နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

ပရီးမီးယားလိဂ် ချန်ပီယံ ဖြစ်နိုင်ခြေ ၅၄.၅ ရာခိုင်နှုန်းအထိ ရှိလာတဲ့ အာဆင်နယ်

ပရီးမီးယားလိဂ် ပွဲစဉ် ၈ အပြီးမှာတော့ Opta ရဲ့ စူပါကွန်ပျူတာက ဘယ်အသင်းတွေ ချန်ပီယံ ဖြစ်ဖို့ ရေပန်းအစားဆုံး ဖြစ်လာသလဲ ဆိုတာ တွက်ချက်ပေးခဲ့ပြန်ပါတယ်။ Opta ရဲ့ တွက်ချက်မှုအရ ဆိုရင် အာဆင်နယ်က ချန်ပီယံ ဖြစ်နိုင်ခြေ ၅၄.၅ ရာခိုင်နှုန်း အထိ ရှိလာခဲ့ပြီး ရေပန်းအစားဆုံး ဖြစ်လာခဲ့ပါတယ်။

ဒီရာသီ ပရီးမီးယားလိဂ် ပွဲစဉ် ၈ ပြီးတဲ့ အချိန်မှာ အာဆင်နယ်က ရမှတ် ၁၉ မှတ်နဲ့ အမှတ်ပေးဇယားကို ဦးဆောင်နေပြီး ဒုတိယနေရာက မန်ချက်စတာစီးတီးကို ၃ မှတ် ဖြတ်ထားပါတယ်။ ဒါ့အပြင် လက်ရှိ ချန်ပီယံ လစ်ဗာပူးလ်ကို ၄ မှတ် ဖြတ်ထားနိုင်တဲ့ အာဆင်နယ်က လာမယ့် ပွဲစဉ်တွေ မှာလည်း အဓိက ပြိုင်ဘက်တွေထက်စာရင် ပွဲချောင်နေတာကြောင့် ရမှတ် ထပ်ဖြတ်နိုင်ဖို့ အခြေအနေ ကောင်းနေပါတယ်။ ဒီလို အခြေအနေတွေကြောင့် အာဆင်နယ်ရဲ့ ချန်ပီယံ ဖြစ်နိုင်ခြေက ပိုမိုမြင့်တက်လာကြောင်း စူပါကွန်ပျူတာက တွက်ချက်ခဲ့တာ ဖြစ်ပါတယ်။

ဒီရာသီ ပရီးမီးယားလိဂ် ချန်ပီယံ ဖြစ်နိုင်ခြေမှာ အာဆင်နယ်က ၅၄.၄၈ ရာခိုင်နှုန်း၊ မန်စီးတီးက ၁၇.၃၂ ရာခိုင်နှုန်း၊ လစ်ဗာပူးလ်က ၁၇.၂၁ ရာခိုင်နှုန်း ရှိနေကြောင်း စူပါကွန်ပြူတာက ဖော်ပြခဲ့ပါတယ်။ တခြားသော ပရီးမီးယားလိဂ် ထိပ်သီး ကလပ်တွေရဲ့ ချန်ပီယံ ဖြစ်နိုင်ခြေ အရတော့ ချဲလ်ဆီးက ၄.၆၀ ရာခိုင်နှုန်း၊ စပါးက ၀.၅၁ ရာခိုင်နှုန်း၊ မန်ချက်စတာယူနိုက်တက်က ၀.၂၇ ရာခိုင်နှုန်း ဖြစ်ကြောင်း သိရပါတယ်။

အာဆင်နယ်ရဲ့ လာမယ့် ပရီးမီးယားလိဂ် ပွဲစဉ် ၅ ပွဲကို ကြည့်မယ် ဆိုရင်တော့ ခရစ္စတယ်ပဲလေ့စ်၊ ဘန်လေ၊ ဆန်းဒါးလန်း၊ စပါး၊ ချဲလ်ဆီး တို့နဲ့ ကစားရမှာ ဖြစ်ပါတယ်။
ပြီးခဲ့တဲ့ ၃ ရာသီ ဆက်တိုက် အမှတ်ပေးချန်ပီယံဆုနဲ့ လွဲချော်ခဲ့တဲ့ အာဆင်နယ်

