အက်စတွန်ဗီလာ – ဖူလ်ဟမ်
ပရီးမီးယားလိဂ် ပွဲစဉ် ၆ ရဲ့ တနင်္ဂနွေနေ့ညက ပွဲစဉ် တစ်ပွဲ အဖြစ် အက်စတွန်ဗီလာနဲ့ ဖူလ်ဟမ်တို့ ဗီလာပါ့ခ်မှာ ယှဉ်ပြိုင်ကစားကြမှာ ဖြစ်ပါတယ်။ ဖူလ်ဟမ်နဲ့ တွေ့ဆုံခဲ့တဲ့ နောက်ဆုံး ၆ ပွဲဆက် အနိုင်ရထားတဲ့ ဗီလာတို့ ဒီတစ်ကြိမ် မှာရော ရလဒ်ကောင်း တစ်ခု ရှာဖွေသွားနိုင်ဦးမလား ဆိုတာ စောင့်ကြည့်ရမှာ ဖြစ်ပါတယ်။
အက်စတွန်ဗီလာက ဒီရာသီ အစတည်းက ပြိုင်ပွဲစုံမှာ တောက်လျောက် မှောက်နေခဲ့ပေမယ့် ယူရိုပါလိဂ် အဖွင့် ပွဲမှာတော့ ဘိုလော့ဂ်နာနဲ့ အတွေ့မှာ နိုင်ပွဲ စတင်ရရှိခဲ့ပါတယ်။ ဒါပေမယ့်လည်း ခြေစွမ်းပိုင်းက အားရစရာ လုံးဝ မရှိခဲ့ပဲ ဘိုလော့ဂ်နာ ကတောင် ပိုကောင်းခဲ့ပါတယ်။ အူနိုင်း အမ်မရီရဲ့ အသင်းက ပရီးမီးယားလိဂ် ၅ ပွဲ ကစားပြီးချိန်မှာ ၃ ပွဲ သရေ၊ ၂ ပွဲ ရှုံးထားပြီး ရမှတ် ၃ မှတ်တဲ့ တန်းဆင်းဇုန်ထဲ ရောက်နေပါတယ်။ ဗီလာက ဒီရာသီ ပရီးမီးယားလိဂ် အိမ်ကွင်း ပွဲစဉ် ၂ ပွဲမှာ နယူးကာဆယ်နဲ့ သရေကျပြီး ခရစ္စတယ်ပဲလေ့စ်ကို အိမ်ကွင်းမှာ ဂိုးပြတ် ရှုံးထားတာ တွေ့ရပါတယ်။
ဖူလ်ဟမ် ကတော့ ဒီရာသီမှာ ပြိုင်ပွဲစုံ ၇ ပွဲ ကစားပြီးချိန်အထိ ချဲလ်ဆီး တစ်သင်းတည်းကို ရှုံးထားပါတယ်။ ပရီးမီးယားလိဂ်မှာလည်း ဖူလ်ဟမ်က ၂ ပွဲနိုင်၊ ၂ ပွဲ သရေ၊ ၁ ပွဲရှုံး ရမှတ် ၈ မှတ်နဲ့ အဆင့် ၈ နေရာမှာ ရပ်တည်နေပါတယ်။ မာကို ဆေးလ်ဗားရဲ့ အသင်းက ဘရိုက်တန်၊ ယူနိုက်တက် တို့ကို သရေ၊ လိဒ်စ်၊ ဘရန့်ဖို့ဒ် တို့ကို အနိုင်ကစားထားတာကို ကြည့်ခြင်းအားဖြင့် အမှတ်ရအောင် ယူတတ်တဲ့ အသင်း ဆိုတာ သိသာပါတယ်။ ဖူလ်ဟမ်တို့ ဗီလာနဲ့ နောက်ပိုင်း တွေ့ဆုံမှု ၆ ကြိမ်ဆက် ရှုံးထားပေမယ့် ဒီတစ်ကြိမ်မှာတော့ တတ်နိုင်သမျှ အမှတ်ရအောင် ယူဖို့ ကြိုးစားပါလိမ့်မယ်။
နှစ်ဖက်အသင်း သတင်းများ

ဖြစ်နိုင်ဖွယ် လူစာရင်း
