နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

ယူနိုက်တက် ရှုံးနိမ့်နေခြင်းက ၃-၄-၃ ကစားပုံနဲ့ မသက်ဆိုင်ဘူးလို့ ဆိုလိုက်တဲ့ အမော်ရင် | ပရီးမီးယားလိဂ်

ရူဘင် အမော်ရင် ကတော့ ပရီးမီးယားလိဂ် ကလပ် မန်ချက်စတာယူနိုက်တက်ကို စတင် ကိုင်တွယ်ချိန် ကတည်းက ၃-၄-၃ အခင်းအကျင်းကို အဓိက အသုံးပြုနေခဲ့သူ ဖြစ်ပါတယ်။ ဒါပေမယ့်လည်း ယူနိုက်တက်ဟာ ရလဒ်ပိုင်းရော၊ ခြေစွမ်းပိုင်း မှာပါ တိုးတက်လာခြင်း မရှိပဲ ရုန်းကန်နေရတာကြောင့် ဝေဖန်မှုတွေနဲ့လည်း ရင်ဆိုင်နေရပါတယ်။ ဒါပေမယ့်လည်း အမော်ရင်က သူ့အသင်း ရှုံးပွဲတွေနဲ့ ရင်ဆိုင်နေရတာက ၃-၄-၃ ကစားပုံကြောင့် မဟုတ်ကြောင်း ရှင်းပြလာခဲ့ပါတယ်။

အမော်ရင်က “ကျွန်တော်တို့ အာဆင်နယ်ကို ရှုံးနိမ့်ခဲ့ပါတယ်။ ဘာကြောင့်လဲ ဆိုတော့ စနစ်ကြောင့်ပါ။ ဒါက ခင်ဗျားတို့ အလုပ်ပါ။ အတွေးအမြင်တွေ ပေးရမယ်လေ။ ခင်ဗျားတို့ မန်စီးတီးနဲ့ ပွဲကို ကြည့်ရင်တော့ ပထမဦးဆုံး ခင်ဗျားတို့ တွေးမှာက ပွဲက စနစ်ကို စတင်ခဲ့တယ်လို့လား။ ကျွန်တော် ကတော့ စနစ် ဆိုတာကို အဲဒီအချိန်မှာ ခင်ဗျားတို့ တွေးနေမယ် မထင်ပါဘူး။ ပြီးတော့ ဘရန့်ဖို့ဒ်နဲ့ပေါ့။ ကျွန်တော်တို့ ဂိုးပေးရတဲ့ ပုံစံ၊ ကျွန်တော်တို့ အခွင့်အရေး ဖန်တီးနိုင်မှုတွေ၊ အဲဒါတွေက စနစ်နဲ့ ဘာမှ လုပ်လို့ မရပါဘူး။ ဒါက ကျွန်တော့်ရဲ့ အမြင်ပါ။” လို့ ဆိုပါတယ်။

“ဒီအသင်းက မတူညီတဲ့ စနစ်နဲ့ ပိုကောင်းအောင် မကစားနိုင်ဘူးလို့ ကျွန်တော် မပြောပါဘူး။ ဒါက ကျွန်တော့်ရဲ့ အမြင် မဟုတ်ပါဘူး။ ကျွန်တော့်ရဲ့ ရှုထောင့် ကတော့ ကတော့ ကျွန်တော်တို့ မနိုင်ခဲ့တဲ့ ပွဲတွေကို ကြည့်လိုက်ရင် အရေးကြီးဆုံးအချက်က စနစ်ကြောင့် ကျွန်တော်တို့ ရှုံးခဲ့တာ မဟုတ်ဘူး ဆိုတာပါပဲ။ ဒါက ကျွန်တော့် အမြင်ပဲ။ လူတိုင်းမှာ မတူညီတဲ့ အမြင်တွေ ရှိပါတယ်။ အဲဒီတော့ အဆင်ပြေပါတယ်။” လို့ အမော်ရင်က ဆက်လက် ပြောကြားခဲ့ပါတယ်။

အမော်ရင်ဟာ ၃-၄-၃ ကစားပုံနဲ့ စပိုတင်းလစ္စဘွန်းမှာ အောင်မြင်မှု ရရှိခဲ့သူ ဖြစ်ပြီး ပရီးမီးယားလိဂ် ကလပ် မှာလည်း အဲဒီ ကစားပုံ ကိုပဲ ဆက်လက် အသုံးပြုခဲ့ပါတယ်။
ပရီးမီးယားလိဂ် အမှတ်ပေးဇယား အဆင့် ၁၄ နေရာကို ရောက်ရှိနေပြန်တဲ့ ယူနိုက်တက်

