အခုတစ်ခါမှာတော့ နိုဝင်ဘာ ၂၄ ရက်နေ့ အတွက် ရရှိထားသမျှ လာလီဂါရဲ့ စိတ်ဝင်စားစရာ သတင်းတွေကို ဖော်ပြပေးသွားမှာ ဖြစ်ပါတယ်။
ဒါယော့တ် အူပါမီကာနို ကတော့ လစ်ဗာပူးလ်ကို ပြောင်းရွှေ့လိုခြင်း မရှိကြောင်း သိရပါတယ်။ ဘေယန်မြူးနစ် နောက်ခံလူဟာ ဂျာမနီ ကနေ ထွက်ခွာ ဖြစ်ခဲ့ရင် လာလီဂါ ကလပ် ရီးရဲလ်မက်ဒရစ်နဲ့ ပြင်သစ် ထိပ်သီး ပီအက်စ်ဂျီထံ ပြောင်းရွှေ့ဖို့ ပိုမို လိုလားနေကြောင်း သိရပါတယ်။
ဂျူဗင်တပ်စ် ကတော့ ဂရန်းနစ် ချာကာကို ခေါ်ယူလိုနေကြောင်း သိရပါတယ်။ ဆန်းဒါးလန်း ကွင်းလယ်လူဟာ ဒီရာသီ ပရီးမီးယားလိဂ်ရဲ့ အကောင်းဆုံး ခေါ်ယူမှုလို့ သတ်မှတ်ခံထားရပြီး အသက်အရွယ်နဲ့ မလိုက်အောင် ခြေစွမ်းပြနေသူ ဖြစ်ပါတယ်။
လာလီဂါ ကလပ် ရီးရဲလ်မက်ဒရစ် ကတော့ ပီအက်စ်ဂျီ ကြယ်ပွင့် ကစားသမား ဗစ်တင်ညာ အတွက် ယူရို ၁၅၀ သန်း (ဒေါ်လာ ၁၇၂.၈ သန်း) ကမ်းလှမ်းမှု တစ်ခု ပြင်ဆင်နေပါတယ်။ ဒါပေမယ့် လက်ရှိ ချန်ပီယံလိဂ် ချန်ပီယံ တို့ဟာ ပေါ်တူဂီ ကွင်းလယ် ကစားသမားကို ရောင်းချဖို့ စိတ်မဝင်စားကြောင်း သိရပါတယ်။
ရီးရဲလ်မက်ဒရစ်နဲ့ ဗင်နီးစီးယပ်စ် တို့ဟာ ဒီနွေရာသီကာလမှာ ဆက်ဆံရေး တင်းမာခဲ့ပြီးနောက် လက်ရှိမှာတော့ စာချုပ် ဆွေးနွေးမှုတွေကို ပြန်လည် စတင်ခဲ့ကြောင်း သိရပါတယ်။ ဘရာဇီးလ်သားဟာ နည်းပြ ဇာဘီ အလွန်ဆိုနဲ့ အဆင်မပြေမှုတွေ ရှိနေပေမယ့်လည်း မက်ဒရစ် မှာပဲ ဆက်ရှိနေချင်ကြောင်း AS က ဖော်ပြပါတယ်။
ဖီနာဘာချီက ဘာစီလိုနာ တိုက်စစ်မှူး ရောဘတ် လီဝမ်ဒေါစကီးကို စိတ်ဝင်စားနေတဲ့ နောက်ဆုံး အသင်း ဖြစ်ပါတယ်။ တူရကီ ကလပ်ဟာ ပိုလန်သားကြီးကို တစ်နှစ်ခွဲ စာချုပ်ချုပ်ဆိုဖို့ တွန်းအားပေးနေပေမယ့် လီဝမ်ဒေါစကီး ကတော့ နောက်ထပ် တစ်နှစ် ပိုပြီး လိုချင်နေပါတယ်။

ရီးရဲလ်မက်ဒရစ် ကတော့ မိုက်ကယ် အိုလီဆေးကို ရိုဒရီဂိုရဲ့ နေရာမှာ အစားထိုးဖို့ အလားအလာ ရှိတဲ့ ကစားသမား အဖြစ် သတ်မှတ်ထားပါတယ်။ ဒါပေမယ့်လည်း ဘေယန်မြူးနစ်ဟာ ပြင်သစ်သားကို အသင်း ကနေ ထွက်ခွာခွင့်ပြုဖို့ ရည်ရွယ်ချက် မရှိပါဘူး။ လာလီဂါ ကလပ် ဘက်ကတော့ အိုလီဆေးကို ခေါ်ယူဖို့ အသေအချာ ကြိုးပမ်းဖွယ် ရှိကြောင်း Defensa Central က ဖော်ပြပါတယ်။
ရီးရဲလ်မက်ဒရစ်ဟာ ခါးသီး ပြိုင်ဘက် ဘာစီလိုနာရဲ့ လာမာစီယာ ကြယ်ပွင့် အီဘရီမာ တန်ကာရာကို လုယူဖို့ ကြိုးပမ်းသွားဖွယ် ရှိနေပါတယ်။ အသက် ၁၅ နှစ်အရွယ် ကစားသမားရဲ့ ဘာစီလိုနာနဲ့ စာချုပ်သက်တမ်းဟာ ဇွန်လမှာ ကုန်ဆုံးတော့မှာ ဖြစ်ပြီး ကွင်းလယ်နဲ့ တောင်ပံမှာ သူ့ရဲ့ စွယ်စုံရစွမ်းရည်က လော့စ်ဘလန်ကို့စ် တို့ရဲ့ အာရုံစိုက်မှုကို ဖမ်းစားနိုင်ခဲ့ကြောင်း Fichajes က ဖော်ပြပါတယ်။
လစ်ဗာပူးလ် အသင်း ပိုင်ရှင်တွေဟာ လက်ရှိ နည်းပြ အာနေး ဆလော့တ် အပေါ် အပြည့်အဝ ယုံကြည်နေကြဆဲ ဖြစ်ပြီး ယခုနှစ်ကုန် အထိ ဘာအပြောင်းအလဲမှ ပြုလုပ်သွားမှာ မဟုတ်ကြောင်း သိရပါတယ်။ ဆလော့သ်ဟာ လက်ရှိ ပုံစံကို ပြောင်းလဲနိုင်ဖို့ အတွက် ပီအက်စ်ဂျီက ယာအို နီးဗက်စ်ကို စံချိန်တင် ပမာဏနဲ့ ထပ်မံ ကမ်းလှမ်းလိုနေကြောင်း သိရပါတယ်။
အာဆင်နယ် ကတော့ နော့တင်ဟမ်ဖောရက်စ် နောက်ခံလူ မူရီလိုကို အရ ခေါ်ယူပြီး လာမယ့် ဆောင်းရာသီမှာ အသင်းကို အင်အား တောင့်တင်းစေဖို့ မျှော်လင့်နေပါတယ်။
အက်စတွန်ဗီလာ ကတော့ ဂျေဒန် ဆန်ချိုကို လုပ်ခလစာ အပြည့်ပေးချေမှာ မဟုတ်တာကြောင့် ဆန်ချို တစ်ယောက် အသင်းဟောင်း ဒေါ့မန်ဆီ ကိုပဲ ပြန်လည် ပြောင်းရွှေ့ဖို့ စီစဉ်နေကြောင်း သိရပါတယ်။
●●●
နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS
အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်
ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.


