ဖလော်ရီယန် ဝစ်ဇ် အနေနဲ့ ပရီးမီးယားလိဂ် ကလပ် လစ်ဗာပူးလ်မှာ အောင်မြင်လိမ့်မယ် ဆိုတာ သံသယ ဖြစ်စရာ မရှိကြောင်း ဇာဘီ အလွန်ဆိုက ပြောဆိုလိုက်ပါတယ်။ လက်ရှိ ရီးရဲလ်မက်ဒရစ် နည်းပြ ဇာဘီ အလွန်ဆိုက သူ့ရဲ့ တပည့်ဟောင်း အနေနဲ့ လစ်ဗာပူးလ် အတွက် ခြေစွမ်းပြနိုင်ဖို့ “အချိန်ကာလ တစ်ခုသာ” လိုအပ်တယ်လို့ ယုံကြည်နေတာ ဖြစ်ပါတယ်။
ဂျာမန် လက်ရွေးစင်ဟာ ပြီးခဲ့တဲ့ နွေရာသီ အပြောင်းအရွှေ့မှာ ဘေယာ လေဗာကူဆင် ကနေ ပေါင် ၁၀၉.၆ သန်း (ယူရို ၁၂၅ သန်း) နဲ့ လစ်ဗာပူးလ်ဆီ ပြောင်းရွှေ့လာခဲ့သူ ဖြစ်ပါတယ်။ ဒါပေမယ့်လည်း ဝစ်ဇ်က ပရီးမီးယားလိဂ် ချန်ပီယံတွေဆီ ရောက်ရှိချိန်ကတည်းက သူ့ရဲ့ ပုံစံကောင်း တစ်ခု ပျောက်ဆုံးသွားခဲ့ပြီး ရုန်းကန်နေရပါတယ်။ ဝစ်ဇ်ဟာ လစ်ဗာပူးလ် အတွက် ပြိုင်ပွဲစုံ ၁၄ ပွဲ ကစားပြီးချိန်မှာ သွင်းဂိုး တစ်ဂိုးမှ မရသေးပဲ ပြီးခဲ့တဲ့လက ဖရန့်ဖတ်ကို ၅-၁နဲ့ အနိုင်ရခဲ့တဲ့ ချန်ပီယံလိဂ် ပွဲစဉ် မှာသာ ဂိုးဖန်တီးမှု နှစ်ကြိမ် ပြုလုပ်ထားနိုင်ပါတယ်။ ပဲလေ့စ်နဲ့ ကွန်မြူနတီဒိုင်းမှာ ပွဲစဉ်က ဂိုးဖန်တီးမှု ၁ ကြိမ်နဲ့ ဆိုရင် စုစုပေါင်း ၃ ကြိမ် ဖြစ်ပါတယ်။
ဝစ်ဇ် အနေနဲ့ သူ့ အတွက် ပေးချေခဲ့ရတဲ့ တန်ကြေးနဲ့ ထိုက်တန်တဲ့ ခြေစွမ်းမျိုး မပြသနိုင်သေးတာကြောင့် ဘောလုံးလောက တစ်ခုလုံးရဲ့ ဝိုင်းပြီး ဝေဖန်ခြင်းကို ခံနေရပြီ ဖြစ်ပါတယ်။ ဒီအချိန်မှာ လေဗာကူဆင်မှာတုန်းက ဝစ်ဇ်နဲ့ အတွဲညီခဲ့တဲ့ အလွန်ဆိုကို သူ့ရဲ့ တပည့်ဟောင်း ဘက်ကနေ ကာကွယ် ပြောဆိုပေးခဲ့တာလည်း ဖြစ်ပါတယ်။ စပိန်လူမျိုး နည်းပြဟာ ဒီကနေ့ည ကစားမယ့် ချန်ပီယံလိဂ် ပွဲစဉ် မှာတော့ အန်ဖီးလ်မှာ ဝစ်ဇ်နဲ့ ပြန်လည် ဆုံတွေ့ရဖို့ ရှိနေတာလည်း ဖြစ်ပါတယ်။

