ်ပြဲတဲ့ ဒဏ်ရာ ရရှိခဲ့တာကြောင့် ၁၁ လ ဝန်းကျင် အနားယူခဲ့ရဖူးပါတယ်။ အခုလည်း ညာဘက်ဒူးမှာပဲ ဒဏ်ရာ ထပ်ရခဲ့တာ ဖြစ်ပြီး ပထမအကြိမ်ကထက် ပြင်းထန်တယ်လို့ သိရပါတယ်။

ါကြောင့် လာလီဂါ ကလပ်က ဂါဗီ နေရာမှာ ကာလတို အစားထိုးဖို့ အတွက် မန်ချက်စတာယူနိုက်တက် အသင်းရဲ့ ကွင်းလယ် ကစားသမား ကိုဘီ မိန်းနူးကို ဇန်နဝါရီ အငှားနဲ့ ခေါ်ယူဖို့ ဆုံးဖြတ်လိုက်ပြီ ဖြစ်ပါတယ်။

   

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်