နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

တော့တင်ဟမ်ဟော့စပါး ကနေ ထွက်ခွာရတာက အခက်အခဲဆုံး ဆုံးဖြတ်ချက် ဖြစ်ခဲ့ပါတယ် ဆိုတဲ့ ဆွန်ဟောင်မင် | မေဂျာလိဂ်

တောင်ကိုရီးယား ဝါရင့် တိုက်စစ် ကစားသမား ဆွန်ဟောင်မင် ကတော့ တော့တင်ဟမ်ဟော့စပါးမှာ ဆယ်စုနှစ် တစ်ခုအကြာ ကစားပြီးနောက် အမေရိကန်ကို ပြောင်းရွှေ့သွားခဲ့ပြီ ဖြစ်ပါတယ်။ ဆွန်ဟောင်မင်က ဒီနွေရာသီမှာပဲ စပါးနဲ့ စာချုပ်သက်တမ်း ကုန်ဆုံးပြီးနောက် အမေရိကန် မေဂျာလိဂ် ကလပ် အဲလ်အေအက်ဖ်စီကို တရားဝင် ပြောင်းရွှေ့ခဲ့တာ ဖြစ်ပါတယ်။ 

   မေဂျာလိဂ် ကလပ်ဟာ အသက် ၃၃ နှစ် အရွယ် ဆွန်ဟောင်မင် အတွက် ပြောင်းရွှေ့ကြေး အမေရိကန် ဒေါ်လာ ၂၆.၅သန်း (ပေါင် ၁၉.၈ သန်းခန့်) အသုံးပြုခဲ့ရပါတယ်။ ဒါဟာ မေဂျာလိဂ် ပြိုင်ပွဲ သမိုင်းတစ်လျှောက် စံချိန်တင် ပြောင်းရွှေ့ကြေးလည်း ဖြစ်ပါတယ်။ ဆွန်ဟာ ပြီးခဲ့တဲ့ နယူးကာဆယ်ယူနိုက်တက်နဲ့ ရာသီကြို ခြေစမ်းပွဲ မတိုင်ခင်မှာ သူ့အနေနဲ့ မြောက်လန်ဒန် ကနေ ထွက်ခွာတော့မှာ ဖြစ်ကြောင်း အတည်ပြု ကြေညာခဲ့ပါတယ်။ 

အသက် ၃၃ နှစ် အရွယ် ရှိပြီ ဖြစ်တဲ့ တောင်ကိုရီးယားသားက ပြီးခဲ့တဲ့ရာသီက ၂၀၀၈ ခုနှစ် နောက်ပိုင်း စပါး အတွက် ပထမဦးဆုံးသော အဓိက ဆုဖလား ဖြစ်တဲ့ ယူရိုပါလိဂ် ဖလား ရယူနိုင်ခဲ့ပါတယ်။ အဲဒီနောက် ဆွန်က မေဂျာလိဂ် ကလပ် လော့စ်အိန်ဂျယ်လိစ် အက်ဖ်စီမှာ အသင်းဖော်ဟောင်း ဟူဂို လိုရစ်နဲ့ ပြန်လည် ပူးပေါင်းတော့မှာလည်း ဖြစ်ပါတယ်။

၁၀ နှစ်ကြာ ကစားခဲ့တဲ့ ပရီးမီးယားလိဂ် ကလပ်နဲ့ လမ်းခွဲခဲ့ရချိန်မှာတော့ ဆွန်က အခုလိုပဲ ပြောကြားသွားခဲ့ပါတယ်။ “ဒီအတွက် မှန်ကန်တဲ့ စကားလုံးတွေကို ဘယ်လိုရှာရမလဲ မသိပါဘူး။ ကျွန်တော် ရက်အတော်ကြာအောင် တွေးတောနေခဲ့ပါတယ်။ မဖြစ်နိုင်ခဲ့ပါဘူး။ ဒါပေမယ့် ကျွန်တော် သွားပါပြီ။” လို့ ဆွန်က သူ့ရဲ့ အင်စတာဂရမ် ကနေ တဆင့် စိတ်လှုပ်ရှားစွာပဲ နှုတ်ဆက်တဲ့ ပို့စ်ကို ရေးသားခဲ့တာ ဖြစ်ပါတယ်။

