နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

အူပါမီကာနိုကို အလွတ် ပြောင်းရွှေ့ကြေးနဲ့ ခေါ်ယူချင်နေတဲ့ ရီးရဲလ်မက်ဒရစ်၊ ဇီဒန်းရဲ့ သားကို ခေါ်ယူဖို့ စောင့်ကြည့်နေတဲ့ ဘာစီလိုနာ | လာလီဂါ

အခုတစ်ခါမှာတော့ အောက်တိုဘာလ ၁၀ ရက်နေ့ အတွက် ရရှိထားသမျှ လာလီဂါရဲ့ စိတ်ဝင်စားစရာ သတင်းတွေကို ဖော်ပြပေးသွားမှာ ဖြစ်ပါတယ်။

ရီးရဲလ်မက်ဒရစ် ကတော့ ဘေယန်မြူးနစ်က ဒါယော့တ် အူပါမီကာနိုကို ခေါ်ယူဖို့ စိတ်ဝင်စားနေပါတယ်။ လာလီဂါ ကလပ်ဟာ ပြင်သစ် ဗဟိုခံစစ်မှူးကို လာမယ့် နွေရာသီ အပြောင်းအရွှေ့မှာ အလွတ် ပြောင်းရွှေ့ကြေးနဲ့ ခေါ်ယူဖို့ စဉ်းစားနေကြောင်း MARCA က ဖော်ပြပါတယ်။

ဘာစီလိုနာ ကတော့ စာချုပ် သက်တမ်း နောက်ဆုံး ၁၂ လထဲကို ရောက်ရှိလာတဲ့ ရောဘတ် လီဝမ်ဒေါစကီး နေရာမှာ အစားထိုးဖို့ လီဗန်တေး တိုက်စစ်မှူး အတ်တာ အီယောင်ကို ခေါ်ယူဖို့ စောင့်ကြည့်လျက် ရှိကြောင်း သိရပါတယ်။ 

အက်တလက်တီကိုမက်ဒရစ် ကတော့ ပေါ်တို ကွင်းလယ်လူ ဗစ်တာ ဖရိုဟို့ဒ်ကို ပရီးမီးယားလိဂ် ကလပ် ဘရိုက်တန်နဲ့ အပြိုင် ကြိုးပမ်းသွားဖို့ ရှိနေကြောင်း TEAMtalkက ဖော်ပြပါတယ်။

ဥရောပတစ်ဝှမ်းရှိ ကလပ်အသင်းတွေရဲ့ စိတ်ဝင်စားမှု တိုးလာနေချိန်မှာ လာလီဂါ ကလပ် ဘာစီလိုနာက အဲရစ် ဂါစီယာကို သက်တမ်း တိုးဖို့ ဦးစားပေး လုပ်ဆောင်နေကြောင်း သိရပါတယ်။ 

ခရစ္စတယ်ပဲလေ့စ် ကွင်းလယ် ကစားသမား အဒမ် ဝှာတန် ကတော့ ရီးရဲလ်မက်ဒရစ်ရဲ့ ပစ်မှတ် စာရင်းမှာ ထိပ်ဆုံးက ရှိနေခဲ့တယ်လို့ သိရပါတယ်။ စပိန် ထိပ်သီး တို့ဟာ အဒမ် ဝှာတန်ကို တိုနီ ခရူးစ်ရဲ့ နေရာမှာ အစားထိုးနိုင်မယ့် ကွင်းလယ် ဖန်တီးရှင်း အဖြစ် ရှုမြင်ထားကြပါတယ်။ 

ဥရောပတစ်ဝှမ်းရှိ ကလပ်အသင်းတွေရဲ့ စိတ်ဝင်စားမှု တိုးလာနေချိန်မှာ လာလီဂါ ကလပ် ဘာစီလိုနာက အဲရစ် ဂါစီယာကို သက်တမ်း တိုးဖို့ ဦးစားပေး လုပ်ဆောင်နေကြောင်း သိရပါတယ်။
ဘက်တစ်မှာ အရန်ကစားသမား အဖြစ် ရှိနေတဲ့ ဇီဒန်းရဲ့သား

ဆော်ဒီပရိုလိဂ်ရဲ့ ဆက်လက် စိတ်ဝင်စားနေတဲ့ ကြားက ရီးရဲလ်မက်ဒရစ်ဟာ ဗင်နီးစီးယပ်စ် ဂျူနီယာကို ယူရို သန်း ၂၅၀ (ဒေါ်လာ ၂၈၉ သန်း) ဈေးသတ်မှတ်ထားကြောင်း Fichajes က ဖော်ပြပါတယ်။

