မနက်ဖြန် မနက် အစောပိုင်းမှာတော့ ပရီးမီးယားလိဂ် နွေရာသီ စီးရီး ပွဲစဉ်တွေ အဖြစ် ဝက်စ်ဟမ်းနဲ့ အဲဗာတန်၊ မန်ချက်စတာယူနိုက်တက်နဲ့ ဘုန်းမောက်တို့ ဆက်လက် ယှဉ်ပြိုင်ကစားဖို့ ရှိနေပါတယ်။ ပရီးမီးယားလိဂ် ထိပ်သီး ကလပ်တွေ အချင်းချင်း ကစားမယ့် ပွဲစဉ်တွေကို ထပ်မံ ရှုစားရဦးမှာ ဖြစ်ပြီး ဘောလုံးပွဲတွေ ငတ်နေတဲ့ ပရိသတ်တွေ အတွက် ကတော့ အတိုင်းအတာ တစ်ခု အထိ စိတ်ကျေနပ်မှုပေးနိုင်ဖို့တော့ ရှိနေပါလိမ့်မယ်။
ဝက်စ်ဟမ်း – အဲဗာတန်
ဝက်စ်ဟမ်းက ဒီပွဲ မတိုင်ခင် ဒီနွေရာသီမှာ ခြေစမ်းပွဲ ၂ ပွဲ ကစားထားပြီးတော့ ဆွစ်ဇာလန် ကလပ် ဂရက်စ်ဟော့ပါးကို ၁-၃ နဲ့ နိုင်ပြီး ယူနိုက်တက် ကိုတော့ ၂-၁ နဲ့ ရှုံးထားပါတယ်။ လန်ဒန် ကလပ်ဟာ ပရီးမီးယားလိဂ် နွေရာသီ စီးရီး ပွဲစဉ်မှာပဲ ယူနိုက်တက်ကို ရှုံးခဲ့တယ် ဆိုပေမယ့် ခြေစွမ်းအရတော့ သိပ်ပြီး မနိမ့်ပါးနေခဲ့တာ တွေ့ရပါတယ်။ တိုဒီဘို၊ ဒီယော့ဖ်၊ ဝေါလ်ကာ ပီတာစ်၊ ကမ်းမင်း တို့ကို ခေါ်ယူ အားဖြည့်ထားနိုင်တဲ့ ဝက်စ်ဟမ်းက လူစာရင်း စုဖွဲ့မှု အရလည်း မဆိုးလှတဲ့ အခြေအနေမျိုး ရှိနေပါတယ်။
အဲဗာတန် ကတော့ ဒီနွေမှာ ကစားသမား ၃ ဦးသာ ခေါ်ထားရပါသေးတယ်။ အဲလ်ကာရက်ဇ်ကို အပြီးသတ် ခေါ်ယူကာ၊ ဘယ်ရီနဲ့ ထရေဗားစ် တို့ကို ခေါ်ယူ အားဖြည့်ထားတာ ဖြစ်ပါတယ်။ ခြေစမ်းပွဲ အနေနဲ့ ကတော့ ဒေးဗစ် မွိုက်စ်ရဲ့ အသင်းက ၃ ပွဲ ကစားထားပြီး အက်ကရင်တန်နဲ့ သရေ၊ ဘလက်ဘန်းနဲ့ ဘုန်းမောက်ကို ရှုံးပြီး ရလဒ်တွေ ဆိုးရွားနေပါတယ်။ ဒါ့အပြင် အဲဗာတန်က နောက်ဆုံး ၂ ပွဲဆက် ဂိုးမသွင်းနိုင်ခဲ့ပါဘူး။
ဒီပွဲမှာတော့ လူစာရင်း စုဖွဲ့မှုနဲ့ ခြေစွမ်းပိုင်း အနည်းငယ် ပိုသာနေတဲ့ ဝက်စ်ဟမ်း ကိုပဲ ရွေးချယ်ထားချင်ပါတယ်။ အပြန်အလှန် သွင်းဂိုး တချို့လည်း မြင်တွေ့ရဦးမှာပါ။
ခန့်မှန်းရလဒ် : ဝက်စ်ဟမ်း ၂-၁ အဲဗာတန်
မန်ချက်စတာယူနိုက်တက် – ဘုန်းမောက်

