မန်ချက်စတာယူနိုက်တက် ကတော့ အခုတစ်ပတ် ကစားခဲ့တဲ့ ပရီးမီးယားလိဂ် ပွဲစဉ်မှာ လစ်ဗာပူးလ်ကို ယူနိုက်တက်က အန်ဖီးလ်မှာ ၁-၂ ရလဒ်နဲ့ အနိုင်ရသွားခဲ့ပါတယ်။ ဒီလို အနိုင်ရအပြီးမှာ ယူနိုက်တက်ရဲ့ အသင်းခေါင်းဆောင် ကွင်းလယ်လူ ဘရူနို ဖာနန်ဒက်စ်က အန်ဖီးလ်ကွင်းမှာ လစ်ဗာပူးလ်ကို အနိုင်ရရှိခဲ့တာဟာ လစ်ဗာပူးလ် ပရိသတ်တွေရဲ့ အကူအညီကြောင့် ဖြစ်ကြောင်း သုံးသပ် ပြောကြားလိုက်ပါတယ်။
မန်ချက်စတာယူနိုက်တက်ဟာ လစ်ဗာပူးလ်ကို ပွဲချိန် အစောပိုင်းမှာ ကတည်းက ဘရိုင်ယန် အမ်ဘူမိုရဲ့ သွင်းဂိုးနဲ့ ဦးဆောင်နိုင်ခဲ့တာပါ။ ပွဲချိန် ၇၈ မိနစ်မှာ ဂက်ခ်ပိုက လစ်ဗာပူးလ် အတွက် ချေပဂိုး သွင်းယူပေးခဲ့ပေမယ့် ၆ မိနစ် အကြာမှာ ဟယ်ရီ မက်ဂွိုင်းယားက ယူနိုက်တက် အတွက် အဖိုးတန် အနိုင်ဂိုးကို သွင်းယူပေးခဲ့ပါတယ်။ ယူနိုက်တက်ဟာ လစ်ဗာပူးလ်ကို အန်ဖီးလ်ကွင်းမှာ ၂၀၁၆ ဇန်နဝါရီတုန်းက နောက်ဆုံး အကြိမ် အနိုင်ရထားခဲ့တာ ဖြစ်ပြီး ကြားမှာ ယှဉ်ပြိုင် ကစားခဲ့တဲ့ ၁၀ ပွဲမှာ အနိုင်မရခဲ့ပဲ အခုမှ ပထမဆုံး အကြိမ် အဖြစ် ပြန်လည် အနိုင်ရခဲ့တာ ဖြစ်ပါတယ်။
ပွဲအပြီးမှာ ဘရူနို ဖာနန်ဒက်စ်က လစ်ဗာပူးလ် ပရိသတ်တွေ အနေနဲ့ သူတို့ရဲ့ အသင်းကို အော်ဟစ် လှောင်ပြောင်ပြီး ဖိအားပြန်ပေးတာက နိုင်ပွဲ အတွက် အကူအညီ ဖြစ်စေခဲ့ကြောင်း အခုလိုပဲ ပြောကြားခဲ့ပါတယ်။ ဘရူနို ဖာနန်ဒက်စ်က “ပထမပိုင်းမှာ သူတို့ ဖိအားအောက်ကို ရောက်ခဲ့တယ်လို့ ကျွန်တော်တို့ နားလည်လိုက်ပါတယ်။ သူတို့ ဘောလုံးပိုင်ဆိုင်ထားချိန်မှာ ပရိသတ်တွေက မြန်မြန် ကစားဖို့ အော်ဟစ် ဖိအားပေးခဲ့တာကြောင့် သူတို့ အခက်တွေ့ခဲ့ကြပါတယ်။” လို့ ပြောကြားခဲ့ပါတယ်။

ဘရူနို ဖာနန်ဒက်စ်ဟာ အဲဒီပွဲမှာ မက်ဂွိုင်းယား သွင်းယူခဲ့တဲ့ အနိုင်ဂိုးကို ဖန်တီးပေးခဲ့ပြီးတော့ ဒါကလည်း သူ့ အတွက် ဒီရာသီမှာ ပထမဦးဆုံး ပြုလုပ်နိုင်တဲ့ ဂိုးဖန်တီးမှု ဖြစ်ခဲ့ပါတယ်။ ဖာနန်ဒက်စ်က ပရီးမီးယားလိဂ် ပြိုင်ပွဲမှာ ယူနိုက်တက် အတွက် ပြုလုပ်ခဲ့တဲ့ ဂိုးဖန်တီးမှု ၅၂ ကြိမ် ရှိသွားပြီ ဖြစ်တာကြောင့် ရိုင်ယန် ဂစ်၊ ၀ိန်း ရွန်နီ၊ ဒေးဗစ် ဘက်ခမ်းနဲ့ ပေါလ် စခိုးလ် တို့ရဲ့နောက် ပဥ္စမမြောက် အများဆုံး ဖြစ်လာကြောင်းလည်း သိရပါတယ်။
ဒါ့အပြင် မန်ချက်စတာယူနိုက်တက်က ရူဘင် အမော်ရင် လက်ထက် ပရီးမီးယားလိဂ် ၂ ပွဲဆက် အနိုင်ရဖူးသွားခဲ့ပြီ ဖြစ်ပါတယ်။ ယူနိုက်တက်ဟာ ပရီးမီးယားလိဂ် ၈ ပွဲ ကစားပြီးချိန်မှာ ၄ ပွဲနိုင်၊ ၁ ပွဲ သရေ၊ ၃ ပွဲ ရှုံးပြီး ရမှတ် ၁၃ မှတ်နဲ့ အမှတ်ပေးဇယား အဆင့် ၉ နေရာမှာ ရပ်တည်နေပါတယ်။ ဒါ့အပြင် ယူနိုက်တက်က ဇယားထိပ်က အာဆင်နယ်နဲ့ ၆ မှတ်၊ အဆင့် ၂ နေရာက မန်စီးတီးနဲ့ ၃ မှတ် ကွာဟနေပြီး အဆင့် ၄ နေရာက လစ်ဗာပူးလ် ကိုတော့ ၂ မှတ် အကွာနဲ့ ဖိအားပေးထားနိုင်ပြီ ဖြစ်ပါတယ်။
လစ်ဗာပူးလ် ကတော့ ပြိုင်ပွဲစုံ နောက်ဆုံး ၄ ပွဲဆက် ရှုံးနိမ့်ခဲ့ပြီးတော့ နည်းပြ အာနေး ဆလော့တ်ရဲ့ စွမ်းဆောင်ရည် အပေါ် မေးခွန်းထုတ်မှုတွေလည်း ရှိလာပြီလည်း ဖြစ်ပါတယ်။ လစ်ဗာပူးလ်ဟာ ရာသီအစမှာ ခံစစ်ပိုင်းပဲ အားနည်းခဲ့ပေမယ့် လက်ရှိမှာတော့ တိုက်စစ်ပိုင်းမှာပါ အားနည်းလာခဲ့တာ တွေ့ရပြီး နောက်ဆုံး ၅ ပွဲမှာ ရဂိုး ၅ ဂိုးသာ ရှိခဲ့ပြီး ပေးဂိုး ကတော့ ၈ ဂိုး အထိ ရှိထားပါတယ်။
●●●
နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS
အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်
ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.