နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

လစ်ဗာပူးလ်ကို ပရီးမီးယားလိဂ် ချန်ပီယံလုပွဲ ကနေ ထုတ်ပယ်လို့ မရသေးကြောင်း သတိပေးလိုက်တဲ့ အာစင်ဝင်းဂါး

အာဆင်နယ် ဂန္တဝင် နည်းပြကြီး အာစင်ဝင်းဂါး ကတော့ တနင်္ဂနွေနေ့မှာ လစ်ဗာပူးလ်က မန်ချက်စတာစီးတီးကို ဂိုးပြတ် ရှုံးနိမ့်ခဲ့ပေမယ့်လည်း ပရီးမီးယားလိဂ် ချန်ပီယံလုပွဲထဲ ကနေ ထုတ်ပယ်ဖို့ မရသေးကြောင်း ပြောကြားလာခဲ့ပါတယ်။ 

လစ်ဗာပူးလ်ဟာ မန်စီးတီးကို အစ်တီဟတ်မှာ ၃-၀ ရလဒ်နဲ့ အပြတ်အသတ် ရှုံးနိမ့်ခဲ့တာကြောင့် အမှတ်ပေးဇယားကို ဦးဆောင်နေတဲ့ အာဆင်နယ်နဲ့ ၈ မှတ် အကွာ အဆင့် ၈ နေရာကို ရောက်ရှိသွားခဲ့ပါတယ်။ အာနေး ဆလော့တ်ရဲ့အသင်းက ဒီနွေရာသီမှာ ကြီးမားတဲ့ ရင်းနှီးမြှုပ်နှံမှုတွေ ပြုလုပ်ခဲ့ပြီး ရာသီအဖွင့် ၅ ပွဲ ဆက်တိုက် အနိုင်ရခဲ့ပြီးနောက် ချန်ပီယံဘွဲကို ထိန်းသိမ်းနိုင်မယ်လို့ တော်တော်များများက ခန့်မှန်းခြင်း ခံခဲ့ရပေမယ့်လည်း နောက်ဆုံး ကစားခဲ့တဲ့ လိဂ် ပွဲ ၆ ပွဲမှာ ၅ ပွဲအထိ ရှုံးနိမ့်ခဲ့ပြီး ချန်ပီယံ လမ်းကြောင်းပေါ် ကနေ တဖြည်းဖြည်း သွေဖယ်သွားခဲ့တာ ဖြစ်ပါတယ်။

လက်ရှိမှာ လစ်ဗာပူးလ်ရဲ့ ဆိုးရွားတဲ့ ယိမ်းယိုင်မှုကြောင့် တန်းတက် ဆန်းဒါးလန်းနဲ့ ခါးသီး ပြိုင်ဘက် မန်ချက်စတာယူနိုက်တက် တိုရဲ့ နောက်ကနေ နိုဝင်ဘာ နိုင်ငံတကာ အားလပ်ရက်ကို ဖြတ်သန်းရဖို့လည်း ရှိနေခဲ့ပါပြီ။ အင်္ဂလန် နောက်ခံလူဟောင်းနဲ့ လက်ရှိ ဘောလုံးသုံးသပ်သူ အဖြစ် လုပ်ကိုင်နေတဲ့ မီကာ ရစ်ချက်ဒ် ကတော့ လစ်ဗာပူးလ် အနေနဲ့ ဆုဖလား ပြိုင်ပွဲ ကနေ ထွက်ခွာသွားပြီလို့ သုံးသပ်ခဲ့တာပါ။ ဒါပေမယ့်လည်း အာဆင်နယ် ဂန္တဝင် နည်းပြကြီး အာစင်ဝင်းဂါး ကတော့ ဒီလို ပြောဖို့ အရမ်းစောသေးကြောင်း ယုံကြည်နေတာ ဖြစ်ပါတယ်။

