လစ်ဗာပူးလ် တိုက်စစ် ကစားသမား ကိုဒီ ဂက်ခ်ပို ကတော့ နယ်သာလန် အသင်းဖော် ဂျရယ်မီ ဖရင်မ်ပေါင်နဲ့ ပတ်သတ်လို့ ချီးကျူးစကားတွေ ပြောကြားလိုက်ပါတယ်။ ဂက်ခ်ပိုနဲ့ ဖရင်မ်ပေါင် တို့ဟာ နယ်သာလန် လက်ရွေးစင် အသင်းဖော်တွေ ဖြစ်ကြပြီးတော့ ပရီးမီးယားလိဂ် ကလပ် ဖြစ်တဲ့ လစ်ဗာပူးလ် မှာတော့ ဒီရာသီမှ စတင် တွဲဖက် ကစားကြမှာပါ။
ကိုဒီ ဂက်ခ်ပိုက ဖရင်မ်ပေါင်ဟာ အသင်းကို များစွာ အကျိုးသက်ရောက်မယ့် ကစားသမား ဖြစ်ကြောင်း ပြောကြားခဲ့ပြီး အဲဒီအထဲ ကမှ အမြန်နှုန်းဟာ ထူးခြားချက် ဖြစ်ကြောင်း ချီးကျူးသွားခဲ့တာ ဖြစ်ပါတယ်။ ဂက်ခ်ပိုက “ဖရင်ပေါင်က အသင်းကို များစွာ အကျိုးဖြစ်စေထွန်းသူပါ။ သူ့မှာ အရည်အချင်းတွေ အများကြီး ရှိနေပါတယ်။ အဲဒီ အရည်အချင်းတွေထဲက အကြီးကျယ်ဆုံး တစ်ခုက လျင်မြန်မှု ဖြစ်ပြီး အသင်းရဲ့ ကစားသမားတွေထဲမှာ အမြန်ဆုံးကစားသမား ဖြစ်မယ် ထင်ပါတယ်။ သူက အရမ်းမြန်ပြီး ဖြတ်တင်ဘောတွေလည်း ကောင်းပါတယ်။ ပြီးတော့ သူက တိုက်စစ်ကို ကူညီနိုင်သလို ခံစစ်လည်း ကောင်းပါတယ်။ သူက ကျွန်တော်တို့ အသင်းကို အများကြီး ကူညီပေးနိုင်မယ်လို ထင်ပါတယ်။” လို့ ပြောကြားခဲ့ပါတယ်။
ဂက်ခ်ပို ကတော့ ၂၀၂၃ ခုနှစ်မှာ နယ်သာလန် ကလပ် ပီအက်စ်ဗွီ ကနေ လစ်ဗာပူးလ်ကို ပြောင်းရွှေ့လာခဲ့သူ ဖြစ်ပါတယ်။ အသက် ၂၆ နှစ် အရွယ် ဂက်ခ်ပိုဟာ နည်းပြ အာနေး ဆလော့တ် လက်အောက်မှာ အဓိက ကစားသမား တစ်ဦး အဖြစ် ခြေစွမ်းပြနေသူလည်း ဖြစ်ပါတယ်။ နယ်သာလန်သားဟာ ပြီးခဲ့တဲ့ရာသီက ပရီးမီးယားလိဂ် ချန်ပီယံဆု အတွက် အဓိက နေရာ ကနေ ပါဝင်ကစားကာ ၁၂၈ ပွဲ ကစား ၄၁ ဂိုးသွင်းယူထားပါတယ်။

ပရီးမီးယားလိဂ် ချန်ပီယံ လစ်ဗာပူးလ်ဟာ ဒီနွေရာသီမှာ ကစားသမား ၆ ဦးအထိ ခေါ်ယူထားပြီး ဖရင်မ်ပေါင် ကတော့ ပထမဦးဆုံး ခေါ်ယူမှု ဖြစ်ခဲ့ပါတယ်။ အသက် ၂၄ နှစ် အရွယ် နယ်သာလန် လက်ရွေးစင် ညာနောက်ခံလူဟာ လေဗာကူဆင် အသင်း ကနေ ယူရို ၃၅ သန်း (ပေါင် ၂၉.၅ သန်း) နဲ့ ပြောင်းရွှေ့လာခဲ့ပြီးတော့ ၅ နှစ် စာချုပ်ချုပ်ကာ ၂၀၃၀ ခုနှစ် အထိ အန်ဖီးလ်မှာ ရှိနေမယ့်သူ ဖြစ်ပါတယ်။
