နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

အင်္ဂလန်မှာ ဆက်နေချင်တဲ့ ဂရီးလစ်ရှ်ကို ခေါ်ယူဖို့ ကြိုးပမ်းမယ့် အဲဗာတန် | ပရီးမီးယားလိဂ်

ပရီးမီးယားလိဂ် ကလပ် အဲဗာတန် ကတော့ မန်ချက်စတာစီးတီး တောင်ပံကစားသမား ဂျက် ဂရီးလစ်ရှ်ကို ခေါ်ယူချင်နေတာကြောင့် အာရုံစိုက် ကြိုးပမ်းသွားမယ်လို့ သိရပါတယ်။ Sky Sports ရဲ့ ဖော်ပြချက်အရ ဆိုရင် မာဆေးလ်ဆိုက်ဒ် ကလပ်က ကစားသမားရဲ့ မိသားစုနဲ့ အတူ အင်္ဂလန်မှာ ဆက်နေချင်တဲ့ ဆန္ဒကို အသုံးချကာ အပြောင်းအရွှေ့ ဖြစ်မြောက်အောင် ကြိုးပမ်းသွားမယ်လို့လည်း သိရပါတယ်။

အသက် ၂၉ နှစ် အရွယ် အင်္ဂလန် လက်ရွေးစင် ကစားသမားက မန်စီးတီးမှာ အနာဂတ် မရှိသလောက် ဖြစ်နေပြီး နည်းပြ ဖြစ်သူ ပပ် ဂွါဒီယိုလာ ကိုယ်တိုင် ကတောင် အသင်းပြောင်းဖို့ တိုက်တွန်းထားတာ ဖြစ်ပါတယ်။ ဂွါဒီယိုလာဟာ ဂရီးလစ်ရှ်ကို ပြီးခဲ့တဲ့ ဖီဖာ ကလပ် ကမ္ဘာ့ဖလား လူစာရင်း ကနေ ချန်လှပ်ခဲ့ပြီးတော့ အသင်း ကလည်း သူ့ကို အသင်းသစ် ရှာဖွေခွင့်ပြုထားပါတယ်။

အသက် ၂၉ နှစ် အရွယ် အင်္ဂလန် လက်ရွေးစင် တောင်ပံ ကစားသမား ဂရီးလစ်ရှ်ဟာ တစ်ချိန်က ပေါင် သန်း ၁၀၀ တန် ဗြိတိန် စံချိန်တင် ပြောင်းရွှေ့ကြေးရှင် ဖြစ်ခဲ့သူပါ။ သူဟာ မန်စီးတီးတို့ တစ်ရာသီထဲ ဖလား ၃ လုံး ချန်ပီယံ ဖြစ်ခဲ့တဲ့ ကာလမှာ အကောင်းဆုံး ခြေစွမ်းတွေ ပြသခဲ့ပေမယ့် နောက်ပိုင်း ရာသီတွေ မှာတော့ အရန်ခုံမှာသာ အချိန်ကုန်နေခဲ့ရတာပါ။ ဂရီးလစ်ရှ်က ပြီးခဲ့တဲ့ နှစ်ရာသီစလုံးမှာ ပရီးမီးယားလိဂ် ပွဲ ၂၀ သာ ကစားခဲ့ရသူလည်း ဖြစ်ပါတယ်။

အဲဗာတန်ဟာ ပြီးခဲ့တဲ့ ရာသီက ပရီးမီးယားလိဂ်မှာ အမှတ်ပေးဇယား အဆင့် ၁၃ နေရာမှာပဲ ရပ်တည်နိုင်ခဲ့ပါတယ်။
အသင်းကို အင်အားဖြည့်တင်း ပြင်ဆင်မှုတွေ ပြုလုပ်နေတဲ့ အဲဗာတန်