အင်္ဂလန် လက်ရွေးစင် အသင်း နည်းပြ သောမတ်စ် တူချယ်က ဝင်ဘလေကွင်းမှာ ပရိသတ်တွေရဲ့ အားပေးမှု နည်းပါးခြင်း အတွက် ပြစ်တင် စကားဆိုခဲ့ကြောင်း သိရပါတယ်။ အင်္ဂလန် လက်ရွေးစင် အသင်းဟာ မနေ့က ယှဉ်ပြိုင်ကစားခဲ့တဲ့ ခြေစမ်းပွဲမှာ ဝေးလ်စ်ကို ၃-၀ ရလဒ်နဲ့ အနိုင်ရရှိခဲ့ပြီး မော်ဂန် ရော်ဂျာစ်၊ ဝက်ကင်န်နဲ့ ဆာကာ တို့က သွင်းယူပေးခဲ့တာ ဖြစ်ပါတယ်။ ဝင်ဘလေကွင်းမှာ ယှဉ်ပြိုင်ကစားခဲ့တဲ့ အဲဒီပွဲကို ပရိသတ် ၇၈၁၂၆ ဦး လာရောက် ကြည့်ရှုခဲ့ကြပေမယ့် အားပေးမှုနည်းပါးခဲ့တာကြောင့် သောမတ်စ် တူချယ်က ဝင်ဘလေကွင်းဟာ အသံတိတ်နေခဲ့တယ်လို့ ဆိုခဲ့တာ ဖြစ်ပါတယ်။

မန်ချက်စတာယူနိုက်တက်ရဲ့ ရှယ်ယာရှင် ဆာဂျင်မ် ရက်ကလစ်ဖ်က အမော်ရင်ကို ၃ နှစ် အချိန်ပေးရမယ်လို့ ပြောခဲ့ပါတယ်။ လာမယ့် နိုဝင်ဘာလမှာ ဆိုရင် အမော်ရင် မန်ချက်စတာယူနိုက်တက်ကို ရောက်ရှိတာ တစ်နှစ် ပြည့်ပြီလည်း ဖြစ်ပါတယ်။ အမော်ရင် လက်ထက်မှာ မန်ချက်စတာယူနိုက်တက်က အဆိုးရွားဆုံး အချိန်တွေကို ဖြတ်သန်း နေရပါတယ်။ ဒါပေမယ့်လည်း ရက်ကလစ်ဖ် ကတော့ အာမော်ရင် ကသာ ယူနိုက်တက် အတွက် သင့်တော်သူလို့ ချီးကျုးခဲ့သလို အမော်ရင်ရဲ့ ရာထူး အတွက်လည်း အာမခံထားပြီး အချိန်ပေးသွားမယ်လို့ ပြောကြားခဲ့ပါတယ်။

ဘာစီလိုနာ ကတော့ ချီလီနိုင်ငံမှာ ကျင်းပနေတဲ့ ယူ-၂၀ ကမ္ဘာ့ဖလား ပြိုင်ပွဲကို ကင်းထောက်တွေ စေလွှတ်ပြီး ကစားသမား တချို့ကို စောင့်ကြည့်ခိုင်းထားရာမှာ ဇီဒန်းရဲ့ သား အဲလ်ယက်ဇ် ဇီဒန်းလည်း ပါဝင်နေကြောင်း သိရပါတယ်။ အသက် ၂၈ နှစ် အရွယ် နောက်ခံလူ အဲလ်ယက်ဇ်ဟာ ဇီဒန်းရဲ့ သား ၄ ယောက်ထဲမှာ အငယ်ဆုံး ဖြစ်ပြီး ပြင်သစ် ယူ – ၂၀ နဲ့ အတူ ယူ – ၂၀ ကမ္ဘာ့ဖလား ပြိုင်ပွဲ ယှဉ်ပြိုင် ကစားလျက် ရှိနေပါတယ်။ အဲလ်ယက်ဇ်ဟာ ရီးရဲလ်မက်ဒရစ် အကယ်ဒမီမှာ ၁၁ နှစ်ကြာ ဖြတ်သန်းခဲ့ပေမယ့် ၂၀၂၄ ဇန်နဝါရီမှာ ဘက်တစ်ကို ပြောင်းရွှေ့ခဲ့ပြီး လက်ရှိအချိန် မှာတော့ ဘက်တစ် အရန် အသင်းမှာ ကစားနေပါတယ်။

   

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်