အမော်ရင်ဟာ ၃-၄-၃ ကစားပုံနဲ့ စပိုတင်းလစ္စဘွန်းမှာ အောင်မြင်မှု ရရှိခဲ့သူ ဖြစ်ပြီး ပရီးမီးယားလိဂ် ကလပ် မှာလည်း အဲဒီ ကစားပုံ ကိုပဲ ဆက်လက် အသုံးပြုခဲ့ပါတယ်။ ဒါပေမယ့်လည်း ယူနိုက်တက်က ရလဒ်ဆိုးတွေ အောက်မှာသာ ရုန်းကန်နေရပြီး ပြိုင်ပွဲစုံ ၄၉ ပွဲ ကိုင်တွယ်ရာမှာ ၁၈ ပွဲ နိုင်၊ ၁၂ ပွဲ သရေ၊ ၁၉ ပွဲ ရှုံးနိမ့်ခဲ့ပါတယ်။ 

အမော်ရင် အနေနဲ့ ပရီးမီးယားလိဂ်မှာ ရလဒ်တွေ ပိုဆိုးနေခဲ့ပြီး တစ်ပွဲ တစ်မှတ်နှုန်းလောက်သာ ရရှိထားပါတယ်။ အမော်ရင်ဟာ ဆာ အဲလက်စ် ဖာဂူဆန် နောက်ပိုင်း ကိုင်တွယ်ခဲ့တဲ့ နည်းပြတွေထဲမှာ နိုင်ပွဲ ရာခိုင်နှုန်း အနည်းဆုံးလည်း ဖြစ်ပါတယ်။ ဒီလို ရုန်းကန်နေရချိန်မှာ မန်ချက်စတာယူနိုက်တက် ကစားသမားဟောင်းတွေနဲ့ ဝေဖန်သုံးသပ်သူတွေက ၃-၄-၃ အခင်းအကျင်းက အသင်းနဲ့ မကိုက်ညီကြောင်း ထောက်ပြနေခဲ့ကြတာ ဖြစ်ပါတယ်။

ဒီလို ထောက်ပြမှုတွေ ကိုတော့ အမော်ရင်က ကစားပုံကြောင့် မဟုတ်ကြောင်းနဲ့ ကစားပုံ ပြောင်းလိုက်ရင်လည်း ပိုကောင်းလာမယ်လို့ မပြောနိုင်ကြောင်း တုံပြန်ခဲ့ပါတယ်။ ဒါ့အပြင် အသင်းရဲ့ ဂန္ထဝင် ကစားသမားတွေ ဖြစ်တဲ့ ဝိန်း ရွန်နီနဲ့ ဂယ်ရီ နဗီးလ်တို့ ဝေဖန်ကြတာဟာ ပုံမှန်သာ ဖြစ်ကြောင်းနဲ့ မိမိအနေနဲ့ ရလဒ်ဆိုးတွေကို ဖုံးကွယ်ထားနိုင်ခြင်း မရှိကြောင်းလည်း ပြောကြားခဲ့ပါတယ်။

မန်ချက်စတာယူနိုက်တက်ဟာ အခုတစ်ပတ် ပရီးမီးယားလိဂ် မှာတော့ ဆန်းဒါးလန်းနဲ့ ကစားရမှာ ဖြစ်ပြီး အမော်ရင် အတွက် မန်ချက်စတာယူနိုက်တက် နည်းပြ ဘဝ ပွဲ ၅၀ ပြည့်လည်း ဖြစ်လာမှာပါ။ မန်ချက်စတာယူနိုက်တက်ဟာ ပြီးခဲ့တဲ့ အိမ်ကွင်း ပွဲစဉ် ၂ ပွဲဆက် အနိုင်ရထားပေမယ့် အဝေးကွင်း ၂ ပွဲဆက် ရှုံးနိမ့်ထားပါတယ်။ တစ်ဖက်မှာ အိုးထရက်ဖို့ဒ်ကို လာရောက် ရင်ဆိုင်မယ့် ဆန်းဒါးလန်း ကလည်း တန်းတက် ကလပ် ပေမယ့် ဒီရာသီမှာ မထင်မှတ်ထားတဲ့ ခြေစွမ်းကောင်းတွေ ပြသနေတာကြောင့် ယူနိုက်တက် အတွက်တော့ ခက်ခဲတဲ့ ပွဲစဉ် ဖြစ်လာဦးမှာပါ။

   

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်