ညက ယှဉ်ပြိုင်ကစားခဲ့တဲ့ မြောက်လန်ဒန်ဒါဘီ ပရီးမီးယားလိဂ် ပွဲစဉ် မှာတော့ အာဆင်နယ်က တော့တင်ဟမ်ဟော့စပါးကို ခြေစွမ်း အပြတ်အသတ်နဲ့ အနိုင်ယူသွားခဲ့ပါတယ်။ ဂန်းနားတွေက အဓိက ကစားသမား တချို့ ဒဏ်ရာ ပြဿနာကြောင့် လွဲချော်ခဲ့ပေမယ့် အက်ဇေးရဲ့ ပထမဦးဆုံး ဟက်ထရစ်နဲ့ အတူ ချန်ပီယံ ခြေစွမ်းမျိုး ပြသပြီး မြို့ခံ ပြိုင်ဘက်ကို ၄-၁ နဲ့ အလဲထိုးသွားခဲ့တာ ဖြစ်ပါတယ်။
ဒီပွဲမှာ အာဆင်နယ်က တိုက်စစ်မှာ မာရင်နိုကို အထောင် တိုက်စစ်မှာ ထားပြီး ထရော့ဆက်ဒ်၊ ဆာကာ၊ အက်ဇေး တိုနဲ့ ဝန်းရံစေခဲ့ပါတယ်။ ကွင်းလယ် မှာတော့ ရိုက်စ်၊ ဇူဘီမန်ဒီ အတွဲအဖက်နဲ့ ပွဲထွက်လာပြီး ခံစစ် မှာတော့ ဒဏ်ရာရနေတဲ့ ဂါဘရီရယ် နေရာမှာ ဟင်ကပ်ပီယေ ကစားပြီး ကျန်နေရာတွေ ကတော့ အပြောင်းအလဲ မရှိခဲ့ပါဘူး။ စပါး ဘက်ကလည်း အတောင့်တင်းဆုံး လူစာရင်းနဲ့ ပွဲထွက်လာခဲ့ပေမယ့် ပွဲစကတည်းက ခံစစ် သီးသန့်နဲ့ အမ်းမရိတ်စ်မှာ လာရောက် ကံစမ်းသလို ကစားသွားခဲ့တယ်လို့တောင် ပြောလို့ ရပါတယ်။ ဒါပေမယ့်လည်း သောမက်စ် ဖရန့်ခ်ရဲ့ အသင်းက ကွင်းလယ်နဲ့ ခံစစ် စွမ်းဆောင်ရည်က တော်တော်လေး ဆိုးရွားခဲ့ပြီး အာဆင်နယ်ကို အဘက်ဘက်မှာ ယှဉ်နိုင်ခြင်း မရှိခဲ့ပါဘူး။
စပါးဟာ ပထမပိုင်းမှာ ဆိုရင် အာဆင်နယ် ဘက်ကို ဂိုးပေါက် ကန်ချက် တစ်ကြိမ်မှ မရှိခဲ့တဲ့ အထိ နိမ့်ပါးခဲ့ပြီး အာဆင်နယ် ကတော့ အင်တိုက် အားတိုက် စနစ်တကျ စိန်ပြေနပြေကို ထိုးဖောက် တိုက်စစ်ဆင်နိုင်ခဲ့ပါတယ်။ အာဆင်နယ် အတွက် အဖွင့်ဂိုး ကိုတော့ မာရင်နိုရဲ့ အကွက်မြင်မြင် ဖန်တီးပေးမှု ကနေ ထရော့ဆက်ဒ်က ပြေးထွက်ကာ တစ်ပတ်လှည့်ပြီး ကန်သွင်းသွားခဲ့တာ ဖြစ်ပါတယ်။ စိတ်အားထက်သန်မှု၊ အသင်းလိုက်ရော တစ်ဦးချင်းမှာပါ သာလွန်နေတဲ့ အာဆင်နယ် အတွက် ထရော့ဆက်ဒ်ရဲ့ ဂိုးက အဖွင့်လှသွားစေခဲ့ပြီး နောက်ထပ် သွင်းဂိုးတွေ အတွက် လမ်းပွင့်သွားသလို ဖြစ်ခဲ့ပါတယ်။ ထရော့ဆက်ဒ်ဟာ ပရီးမီးယားလိဂ် နောက်ဆုံး ၃ ပွဲမှာ သွင်းဂိုး ပါဝင် ပတ်သက်မှု ၃ ဂိုး (၂ ဂိုး သွင်း၊ ဂိုး ဖန်တီးမှု ၁ ကြိမ်) ရှိခဲ့ပါတယ်။

အာဆင်နယ် အတွက် နောက်ထပ် ဂိုးတွေ ကိုတော့ အက်ဇေးက သွင်းယူပေးခဲ့တာ ဖြစ်ပြီး ဟက်ထရစ်လည်း ရခဲ့ပါတယ်။ အက်ဇေးက သွင်းဂိုး ၃ ဂိုးစလုံးကို သူ့ရဲ့ Trademark ဖြစ်တဲ့ ဧရိယာထိပ် ကနေ အပြင်းကန်သွင်းခဲ့တာ ဖြစ်ပြီး စပါးကို မြောက်လန်ဒန်ဒါဘီမှာ တိုက်တိုက်ဆိုင်ဆိုင်ပဲ အသဲခွဲနိုင်ခဲ့တာပါ။ စပါးဟာ ဒီရာသီအစက အက်ဇေးကို ခေါ်ယူနိုင်ဖို့ နီးစပ်ခဲ့ပြီးမှ အာဆင်နယ်က လက်ဦးမှု ရယူသွားခဲ့တာ ဖြစ်ပါတယ်။ သေချာတာ ကတော့ အင်္ဂလန် ကြယ်ပွင့်ကို လက်လွှတ်ခဲ့ရတဲ့ အတွက် စပါးတို့ နောင်တ အကြီးကြီး ရနေလောက်ပြီ ဖြစ်သလို ဇာဗီ ဆိုင်မွန်စ် ကြောင့်လည်း ထရော်မာ ပိုရသွားမှာ သေချာပါတယ်။