အက်စတွန်ဗီလာ – မာတီနက်ဇ်၊ ကတ်ရှ်၊ ကွန်ဆာ၊ ပါအူ၊ မတ်ဆန်၊ မက်ဂင်းန်၊ ကာမာရာ၊ ဂက်ဆန်၊ ရော်ဂျာစ်၊ ဆန်ချို၊ ဝက်ကင်န်
ဖူလ်ဟမ် – လန်နို၊ တီတီ၊ အန်ဒါဆန်၊ ဘက်ဆေး၊ ဆက်ဆနွန်၊ လူကစ်၊ ဘာ့ဂျ်၊ ဝီလ်ဆင်၊ ကင်း၊ အီဝိုဘီ၊ မူနစ်ဇ်
ထိပ်တိုက်တွေ့ဆုံမှုနဲ့ နောက်ဆုံး ၅ ပွဲ ရလဒ်
ဒီနှစ်သင်းက ၂၄ ကြိမ် တွေ့ဆုံရာမှာ ဗီလာက ၁၁ ကြိမ်နိုင်၊ ဖူလ်ဟမ်က ၄ ကြိမ်နိုင်ပြီး ၄ ကြိမ် သရေကျခဲ့ပါတယ်။ နောက်ဆုံး ၆ ကြိမ်ဆက် ဗီလာက ဖူလ်ဟမ်ကို အနိုင်ရထားပြီး ပရီးမီးယားလိဂ် မှာလည်း နောက်ဆုံး ၅ ကြိမ်ဆက် ဗီလာပဲ နိုင်ထားပါတယ်။ ဗီလာပါ့ခ်မှာ ကစားခဲ့တဲ့ နောက်ဆုံး ၅ ပွဲမှာလည်း အက်စတွန်ဗီလာကပဲ အနိုင်ရထားပါတယ်။
လောင်းကစားဆိုင်ရာ အကြံပြုချက်
SBOTOPရဲ့ 1X2 မှာ အက်စတွန်ဗီလာ နိုင်ရင် ၂.၂၈ ဆ၊ ဖူလ်ဟမ် နိုင်ရင်တော့ ၃.၀၀ ဆ၊ သရေ ဆိုရင်တော့ ၃.၀၃ ဆ နီးပါး ရမှာ ဖြစ်ပါတယ်။ အာရှဟန်းဒီးကပ် မှာတော့ ဒဲ့ကြေးနဲ့ ဗီလာ ဘက်က ခပ်ပါးပါးကြေး ပေါက်နေပြီး ဂိုးပေါင်း ကတော့ ၂ လုံးက စဖွင့်ပါတယ်။ ပြီးခဲ့တဲ့ တွေ့ဆုံမှုတွေမှာ ဖူလ်ဟမ်တို့ ဗီလာကို မသာခဲ့ဖူး ဆိုပေမယ့် ဒီတစ်ကြိမ် တွေ့ဆုံမှုမှာတော့ အကျဘက် ရောက်နေတဲ့ ဗီလာရဲ့ အခြေအနေကို အခွင့်ကောင်းယူနိုင်မယ့် အခြေအနေမှာ ရှိပါတယ်။ ဖူလ်ဟမ်တို့ မနိုင်ရင်တောင် မရှုံးနိုင်တဲ့ အခြေအနေ ဖြစ်ပါတယ်။ ကျွန်တော် ကတော့ သရေ ရလဒ်နဲ့ အရဲစွန့် ရပ်တည်ထားချင်ပါတယ်။
ကျွန်ုပ်တို့၏ လောင်းကစားအတွက် သက်မှတ်ထားသည့် (![]() |
|||
---|---|---|---|
![]() |
![]() |
![]() |
ရှင်းလင်းချက် : ကြေးများသည် ထုတ်ပြန်ကြေညာသည့်အချိန်တွင် မှန်ကန်မှုရှိပါသည်။
●●●
နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS
အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်
ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.