အခုတစ်ခါမှာတော့ ဒီဇင်ဘာ ၂ ရက်နေ့ အတွက် ရရှိထားသမျှ လာလီဂါရဲ့ စိတ်ဝင်စားစရာ သတင်းတွေကို ဖော်ပြပေးသွားမှာ ဖြစ်ပါတယ်။
ရိုဒရီဂို ကတော့ လာလီဂါ ကလပ် ရီးရဲလ်မက်ဒရစ် ကနေ ထွက်ခွာဖို့ တရားဝင် တောင်းဆိုခဲ့ကြောင်း သိရပါတယ်။ ဘရာဇီးလ် တောင်ပံကစားသမား ကတော့ ဇန်နဝါရီမှာ အသင်း ကနေ ထွက်ခွာဖို့ မဖြစ်နိုင်ကြောင်း လက်ခံထားပေမယ့်လည်း လာမယ့် နွေရာသီမှာ ပြောင်းရွှေ့ဖို့ မျှော်လင့်ထားကြောင်း Defensa Central က ဖော်ပြပါတယ်။
ဘာစီလိုနာ ကင်းထောက်တွေ ကတော့ မကြာသေးခင်က အာဆင်နယ်နဲ့ လစ်ဗာပူးလ် ကင်းထောက်တွေနဲ့ အပြိုင် လိုက်ပ်ဇစ် ကွင်းလယ်လူ အက်ဆန် အူဒရာအိုဂိုရဲ့ ခြေစွမ်းကို စောင့်ကြည့်ခဲ့ကြောင်း သိရပါတယ်။ ဘွန်ဒက်စ်လီဂါ ကလပ်ဟာ အသက် ၁၉ နှစ် အရွယ် ကစားသမား အတွက် ယူရို ၁၀၀ သန်းခန့် (ပေါင် ၈၇.၆ သန်း၊ ဒေါ်လာ ၁၁၅.၉ သန်း) ရရှိဖို့ မျှော်လင့်ထားကြောင်း သိရပါတယ်။
ဂီရိုနာနဲ့ ၁-၁ သရေကျခဲ့တဲ့ပွဲ အပေါ် စိတ်ပျက်ခဲ့ရပေမယ့်လည်း ရီးရဲလ်မက်ဒရစ် တာဝန်ရှိသူတွေ ကတော့ နည်းပြ ဇာဘီ အလွန်ဆိုကို ဆက်လက် ထောက်ခံနေဆဲ ဖြစ်ကြောင်း သိရပါတယ်။
တခြား တစ်ဖက်မှာ ရီးရဲလ်မက်ဒရစ် ဘုတ်အဖွဲ့ဝင်တွေ ကတော့ အလွန်ဆိုရဲ့ အနာဂတ်နဲ့ ပတ်သတ်လို့ ဆွေးနွေးဖို့ ကြာသပတေးနေ့မှာ အရေးပေါ် အစည်းအဝေး တစ်ခု ကျင်းပရန် စီစဉ်ထားကြောင်း သိရပါတယ်။ ရီးရဲလ်မက်ဒရစ်ရဲ့ စီနီယာ ကစားသမား အများစု ကတော့ အလွန်ဆိုရဲ့ နေရာမှာ ဇနက်ဒင် ဇီဒန်းနဲ့ အစားထိုးလိုနေကြောင်း ထုတ်ဖော် ပြောဆိုထားခဲ့ကြပါတယ်။

ဇီဒန်း ကတော့ အလွန်ဆိုရဲ့ နေရာမှာ အစားထိုးဖို့ ဥက္ကဋ္ဌ ဖလော်ရန်တီနို ပီရက်ဇ်ရဲ့ အဓိက ပစ်မှတ် ဖြစ်ပြီး လစ်ဗာပူးလ် မန်နေဂျာဟောင်း ယာဂင် ကလော့ပ် ကလည်း ရည်မှန်းချက် ကြီးမားတဲ့ အစားထိုး ရွေးချယ်မှု တစ်ခု ဖြစ်ကြောင်း Fichajes က ဖော်ပြပါတယ်။
ဘာစီလိုနာ ကတော့ အသက် ၁၇ နှစ် အရွယ် အဲလ်အာလီ တိုက်စစ်မှူး ဟမ်ဇာ အဗ္ဗဒယ် ကာရင်မ်ကို စိတ်ဝင်စားနေကြောင်း သိရပါတယ်။
ဘာစီလိုနာ ကတော့ ဟန်စီ ဖလစ်ခ် မပါတဲ့ အနာဂတ် အတွက် အလေးအနက်ထား စဉ်းစားနေကြောင်း သိရပါတယ်။ လက်ရှိ ကိုမို နည်းပြ ဆက်စ် ဖာဘရီဂတ်စ် ကတော့ လာလီဂါ ကလပ်ရဲ့ အနာဂတ် နည်းပြ စာရင်းမှာ ထိပ်ဆုံးက ရှိနေပါတယ်။
ဆန်းတို့စ်ရဲ့ ဆယ်ကျော်သက် ကစားသမား ယာအို ဗစ်တာ ဒီ ဆူဇာ ကတော့ “မာဆယ်လို လက်သစ်” အဖြစ် သတ်မှတ်ခံထားရပြီး ဘာစီလိုနာရဲ့ ရေဒါထဲမှာ ပါဝင်နေပါတယ်။ ဘေယန်မြူးနစ်နဲ့ ချဲလ်ဆီးတို့ ကလည်း ဘရာဇီးလ် ဘယ်နောက်ခံလူကို စိတ်ဝင်စားနေပြီး သူ့ရဲ့ စာချုပ်ဖျက်သိမ်းကြေး ကတော့ ယူရို ၁၅ သန်း (ဒေါ်လာ ၁၃.၁ သန်း) ရှိနေပါတယ်။
စပိန် ထိပ်သီး ကလပ်ဟာ မန်ချက်စတာစီးတီးရဲ့ ယူရို ၁၅၀ သန်း (ပေါင် ၁၁၃.၄ သန်း၊ ဒေါ်လာ ၁၇၃.၈ သန်း) ကမ်းလှမ်းမှုကို လက်ခံမယ် ဆိုရင်တော့ ဗင်နီးစီးယပ်စ်ဟာ ရီးရဲလ်မက်ဒရစ် သမိုင်းမှာ ဈေးအကြီးဆုံး ရောင်းချမှု ဖြစ်လာနိုင်ပါတယ်။ ဘရာဇီးလ်သားဟာ မန်စီးတီးရဲ့ စံချိန်တင် ခေါ်ယူမှုလည်း ဖြစ်လာမှာပါ။
●●●
နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS
အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်
ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.


