နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

ကစားသမားဘဝ ကနေ အနားယူတော့မယ့် အဲလ်ဘာကို နှုတ်ဆက်ခဲ့ကြတဲ့ မက်ဆီ၊ ဆွာရက်ဇ်နဲ့ နေမာ | မေဂျာလိဂ်

စပိန် နာမည်ကျော် နောက်ခံလူ တစ်ဦး ဖြစ်တဲ့ ယော်ဒီ အဲလ်ဘာ ကတော့ ရာသီအကုန်မှာ ကစားသမားဘဝ ကနေ အနားယူတော့မှာ ဖြစ်ကြောင်း မထင်မှတ်ပဲ ကြေညာသွားခဲ့ပါတယ်။ ဒါကြောင့် သူ့ရဲ့ မေဂျာလိဂ် ကလပ် အင်တာမိုင်ယာမီ အသင်းဖော် လီယွန်နယ် မက်ဆီ ကတော့ အံ့အားသင့်လျက် ရှိနေပါတယ်။ လီယွန်နယ် မက်ဆီက အဲလ်ဘာရဲ့ အနားယူကြောင်း ကြေညာအပြီးမှာ စပိန်သား မပါဘဲ ကစားရမယ့် အနာဂတ်က “ထူးဆန်းတယ်” လို့ပါ ပြောကြားခဲ့တာ ဖြစ်ပါတယ်။

မက်ဆီနဲ့ အဲလ်ဘာ တို့ဟာ ဘာစီလိုနာနဲ့ လက်ရှိ မေဂျာလိဂ် ကလပ် အင်တာမိုင်ယာမီမှာ ပွဲပေါင်း ၄၁၃ ပွဲ၊ မိနစ်ပေါင်း ကတော့ ၃၂၇၇၀ မိနစ် တွဲဖက် ကစားခဲ့ဖူးပါတယ်။ ဒါ့အပြင် အဲလ်ဘာက အင်တာမိုင်ယာမီ နည်းပြ ဂျားဗီးယား မာရှေယာနိုနဲ့ ပွဲပေါင်း ၄၁၄ ပွဲ၊ အင်နီယေစတာနဲ့ ၄၈၉ ပွဲ၊ ဂျရတ် ပီကေး နဲ့ ၅၀၆ ပွဲ၊ ဘူးစကွက်စ်နဲ့ ၆၄၃ ပွဲ တွဲဖက် ကစားခဲ့ပါတယ်။

အသက် ၃၆ နှစ် အရွယ် ရှိပြီ ဖြစ်တဲ့ အဲလ်ဘာက လာမယ့် မေလမှာ အင်တာမိုင်ယာမီနှင့် စာချုပ်သစ် ချုပ်ဆိုထားပေမယ့်လည်း ၂၀၂၅ ခုနှစ် ဘောလုံးရာသီ အကုန်မှာ အနားယူဖို့ စီစဉ်ထားကြောင်း အင်္ဂါနေ့မှာ အံ့အားသင့်ဖွယ် ကြေညာခဲ့ပါတယ်။ ယော်ဒီ အဲလ်ဘာက လာမယ့် ၂၀၂၇ ခုနှစ် အထိ မေဂျာလိဂ် ကလပ်နဲ့ စာချုပ်သက်တမ်း ကျန်ရှိနေသူ ဖြစ်ပါတယ်။

ယော်ဒီ အဲလ်ဘာက လာမယ့် ၂၀၂၇ ခုနှစ် အထိ မေဂျာလိဂ် ကလပ်နဲ့ စာချုပ်သက်တမ်း ကျန်ရှိနေသူ ဖြစ်ပါတယ်။
၂၀၂၇ ခုနှစ် အထိ မေဂျာလိဂ် ကလပ်နဲ့ စာချုပ်သက်တမ်း ကျန်ရှိနေတဲ့ အဲလ်ဘာ

အဲလ်ဘာက “ဘဝမှာ တကယ့်ကို အဓိပ္ပာယ် ပြည့်ဝတဲ့ အခန်းကဏ္ဍ တစ်ခု အဆုံးသတ်ရမယ့် အချိန် ရောက်ရှိလာပါပြီ။ ဒီရာသီ အကုန်မှာ ကျွန်တော့်ရဲ့ ပရော်ဖက်ရှင်နယ် ဘောလုံးသမားဘဝကို အဆုံးသတ်ဖို့ ဆုံးဖြတ်လိုက်ပါပြီ။ ဒီဆုံးဖြတ်ချက်ကို ခိုင်မာတဲ့ ခံယူချက်၊ အေးချမ်းမှု၊ ပျော်ရွှင်မှုတွေနဲ့ အတူ ကျွန်တော် ချမှတ်ခဲ့တာပါ။” လို့ အင်စတာဂရမ် ကနေ တဆင့် ဗီဒီယိုနဲ့ တကွ ပြောကြားခဲ့တာ ဖြစ်ပါတယ်။

ဒီလို ကြေညာချက်အပြီး မှာတော့ လီယွန်နယ် မက်ဆီ၊ လူးဝစ္စ ဆွာရက်ဇ်နဲ့ နေမာ ဂျူနီယာ တို့က ဂုဏ်ပြု နှုတ်ဆက် စကားဆိုခဲ့ကြပါတယ်။ အဲလ်ဘာက ပရော်ဖက်ရှင်နယ် ကစားသမားဘဝကို ၂၀၀၆ ခုနှစ်မှာ စတင်ခဲ့တာ ဖြစ်တာကြောင့် ၁၉ နှစ် အကြာမှာ အနားယူဖို့ ဆုံးဖြတ်ခဲ့ခြင်း ဖြစ်ပါတယ်။ အဲလ်ဘာရဲ့ အနားယူမယ့် ကြေညာချက် အတွက် မက်ဆီက “ကျေးဇူးပါ ယော်ဒီ။ ငါ မင်းကို လွမ်းနေရတော့မှာပါ။ ငါတို့ အတူလုပ်ဆောင်ခဲ့တာတွေ အများကြီး ရှိခဲ့တာကြောင့် မင်းမရှိတော့မယ့် ခံစားချက်က နေမထိထိုင်မသာ ဖြစ်နေတော့မှာပါ။ ပြီးခဲ့တဲ့နှစ်တွေ အတွင်း ငါ့အတွက် မင်းဖန်တီးပေးခဲ့တာတွေ ဘယ်လောက်တောင် များခဲ့သလဲ။ အခု ဘယ်သူက ငါ့ဆီ ဘောလုံး ပေးပို့တော့မှာလဲ။” လို့ ရေးသားခဲ့ပါတယ်။ ဆွာရက်ဇ် ကတော့ “ဘယ်လိုပြောရမလဲ ညီကို။ မင်းက ပျော်ရွှင်ဖို့ ခွဲထွက်သွားတာပဲ။” လို့ ပြောကြားခဲ့ပြီး နေမာ ကတော့ “မင်းက ကြီးကျယ် ခမ်းနားတဲ့သူပါ။ နှုတ်ဆက်ပါတယ်။” လို့ ပြောကြားခဲ့ပါတယ်။မက်ဆီ၊ ဆွာရက်ဇ်၊ နေမာ တို့ရဲ့ နောက်ထပ် ဘာစီလိုနာ အသင်းဖော်ဟောင်း ဆာဂျီယို ဘူးစကွက်စ် ကလည်း ရာသီအကုန်မှာ အနားယူဖို့ စီစဉ်ထားပါတယ်။

   

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်