လစ်ဗာပူးလ်ဟာ ဖရင်မ်ပေါင်ကို ရီးရဲလ်မက်ဒရစ်ကို ပြောင်းရွှေ့သွားခဲ့တဲ့ အင်္ဂလန် လက်ရွေးစင် ညာနောက်ခံလူ ထရန့် အလက်ဇန္တား အာနိုးလ်ရဲ့ နေရာမှာ တိုက်ရိုက် အစားထိုးဖို့ ခေါ်ယူခဲ့တာလည်း ဖြစ်ပါတယ်။ ဒါ့အပြင် ဖရင်မ်ပေါင်ဟာ ဂက်ခ်ပို၊ ဂါဗရန်ဘက်ချ်၊ ဗာဂျယ် ဗန်ဒိုက်ခ်တို့ ပြီးရင် နယ်သာလန် လူမျိုး နည်းပြ အာနေး ဆလော့တ် လက်အောက်မှာ ကစားမယ့် စတုတ္ထမြောက် ဒက်ချ် ကစားသမားလည်း ဖြစ်ပါတယ်။ လက်ရှိမှာ လစ်ဗာပူးလ်က ရာသီကြို ခြေစမ်းပွဲတွေ ကစားဖို့ ဟောင်ကောင်ကို ရောက်ရှိနေပြီး ဇူလိုင် ၂၆ မှာ အေစီမီလန်နဲ့ စတင် ကစားရမှာ ဖြစ်ပါတယ်။ အဲဒီနောက် အာနေး ဆလော့တ်ရဲ့ အသင်းက ဂျပန် ကလပ် ယိုကိုဟားမား အက်ဖ် မာရီနို့စ်၊ ဘီလ်ဘာအို (နှစ်ပွဲ) တို့နဲ့ ခြေစမ်းပွဲတွေ ဆက်လက် ကစားရမှာ ဖြစ်ပါတယ်။ လစ်ဗာပူးလ်ဟာ ပြီးခဲ့တဲ့ ရာသီက အကောင်းဆုံး ပုံစံ တစ်ခုနဲ့ ပရီးမီးယားလိဂ် ချန်ပီယံ ဖြစ်ခဲ့သလို လာမယ့် ရာသီမှာလည်း ချန်ပီယံဘွဲ့ကို ဆက်လက် ကာကွယ်ဖို့ ရည်မှန်းထားတဲ့ အသင်းပါ။ အခု နောက်ဆုံး အနေနဲ့ လစ်ဗာပူးလ်က ဖရန့်ဖတ်က အသက် ၂၃ နှစ် အရွယ် ပြင်သစ် တိုက်စစ်မှူး ဟူဂို အစ်ကီတီကီကို ကနဦး ပြောင်းရွှေ့ကြေး ပေါင် ၆၉ သန်း+အပိုဆုကြေး ပေါင် ၁၀ သန်းနဲ့ ခေါ်ယူထားပြီး ၆ နှစ် သက်တမ်း ရှိတဲ့ စာချုပ်ချုပ်ဆိုထားပါတယ်။ အီကီတီကီဟာ လက်ရှိမှာ ရာသီကြို ခြေစမ်းပွဲတွေ ကစားဖို့ ဟောင်ကောင်ကို ရောက်ရှိနေတဲ့ လစ်ဗာပူးလ်နဲ့ သွားရောက် ပူးပေါင်းဖို့လည်း ရှိနေပါတယ်။
●●●
နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS
အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်
ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.