နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

အက်တီဟတ်မှာ အဲဗာတန်က မန်စီးတီးကို ခက်ခဲစေနိုင်မလား | ပရီးမီးယားလိဂ် (ပွဲကြိုသုံးသပ်ချက်)

မန်ချက်စတာစီးတီး – အဲဗာတန်

ပရီးမီးယားလိဂ် ပွဲစဉ် ၈ မှာတော့ မန်ချက်စတာစီးတီးက အဲဗာတန်ကို အက်တီဟတ်ကွင်းမှာ ဧည့်ခံကစားရမှာ ဖြစ်ပါတယ်။ နောက်ပိုင်း ပွဲတွေမှာ ခြေစွမ်းပိုင်း ပြန်လည် တည်ငြိမ်လာတဲ့ မန်စီးတီးတို့ အဲဗာတန်ရဲ့ တုန့်ပြန်မှုတွေကြောင့် အက်တီဟတ်မှာ ရလဒ်ကောင်း တစ်ခု အလွယ်တကူ ရရှိနိုင်ပါ့မလား ဆိုတာ စောင့်ကြည့်ရမှာ ဖြစ်ပါတယ်။

မန်စီးတီး ကတော့ နောက်ပိုင်း ပွဲတွေမှာ ခြေစွမ်းပိုင်း ပြန်လည် တည်ငြိမ်လာခြင်းနဲ့ အတူ ရလဒ်တွေ ကောင်းနေပေမယ့် တချို့ ပွဲတွေမှာတော့ ခြေချော်မှုတွေ မြင်တွေ့နေရပါသေးတယ်။ ပြိုင်ပွဲစုံ နောက်ဆုံး ၇ ပွဲဆက် ရှုံးပွဲ မရှိထားတဲ့ မန်စီးတီးက ပရီးမီးယားလိဂ် မှာတော့ နောက်ဆုံး ၄ ပွဲဆက် မရှုံးထားပါဘူး။ လက်တလော အမှတ်ပေးဇယား အဆင့် ၅ နေရာကို ပြန်ရောက်နေတဲ့ မန်စီးတီး ဇယားထိပ်က အာဆင်နယ်နဲ့ ၃ မှတ်ပဲ ကွာဟနေပါတယ်။ နောက်ပြီး မန်စီးတီး ဒီရာသီ ပရီးမီးယားလိဂ် အိမ်ကွင်း ရလဒ်တွေကို ပြန်ကြည့်ရင် ၂ ပွဲနိုင်၊ ၁ ပွဲ ရှုံးထားတာ တွေ့ရပါတယ်။ မန်စီးတီးဟာ ၂၀၁၇ ခုနှစ် ဇန်နဝါရီလ နောက်ပိုင်း ကတည်း အဲဗာတန်နဲ့ တွေ့ဆုံချိန်တိုင်း ရလဒ်ကောင်းတွေပဲ ရှာဖွေထားနိုင်တဲ့ အသင်း ဖြစ်ပါတယ်။

အဲဗာတန် ကတော့ နည်းပြ ဒေးဗစ် မွိုက်စ် လက်အောက်မှာ တိတ်တခိုးလေး ခိုးကြမ်းချင်နေတဲ့ အခြေအနေမျိုးနဲ့ မြင်တွေ့နေရပါတယ်။ နောက်ဆုံး ကစားခဲ့တဲ့ ပွဲမှာ ဆိုရင် ရှုံးပွဲ မရှိတာ ကြာပြီ ဖြစ်တဲ့ ပဲလေ့စ်လို အသင်း ကိုတောင် မန်စီးတီး ကနေ အငှားနဲ့ လာကစားနေတဲ့ ဂျက် ဂရီးလစ်ရှ်ရဲ့ နောက်ကျဂိုးနဲ့ အနိုင်ယူပြထားပါတယ်။ အဲဗာတန်က ကျစ်လျစ်တဲ့ ကစားဟန် ရှိပြီး ပြိုင်ဘက်တိုင်းကို ခက်ခဲစေတတ်တဲ့ အသင်း ဖြစ်ပါတယ်။ လက်ရှိ ပရီးမီးယားလိဂ် ၇ ပွဲ ကစားပြီးချိန် အထိ ၃ ပွဲနိုင်၊ ၂ ပွဲ သရေ၊ ၂ ပွဲ ရှုံးနဲ့ အမှတ်ပေးဇယား အဆင့် ၈ နေရာမှာ ရပ်တည်နေပါတယ်။

 

နှစ်ဖက်အသင်း သတင်းများ

အခုပွဲကိုတော့ မန်စီးတီး ဘက်က ကူဆာနော့ဗ်၊ အစ် နျူရီ၊ ရိုဒရီ တို့ ပါဝင်ကစားဖို့ မသေချာသေးကြောင်း သိရပါတယ်။

အဲဗာတန် ဘက်ကတော့ ဂျက် ဂရီးလစ်ရှ် ပါဝင်ကစားခွင့် ရှိမှာ မဟုတ်ပဲ ဘရန့်ဝိတ်သ်၊ မာလင် ရိုဟဲလ် တို့ ပါဝင်နိုင်ဖို့ မသေချာသေးပါဘူး။