အာဆင်နယ်ရဲ့ လာမယ့် ပရီးမီးယားလိဂ် ပွဲစဉ် ၅ ပွဲကို ကြည့်မယ် ဆိုရင်တော့ ခရစ္စတယ်ပဲလေ့စ်၊ ဘန်လေ၊ ဆန်းဒါးလန်း၊ စပါး၊ ချဲလ်ဆီး တို့နဲ့ ကစားရမှာ ဖြစ်ပါတယ်။ မန်စီးတီး ကတော့ လာမယ့် ၅ ပွဲမှာ အက်စတွန်ဗီလာ၊ ဘုန်းမောက်၊ လစ်ဗာပူးလ်၊ နယူးကာဆယ်၊ လိဒ်စ်ယူနိုက်တက် တို့နဲ့ ကစားရမှာပါ။ လစ်ဗာပူးလ် ကတော့ ဘရန့်ဖို့ဒ်၊ အက်စတွန်ဗီလာ၊ မန်စီးတီး၊ နော့တင်ဟမ်ဖောရက်စ်၊ ဝက်စ်ဟမ်း တို့နဲ့ ကစားရမှာ ဖြစ်ပါတယ်။

ဘွတ်ကီတွေရဲ့ ပရီးမီးယားလိဂ် ချန်ပီယံဆု အတွက် အလေးပေးမှု မှာလည်း အာဆင်နယ်က ၄:၅နဲ့ ရေပန်းအစားဆုံး ဖြစ်နေပြီး မန်စီးတီးက ၇:၂၊ လစ်ဗာပူးလ်က ၉:၂၊ ချဲလ်ဆီးက ၂၅:၁၊ မန်ချက်စတာယူနိုက်တက်က ၅ဝ:၁ သတ်မှတ်ခံထားရကြောင်း သိရပါတယ်။

အာဆင်နယ်က ပရီးမီးယားလိဂ် ၈ ပွဲ ကစားပြီးချိန်မှာ ၆ ပွဲနိုင်၊ ၁ ပွဲ သရေ၊ ၁ ပွဲ ရှုံး ရမှတ် ၁၉ မှတ်နဲ့ အမှတ်ပေးဇယားကို ဦးဆောင်နေတာ ဖြစ်ပါတယ်။ အာဆင်နယ်ဟာ ပြီးခဲ့တဲ့ ၃ ရာသီ ဆက်တိုက် ဒုတိယ အဖြစ်နဲ့ပဲ ကျေနပ်နေခဲ့ရပြီးတော့ ဒီရာသီမှာ သူတို့ အတွက် ရာစုနှစ် နှစ်ခုအကြာ ဝေးကွာနေတဲ့ ချန်ပီယံဆုကို အရယူသွားနိုင်မလား ဆိုတာ စောင့်ကြည့်ရမှာ ဖြစ်ပါတယ်။ 

တစ်ဖက်မှာလည်း အာဆင်နယ်က ချန်ပီယံလိဂ် လက်ရှိ ချန်ပီယံ ပီအက်စ်ဂျီကို ကျော်ဖြတ်ပြီးတော့ ဗိုလ်စွဲဖို့ အလားအလာ အကောင်းဆုံး အသင်း အဖြစ် သတ်မှတ်ခံထားရပါတယ်။ အာဆင်နယ်ဟာ ချန်ပီယံလိဂ် မှာလည်း ၂ ပွဲ ကစားပြီးချိန်မှာ ရာနှုန်းပြည့် နိုင်ပွဲ ရရှိထားပြီး လိဂ်အဆင့် အမှတ်ပေးဇယား အဆင့် ၅ နေရာမှာ ရပ်တည်နေပါတယ်။

   

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်