အဲဒီနောက် ဆွန်က မေဂျာလိဂ် ကလပ် လော့စ်အိန်ဂျယ်လိစ် အက်ဖ်စီမှာ အသင်းဖော်ဟောင်း ဟူဂို လိုရစ်နဲ့ ပြန်လည် ပူးပေါင်းတော့မှာလည်း ဖြစ်ပါတယ်။
စပါးနဲ့ နောက်ဆုံး ရာသီမှာ ယူရိုပါလိဂ် ဖလား ရရှိခဲ့တဲ့ ဆွန်ဟောင်မင်

ဆက်လက်ပြီး ဆွန်က “ကျွန်တော် တော့တင်ဟမ်ဟော့စပါးကို နှုတ်ဆက်ရမယ့် အချိန်ပါပဲ။ ၁၀ နှစ်လောက် ကျွန်တော့်ရဲ့ အိမ် ဖြစ်ခဲ့တာပါ။ ၂၀၁၅ မှာ ကျွန်တော် ရောက်လာတုန်းက အင်္ဂလိပ် စကားမပြောတတ်၊ လန်ဒန်ကို မသိခဲ့ပေမယ့် ခင်ဗျား တို့က ကျွန်တော့်ကို လက်နှစ်ဖက်နဲ့ ကြိုဆိုခဲ့ကြတယ်။ ကျွန်တော့်ကို ယုံကြည်ပြီး အနိမ့်အမြင့်တိုင်းကို အတူတူ ကျော်ဖြတ်ပြီး ကျွန်တော့် ဘေးမှာ ရပ်တည်ပေးခဲ့ကြတယ်။”

“ကျွန်တော်က အိပ်မက်ကြီးကြီး မက်တတ်တဲ့ ကိုရီးယားက ကောင်လေး တစ်ယောက်ပါပဲ။ အခု ၁၀ နှစ်လောက် ကြာတော့ မြောက်လန်ဒန်က ကျွန်တော့်ရဲ့ နှလုံးသားထဲမှာ ထာဝရ ရှိသွားပါတော့မယ်။ ကျွန်တော်က ဒီမှာ တစ်သက်လုံး ပေါင်းသင်းလို့ ရမယ့် သူငယ်ချင်းတွေ ရှိထားပါတယ်။ ဒီမှာ ခေါင်းဆောင် တစ်ယောက် ဖြစ်လာလို့ ဂုဏ်ယူခဲ့ရပြီး ကျွန်တော့်ရဲ့ နှလုံးသားနဲ့ ဝိညာဉ်ကို ဒီကလပ်ထဲကို သွန်းလောင်းခဲ့တယ်။ ဒါက အခက်ခဲဆုံး ဆုံးဖြတ်ချက် တစ်ခုပါပဲ။”

“ကျွန်တော် ဒီကနေ ထွက်သွားရမယ် ဆိုရင် ကျွန်တော် တို့ရဲ့ တာဝန်တွေ အတူတူ ပြီးမြောက်ချင်ခဲ့ပြီး အကောင်းဆုံး အနေအထားမှာ ရှိနေရမယ်လို့ ကျွန်တော် တွေးခဲ့ပါတယ်။ ဂုဏ်ယူစွာဖြင့်…။” ဆိုပြီး နှုတ်ဆက်စာကို အသေအချာ ရေးသားခဲ့တာ ဖြစ်ပါတယ်။ဆွန်ဟာ စပါး အတွက် ပြိုင်ပွဲစုံမှာ ၁၇၃ ဂိုး သွင်းယူကာ ၁၀၁ ဂိုး ဖန်တီးပေးခဲ့ပါတယ်။ ဒါ့အပြင် ဆွန်က ပရီးမီးယားလိဂ် မှာတော့ ပွဲပေါင်း ၃၃၃ ပွဲ ကစားပြီး ၁၂၇ ဂိုး သွင်းယူကာ စပါး အတွက် ဂန္တဝင် တစ်ဦးလည်း ဖြစ်ခဲ့သူပါ။ ဒါ့အပြင် တောင်ကိုရီးယား အသင်း ခေါင်းဆောင်က စပါး အတွက် အဓိက ပြိုင်ပွဲ အဖြစ် ယူနိုက်တက်ကို အနိုင်ရခဲ့တဲ့ ယူရိုပါလိဂ် ပွဲစဉ်မှာ ပါဝင်ကစားခဲ့ပြီး သမိုင်းဝင် အောင်မြင်မှုလည်း ရယူနိုင်ခဲ့တာ ဖြစ်ပါတယ်။

   

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်