အက်ဇေးဟာ ၁၉၉၁ ခုနှစ်တုန်းက အာဆင်နယ် ဂန္ထဝင် အီယန်ရိုက်၊ ကယ်ဗင် ကမ်းဘဲလ် နောက်ပိုင်း ပရီးမီးယားလိဂ် မြောက်လန်ဒန်ဒါဘီ ပွဲဦးထွက်မှာ အာဆင်နယ် အတွက် ဂိုးသွင်းနိုင်တဲ့ ပထမဦးဆုံး ကစားသမား ဖြစ်လာခဲ့ပါတယ်။ ဒါ့အပြင် အက်ဇေးက ၁၉၇၈ ဒီဇင်ဘာလတုန်းက အာဆင်နယ် ကစားသမားဟောင်း အယ်လန် ဆန်းဒါးလန်း နောက်ပိုင်း နှစ်ပေါင်း ၅၀ နီးပါး အတွင်း စပါးနဲ့ မြောက်လန်ဒန် ဒါဘီ ပွဲစဉ် တစ်ပွဲမှာ ဟက်ထရစ် သွင်းယူနိုင်တဲ့ ပထမဦးဆုံး အာဆင်နယ် ကစားသမား အဖြစ် မှတ်တမ်းဝင်ခဲ့ပါတယ်။
စပါး အတွက် တစ်လုံးတည်းသော ဂိုးကိုတော့ ဇူဘီမန်ဒီရဲ့ အမှား ကနေ ရစ်ချာလီဆင်က ကြားဖြတ်လုယူသွားပြီး ကွင်းလယ်လောက်ကနေ ရာယာ မရှိတဲ့ ဂိုးပေါက်ထဲကို လှမ်းကန်ခဲ့တာ ဖြစ်ပါတယ်။ ဒီဂိုးဟာ တော်တော်လေး လှပခဲ့ပေမယ့် ၄-၁ ဆိုတဲ့ ရလဒ်ကြောင့်တော့ စပါး အတွက် ပျော်ရွှင်စရာ မရှိခဲ့ပါဘူး။ ဒီနိုင်ပွဲကြောင့် အာဆင်နယ်ဟာ ပရီးမီးယားလိဂ် သမိုင်းတလျှောက် စပါးကို ပထမဆုံး အကြိမ် ၄ ပွဲဆက် အနိုင်ရခဲ့ပြီး အဓိက ပြိုင်ဘက်တွေ ကိုလည်း အမှတ်တွေ ဖြတ်ထားနိုင်ခဲ့ပါတယ်။
အာဆင်နယ် အတွက် “ဆောင်းဝင်လာပြီဟေ့” ဆိုရင် အမြဲတမ်း ခက်ခဲလေ့ ရှိပေမယ့် ဒီရာသီ ကတော့ အရင်နဲ့ မတူတော့တဲ့ပုံပါပဲ။ အခုဆိုရင် အာဆင်နယ်က ပရီးမီးယားလိဂ် အမှတ်ပေးဇယားမှာ အနီးကပ်ဆုံး ပြိုင်ဘက်ကို ၆ မှတ်၊ အင်အားကြီး ပြိုင်ဘက်ကို ၇ မှတ်၊ လက်ရှိ ချန်ပီယံကို ၁၁ မှတ် အထိ ဖြတ်ထားနိုင်ပြီ ဖြစ်ပါတယ်။ ဒါပေမယ့်လည်း ဂန်းနားတွေက လာမယ့် ပွဲစဉ်တွေမှာ ဘေယန်မြူးနစ် (ချန်ပီယံလိဂ်)၊ ချဲလ်ဆီး (ပရီးမီးယားလိဂ်) တို့နဲ့ ရင်ဆိုင်ရမှာ ဖြစ်ပြီး ဆောင်းရာသီ စာမေးပွဲတွေ ထပ်ဖြေရဦးမှာပါ။ တစ်ဖက် မှာတော့ စပါးက ၃ ပွဲဆက် နိုင်ပွဲ ပျောက်မှုနဲ့ အတူ နည်းပြ သောမတ်စ် ဖရန့်ခ် ကတော့ ဖိအားတွေ ပိုများလာခဲ့ပြီ ဖြစ်ပါတယ်။
●●●
နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS
အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်
ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.