ပရီးမီးယားလိဂ် နွေရာသီ စီးရီး ပွဲစဉ်တွေထဲမှာ စိတ်ဝင်စားစရာ အကောင်းဆုံး တွေ့ဆုံမှုလို့ပဲ ဆိုရပါမယ်။ မန်ချက်စတာယူနိုက်တက်ဟာ ဒီနွေရာသီမှာ ခြေစမ်းပွဲ ၄ ပွဲ အထိ ကစားထားပြီး နားရက် မတိုင်ခင်မှာ အာဆီယံ All Star၊ ဟောင်ကောင်၊ နားရက် အပြီး မှာတော့ လိဒ်စ်၊ ဝက်စ်ဟမ်း တို့နဲ့ ကစားထားခဲ့တာ ဖြစ်ပါတယ်။ မောင်မောင်လွင်ရဲ့ တစ်လုံးတည်းသော သွင်းဂိုးနဲ့ ရှုံးနိမ့်ခဲ့တဲ့ အာဆီယံ All Star နဲ့ ပွဲမှာတော့ ယူနိုက်တက်ရဲ့ ခြေစွမ်းက တော်တော်လေး စုတ်ပြတ်သတ်နေခဲ့ပြီး ဟောင်ကောင်းနဲ့ ပွဲမှာလည်း အနိုင်ရခဲ့တယ် ဆိုပေမယ့် ခြေစွမ်းက စိတ်ပျက်စရာပါ။ အဲဒီနောက် လိဒ်စ်နဲ့ သရေကျခဲ့တဲ့ ပွဲ၊ ဝက်စ်ဟမ်းကို အနိုင်ရခဲ့တဲ ပွဲတွေ မှာလည်း ယူနိုက်တက်ရဲ့ ခြေစွမ်းက မေးခွန်းထုတ်စရာ ရှိခဲ့ပါတယ်။ ရှေ့ပွဲတွေမှာ ကစားသမားသစ် ကူညာကို မြင်တွေ့ခဲ့ရပြီးတော့ အခု ပွဲမှာတော့ ဘရိုင်ယန် အမ်ဘူမို ပါဝင်လာဖွယ် ရှိနေပါတယ်။ မတည်ငြိမ်သေးတဲ့ စုဖွဲ့မှု၊ ခြေစွမ်းတွေနဲ့ ယူနိုက်တက်တို့ ဘုန်းမောက်ကို အသာရအောင် ကစားနိုင်ပါ့မလား ဆိုတာ စောင့်ကြည့်ရမှာ ဖြစ်ပါတယ်။
ဘုန်းမောက် ကတော့ ဒီနွေရာသီမှာ ထရူဖက်နဲ့ ပီထရိုဗစ် တို့ နှစ်ဦးသာ ခေါ်ယူ အားဖြည့်ထားပြီး ဟောက်ဆန်၊ ကာကက်ဇ် အပါအဝင် ကစားသမား တော်တော်များများကို လက်လွှတ်ထားရပါတယ်။ ဘုန်းမောက်ဟာ ဒီပွဲမတိုင်ခင် ခြေစမ်းပွဲ ၃ ပွဲ ကစားထားပြီး ဟစ်ဘာနီရန်၊ ဘရစ္စတိုးလ်နဲ့ အဲဗာတန် တို့ကို အနိုင်ရထားပါတယ်။
ယူနိုက်တက် အတွက် ကတော့ နောက်ထပ် မလွယ်ကူတဲ့ ခြေစမ်းပွဲလို့ပဲ ဆိုရမှာပါ။ ဒီပွဲမှာလည်း အပြန်အလှန် သွင်းဂိုးတွေကို မျှော်လင့်ထားချင်ပြီး ဘုန်းမောက် အနိုင်ရသွားမယ်လို့ ထင်ပါတယ်။ ခန့်မှန်းရလဒ် : မန်ချက်စတာယူနိုက်တက် ၂-၁ ဘုန်းမောက်
●●●
နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS
အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်
ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.