ဝစ်ဇ်ဟာ လေဗာကူဆင်ကို အလွန်ဆို တာဝန်ယူစဉ် ကာလအတွင်း ပြိုင်ပွဲစုံ အရပ်ရပ် ပွဲပေါင်း ၁၁၉ ပွဲ ပါဝင် ကစားခဲ့ပြီး ဂိုးပါဝင် ပတ်သတ်မှု ၇၉ ကြိမ် (၃၈ ဂိုး၊ ၄၁ ဂိုး ဖန်တီး) ပြုလုပ်နိုင်ခဲ့ပါတယ်။ ဒါကြောင့် အလွန်ဆိုက ဖလော်ရီယန် ဝစ်ဇ် အနေနဲ့ မကြာခင်မှာ သူ့ရဲ့ ကလပ် အသစ် အတွက် ပြောင်းရွှေ့ကြေးနဲ့ ထိုက်တန်တဲ့ ခြေစွမ်းကို ပြသနိုင်မယ်လို့ အခုလိုပဲ ပြောကြားခဲ့ပါတယ်။
“ကျွန်တော် သံသယ မရှိပါဘူး။ အချိန်ကာလ တစ်ခုပါပဲ။ ဂျာမနီမှာ နှစ်ပေါင်းများစွာ နေပြီးတဲ့နောက် လစ်ဗာပူးလ်ကို ရောက်ရှိလာပြီး သူ့ဘဝ တစ်လျှောက်လုံး အဲဒီမှာ ရှိနေခဲ့တာက သူ့အတွက် အခွင့်အရေးကြီး တစ်ခုပါပဲ။ သူ လိုက်လျောညီထွေ ဖြစ်အောင် လုပ်ဖို့ လိုအပ်ပေမယ့် သူက အရမ်းပဲ ထူးခြားတဲ့ ကစားသမားပါ။ သူက ယှဉ်ပြိုင်နိုင်စွမ်း ရှိတယ်။ ကျွန်တော် ဒီမှာ ရှိနေရခြင်း အကြောင်းရင်း တစ်ခုက ဖလို (ဝစ်ဇ်) ကြောင့်ပါ။ မနက်ဖြန် မဟုတ်ရင်တောင် မကြာခင်မှာ သူ့ရဲ့ အရည်အသွေးနဲ့ သူ့ရဲ့ အဆင့်အတန်းကို ပြသနိုင်မယ်လို့ မျှော်လင့်ပါတယ်။” လို့ ပြောကြားသွားခဲ့ပါတယ်။
လစ်ဗာပူးလ်ဟာ ရီးရဲလ်မက်ဒရစ်နဲ့ ပြိုင်ပွဲစုံ နောက်ဆုံး ထိပ်တိုက် တွေ့ဆုံမှု ၉ ကြိမ်မှာ ၁ ကြိမ်သာ အနိုင်ရထားပြီး ၇ ကြိမ် အထိ ရှုံးထားပါတယ်။ ပြီးခဲ့တဲ့ ရာသီက ချန်ပီယံလိဂ် တွေ့ဆုံမှု မှာတော့ လစ်ဗာပူးလ်က ရီးရဲလ်မက်ဒရစ်ကို အန်ဖီးလ်မှာ ၂-၀ နဲ့ အနိုင်ရထားပါတယ်။ လစ်ဗာပူးလ်ဟာ နောက်ဆုံး ကစားခဲ့တဲ့ ပွဲမှာတော့ အက်စတွန်ဗီလာကို ၂-၀ နဲ့ အနိုင်ရထားပြီးတော့ ပရီးမီးယားလိဂ် မှာ ရှုံးပွဲ ဆက်နေမှုကို ရပ်တန့်ထားနိုင်ပါတယ်။
●●●
နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS
အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်
ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.