ခင်ဗျား နိုဝင်ဘာလမှာ ၅ ပွဲ ရှုံးခဲ့ရင် ပရီးမီးယားလိဂ် ဖလား ရနိုင်သေးလား မေးရင် မရနိုင်ဖို့ များပါတယ်။”
လစ်ဗာပူးလ် ပရီးမီးယားလိဂ် ချန်ပီယံ ဖြစ်နိုင်သေးတယ်လို့ ယုံကြည်နေတဲ့ အာစင်ဝင်းဂါး

အာစင်ဝင်းဂါးက လစ်ဗာပူးလ် အနေနဲ့ လက်ရှိ အဆင့် ရပ်တည်မှု အရ အာဆင်နယ်ကို အမှီလိုက်ဖို့က မဖြစ်နိုင်ဖို့ များတယ် ဆိုတာ ဝန်ခံခဲ့ပါတယ်။ ဒါပေမယ့်လည်း ဆုဖလား ပြိုင်ပွဲထဲကနေ ထုတ်ပယ်ဖို့ ကိုတော့ မန်စီးတီးနဲ့ လစ်ဗာပူးလ် တို့ ကစားခဲ့တဲ့ ပွဲမတိုင်ခင်မှာ ငြင်းပယ်ခဲ့တာ ဖြစ်ပါတယ်။

အာစင်ဝင်းဂါးက “အဲဒါက ပရီးမီးယားလိဂ်မှာ အရမ်းကြီးမားတဲ့ ပထမဦးဆုံး ပွဲစဉ်ပါ။ မန်စီးတီးနဲ့ လစ်ဗာပူးလ်တို့ ပွဲက အမြဲတမ်း ပွဲကြီးပွဲကောင်း ဖြစ်ခဲ့ပေမယ့်လည်း ခင်ဗျား အနေနဲ့ ရှုံးနိမ့်သူရဲ့ နေရာမှာ ရှိမနေချင်ဘူး ဆိုတဲ့ အချက်လည်း ရှိနေပါတယ်။ လစ်ဗာပူးလ်က ၄ ပွဲ အထိ ရှုံးခဲ့ပြီး နောက်ထပ် တစ်ပွဲ ရှုံးရင် ၅ ပွဲ ဖြစ်လာမှာပါ။ ခင်ဗျား နိုဝင်ဘာလမှာ ၅ ပွဲ ရှုံးခဲ့ရင် ပရီးမီးယားလိဂ် ဖလား ရနိုင်သေးလား မေးရင် မရနိုင်ဖို့ များပါတယ်။”

“အဲဒီပွဲက ခင်ဗျား ပရီးမီးယားလိဂ် ဖလား လိုချင်တယ် ဆိုရင် ရှုံးနိမ့်ချင်မယ့် ပွဲမျိုး မဟုတ်ပါဘူး။ သူတို့တွေ ဥရောပမှာ အရမ်းကောင်းတဲ့ ရာသီ ရနိုင်‌သေးပေမယ့်လည်း ချန်ပီယံ ဖြစ်ဖို့တော့ ခက်သွားပါပြီ။ ဒါပေမယ့် လစ်ဗာပူးလ်က မန်စီးတီးကို ရှုံးနိမ့်ခဲ့ရင် ဖလားပြိုင်ပွဲ ထဲက ထုတ်လို့ မရသေးပါဘူး။ သူတို့တွေက ပြိုင်ပွဲထဲ ကနေ မထွက်သေးပါဘူး။ ဘာလို့လဲ ဆိုတော့ ကျွန်တော်တို့ နိုဝင်ဘာပဲ ရှိသေးလို့ပါ။” လို့ ပြောကြားခဲ့တာ ဖြစ်ပါတယ်။ 

လစ်ဗာပူးလ်က လာမယ့် ပွဲစဉ်တွေ အဖြစ် နော့တင်ဟမ်ဖောရက်စ်၊ ပီအက်စ်ဗွီ၊ ဝက်စ်ဟမ်း၊ ဆန်းဒါးလန်း၊ လိဒ်စ်ယူနိုက်တက်၊ အင်တာမီလန်၊ ဘရိုက်တန်၊ စပါး တို့နဲ့ ပွဲကြပ်တွေ တော်တော်များများ ကစားရမှာ ဖြစ်ပါတယ်။

   

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်