လက်တလောမှာ စီးရီးအေ ချန်ပီယံ နာပိုလီ ကလည်း ဂရီးလစ်ရှ်ကို ခေါ်ယူဖို့ သတင်းတွေ ထွက်နေပြီး အကယ်၍ အပြောင်းအရွှေ့ ဖြစ်မြောက်ခဲ့ရင်တော့ မန်စီးတီး အသင်းဖော်ဟောင်း ကီဗင် ဒီဘရွန်းနားနဲ့ ပြန်လည် တွဲဖက် ကစားခွင့်ရရှိမှာ ဖြစ်ပါတယ်။ ဗြိတိန်မီဒီယာတွေရဲ့ ဖော်ပြချက်အရ ဂရီးလစ်ရှ်ဟာ ပရီးမီးယားလိဂ် ပြင်ပကလပ်တွေဆီ ပြောင်းရွှေ့ချင်စိတ် မရှိဘူးလို့ သိရပါတယ်။ ဂရီးလစ်ရှ်ဟာ အင်္ဂလန် မြောက်ပိုင်း ချက်ရှိုင်းယားမြို့က နေအိမ်မှာသာ ချစ်သူ ဆာရှာ အတ်ဝုဒ်နဲ့ သမီးငယ်လေးနဲ့ အတူ ဆက်လက် နေထိုင်လိုနေတာ ဖြစ်ပါတယ်။ ချက်ရှိုင်းယားမြို့ ကတော့ မန်ချက်စတာနဲ့ မာဆေးလ်ဆိုဒ် ကလပ်တွေရဲ့ လေ့ကျင့်ရေးကွင်းတွေဆီ အလွယ်တကူ သွားလာနိုင်တဲ့ နေရာလည်း ဖြစ်ပါတယ်။ ဒီအချက် ကလည်း အဲဗာတန်တို့ ဂရီးလစ်ရှ်ကို ခေါ်ယူနိုင်ဖို့ အဓိက အားသာချက် တစ်ခု ဖြစ်လာနိုင်ပါတယ်။

တစ်ခုရှိတာက ပပ် ဂွါဒီယိုလာက ဂရီးလစ်ရှ်ကို ပွဲထွက် ကစားခွင့် ပြန်ရဖို့ လိုအပ်ကြောင်း ၃ ရက် ၁ ပွဲ ကစားရတဲ့ အခါ ခံစားရတဲ့ ရင်ခုန်စိတ်လှုပ်ရှားမှုနဲ့ ကစားချင်စိတ် ပြင်းပြနေတဲ့ ခံစားချက်မျိုးကို ပြန်ရဖို့ လိုအပ်ကြောင်း အဲ့ဒီအခါကျရင် သူ့ရဲ့ အရည်အသွေးတွေကို ပြန်လည် ပြသနိုင်မှာ ဖြစ်ကြောင်း ပြောကြားထားခဲ့တာပါ။ ဒီပြောစကားအရ ဆိုရင် ဂရီးလစ်ရှ်ကို အငှားနဲ့ ထွက်ခွာခွင့်ပြုပြီး ပုံမှန် ခြေစွမ်းပြန်ရလာချိန်မှာ အသင်းဆီ ပြန်လည် ခေါ်ယူသွားဖွယ် ရှိနေတဲ့ သဘောမျိုးလည်း သက်ရောက်နေပါတယ်။ ဒါပေမယ့်လည်း မန်စီးတီး တာဝန် ရှိသူတွေ ကတော့ ဂရီးလစ်ရှ်ကို အပြီးတိုင် ရောင်းထုတ်ဖို့သာ ဆုံးဖြတ်ထားကြတာ ဖြစ်ပါတယ်။

ဂရီးလစ်ရှ် ကတော့ တည်ငြိမ်တဲ့ မိသားစု ဘဝကို ဆက်လက် တည်ဆောက်ဖို့ အဲဗာတန်ဆီ အငှားစာချုပ်နဲ့ ပြောင်းရွှေ့ ကစားဖို့ စဉ်းစားဖွယ် ရှိနေပါတယ်။ ဒေးဗစ် မွိုက်စ်ရဲ့ အဲဗာတန် ကတော့ ဒီနွေရာသီ အပြောင်းအရွှေ့မှာ ကားလို့စ် အဲလ်ကာရက်ဇ်ကို ဖလာမင်ဂို ကနေ အပြီးသတ် ခေါ်ယူခဲ့ပြီးတော့ ဗီလာရီးရဲလ် ကနေ သီယာနို ဘယ်ရီ၊ ဘုန်းမောက်က မက် ထရေဗားစ် တို့ကို ခေါ်ယူထားပါတယ်။ အကယ်၍ အဲဗာတန် အနေနဲ့ ဂရီးလစ်ရှ်နဲ့ တခြားသော ကစားသမား တချို့ကို ဆက်လက် ခေါ်ယူနိုင်မယ် ဆိုရင်တော့ အတိုင်းအတာ တစ်ခု အထိ အင်အား တောင့်တင်းသွားမှာ ဖြစ်ပါတယ်။ အဲဗာတန်ဟာ ပြီးခဲ့တဲ့ ရာသီက ပရီးမီးယားလိဂ်မှာ အမှတ်ပေးဇယား အဆင့် ၁၃ နေရာမှာပဲ ရပ်တည်နိုင်ခဲ့ပါတယ်။

   

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်