 

ဖြစ်နိုင်ဖွယ် လူစာရင်း 

လက်ရှိ ပရီးမီးယားလိဂ် ၇ ပွဲ ကစားပြီးချိန် အထိ ၃ ပွဲနိုင်၊ ၂ ပွဲ သရေ၊ ၂ ပွဲ ရှုံးနဲ့ အမှတ်ပေးဇယား အဆင့် ၈ နေရာမှာ ရပ်တည်နေပါတယ်။
ပရီးမီးယားလိဂ် အမှတ်ပေးဇယား အဆင့် ၈ နေရာမှာ ရပ်တည်နေတဲ့ အဲဗာတန်

မန်ချက်စတာစီးတီး – ဒွန်နာရမ်းမား၊ ကူဆာနော့ဗ်၊ ဒီးရာ့စ်၊ ဂဗာဒီယိုလ်၊ အိုရွိုင်လီ၊ ဂွန်ဇာလက်ဇ်၊ ဘာနာဒို၊ ဖိုဒန်၊ ရိုင်ဒါစ်၊ ဒိုကု၊ ဟာလန်း

အဲဗာတန် – ပစ်ခ်ဖို့ဒ်၊ အိုဘရိုင်ယန်၊ ကိန်း၊ တာကောစကီး၊ မိုင်ကိုလန်ကို၊ ဂူရီ၊ ဂါနာ၊ ဒစ်ဘ်လင်း၊ ဒူးစ်ဘာရီဟောလ်၊ အန်ဒီယာရီ၊ ဘီတို

 

ထိပ်တိုက်တွေ့ဆုံမှုနဲ့ နောက်ဆုံး ၅ ပွဲ ရလဒ်

မန်စီးတီးက အဲဗာတန်နဲ့ တွေ့ဆုံခဲ့တဲ့ နောက်ဆုံး ၁၇ ပွဲဆက် မရှုံးထားခဲ့ပဲ ၁၄ ပွဲနိုင်၊ ၃ ပွဲ သရေကျထားပါတယ်။ ပရီးမီးယားလိဂ် နောက်ဆုံး ၅ ကြိမ် တွေ့ဆုံမှု မှာတော့ မန်စီးတီးက ၄ ကြိမ်နိုင်ပြီး ၁ ကြိမ် သရေကျခဲ့ပါတယ်။ အက်တီဟတ်မှာ ကစားခဲ့တဲ့ နောက်ဆုံး ၅ ကြိမ် မှာတော့ မန်စီးတီးတို့ ၃ ကြိမ် နိုင်ပြီး ၂ ကြိမ် သရေကျခဲ့ပါတယ်။

 

လောင်းကစားဆိုင်ရာ အကြံပြုချက်

SBOTOPရဲ့ 1X2 မှာ မန်ချက်စတာစီးတီး နိုင်ရင် ၁.၃၇ ဆ ရမှာ ဖြစ်ပြီး အဲဗာတန် နိုင်ရင်တော့ ၆.၉၀ ဆ နဲ့ သရေ ဆိုရင်တာ့ ၄.၃၉ ဆ ရမှာ ဖြစ်ပါတယ်။ အာရှဟန်းဒီးကပ်မှာ မန်စီးတီး ဘက်က ၁ လုံး အရှုံးအထိ ပေါက်နေပြီး ဂိုးပေါင်းကြေး ကတော့ ၃ လုံးပါ။ အဲဗာတန်တို့ မန်စီးတီးကို အက်တီဟတ်မှာ တွေ့ဆုံချိန်တိုင်း မလွယ်ကူခဲ့ပါဘူး။ နောက်ပြီး လက်တလော အားထားနေရတဲ့ ဂရီးလစ်ရှ်လည်း ပါဝင်ကစားနိုင်မှာ မဟုတ်တာကြောင့် အဲဗာတန်တို့ သိသိသာသာ အားနည်းနေပါလိမ့်မယ်။ မန်စီးတီး ကိုပဲ ရွေးချယ်ထားရမှာ ဖြစ်ပြီး ၂ ဂိုးပြတ်လောက်နဲ့ အနိုင်ရသွားမယ့် ပွဲလို့ပဲ ထင်ပါတယ်။

ခန့်မှန်းရလဒ်

မန်ချက်စတာစီးတီး ၂-၀ အဲဗာတန်

ကျွန်ုပ်တို့၏ လောင်းကစားအတွက် သက်မှတ်ထားသည့် (??) များသည်မည်မျှ တန်ဘိုးရှိကြောင်း ရှင်းလင်းချက်
?? = €20 (ယုံကြည်ချက် အမြင့်ဆုံး) ?? = €10 (ယုံကြည်ချက်) ?? = €5 (ယုံကြည်ချက် အနည်းငယ် )

ရှင်းလင်းချက် : ကြေးများသည် ထုတ်ပြန်ကြေညာသည့်အချိန်တွင် မှန်ကန်မှုရှိပါသည်။

   

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်