နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

ဂစ်ဘ်-ဝှိုက်ဟာ စပါးနဲ့ ကောလာဟလတွေ အကြားမှာ ပရော်ဖက်ရှင်နယ်ဆန်စွာ ထိန်းသိမ်းနေတယ်လို့ ဖွင့်ဟလိုက်တဲ့ အေနာ | ပရီးမီးယားလိဂ်

မော်ဂန် ဂစ်ဘ်-ဝှိုက် ကတော့ ဒီနွေရာသီမှာ ပရီးမီးယားလိဂ် ကလပ် တော့တင်ဟမ်ဟော့စပါးနဲ့ Here We Go ခဲ့ပေမယ့် အပြောင်းအရွှေ့ ပျက်ပြယ်ခဲ့တဲ့ ကစားသမား ဖြစ်ပါတယ်။ မော်ဂန် ဂစ်ဘ်-ဝှိုက်ဟာ စပါးကို ပြောင်းရွှေ့ဖို့ အနီးစပ်ဆုံး အခြေအနေထိ ရောက်ရှိခဲ့ပြီးတော့ လက်ရှိ မှာတော့ နော့တင်ဟမ်ဖောရက်စ်ရဲ့ မိုနာကိုနဲ့ ရာသီကြို ခြေစမ်းပွဲမှာ ပါဝင်ကစားပေးနေခဲ့ပြီလည်း ဖြစ်ပါတယ်။

ဒါကို ဂစ်ဘ်ဝှိုက်ရဲ့ နော့တင်ဟမ်ဖောရက်စ် အသင်းဖော် ဖြစ်တဲ့ အိုလာ အေနာက မော်ဂန် ဂစ်ဘ်-ဝှိုက် အနေနဲ့ သူ့ရဲ့ ပရော်ဖက်ရှင်နယ်ဆန်မှုကို ထိန်းသိမ်းထားတယ်လို့ ပြောဆိုလာခဲ့ပါတယ်။ နောက်ခံလူ အိုင်နာက ဂစ်ဘ်ဝှိုက်ရဲ့ အလားအလာ ရှိတဲ့ အပြောင်းအရွှေ့ အသေးစိတ်ကို မသိရှိပေမယ့်လည်း အင်္ဂလန်သားက လက်ရှိအချိန်မှာ ဖောရက်စ် အတွက်သာ အာရုံစိုက်ထားတယ် ဆိုတာ သေချာကြောင်း ဖွင့်ဟခဲ့တာ ဖြစ်ပါတယ်။

“သူက ဒါကို ပရော်ဖက်ရှင်နယ်ဆန်စွာ ထိန်းသိမ်းထားပါတယ်၊ အဲဒီ ကိစ္စရဲ့ အတိမ်အနက်ကို ကျွန်တော် မသိပါဘူး။ သူ ဒီနေ့ ဒီမှာ ကစားနေပြီး ပုံမှန်အတိုင်း လေ့ကျင့်ခန်းဆင်းနေပါတယ်။ တစ်နေ့တာရဲ့ အဆုံးမှာတော့၊ ကျွန်တော်တို့ အားလုံးက ပရော်ဖက်ရှင်နယ်တွေပါပဲ၊ ကျွန်တော် တို့မှာ လုပ်စရာ အလုပ်တစ်ခု ရှိတယ်၊ အဲဒါက အခု မော်ဂန် လုပ်နေတဲ့ အရာပဲလေ။ သူက ပရော်ဖက်ရှင်နယ်ဆန်စွာ လုပ်ဆောင်နေပါတယ်။” လို့ အေနာက Sky Sports ရဲ့ မေးမြန်းမှုကို ဖြေကြားသွားခဲ့ပါတယ်။

ပရီးမီးယားလိဂ်ရဲ့ စည်းမျဉ်းအရ စာချုပ်သက်တမ်း ရှိနေတဲ့ ကစားသမား တစ်ဦးကို မိခင် ကလပ်ရဲ့ ခွင့်ပြုချက် မပါပဲ တခြား အသင်းနဲ့ ဆွေးနွေးခွင့် မရှိပါဘူး။
ဂစ်ဘ်-ဝှိုက်ကို စာချုပ်လျော်ကြေး ပေါင် သန်း ၆၀ ပေးပြီး ခေါ်ယူနိုင်ဖို့ နီးစပ်ခဲ့တဲ့ တော့တင်ဟမ်ဟော့စပါး

စပါးဟာ အခုလ ၁၁ ရက်နေ့မှာ ဝက်စ်ဟမ်းရဲ့ ကွင်းလယ် တိုက်စစ် ကစားသမား မိုဟာမက် ကူဒု့စ်ကို ပြောင်းရွှေ့ကြေး ပေါင် ၅၅ သန်းနဲ့ တရားဝင် ခေါ်ယူခဲ့ပြီး ၆ နှစ် သက်တမ်း ရှိတဲ့ နှစ်ရှည် စာချုပ်တစ်ရပ်ပါ ချုပ်ဆိုခဲ့ပါတယ်။ အဲဒီနောက် မြောက်လန်ဒန် ကလပ်က နော့တင်ဟမ်ဖောရက်စ်ရဲ့ ကွင်းလယ် တိုက်စစ် ကစားသမား မော်ဂန် ဂစ်ဘ် ဝှိုက် ကိုပါ သတ်မှတ်ထားတဲ့ စာချုပ်ဖျက်သိမ်းကြေး ပေါင်သန်း ၆၀ နဲ့ ခေါ်ယူဖို့ ထပ်မံ သဘောတူညီမှု ရရှိခဲ့ကြောင်း သတင်းတွေ ထွက်ပေါ်ခဲ့ပါတယ်။ ဒါပေမယ့်လည်း ရက်ပိုင်း အကြာမှာတော့ ဂစ်ဘ်ဝှိုက်ရဲ့ အပြောင်းအရွှေ့နဲ့ ပတ်သက်ပြီး ဖောရက်စ်နဲ့ စပါးကို တရားစွဲဆိုဖို့ စဉ်းစားခဲ့ပါတယ်။

အဓိက ကတော့ နော့တင်ဟမ်ဖောရက်စ်က စပါးရဲ့ ဂစ်ဘ်-ဝှိုက်ကို စာချုပ်လျော်ကြေး ပေါင် သန်း ၆၀ ပေးပြီး ခေါ်ယူတာဟာ စည်းမျဉ်း ချိုးဖောက်တာပဲလို ယုံကြည်ခဲ့တာ ဖြစ်ပါတယ်။ ဒါ့အပြင် ဂစ်ဘ်-ဝှိုက်ဟာ စပါးနဲ့ ဆေးစစ်မှု ခံယူခဲ့ကြောင်းလည်း ဗြိတိန် သတင်းတွေက ဖော်ပြခဲ့ပါတယ်။ စပါးဟာ ဖောရက်စ်ရဲ့ ခွင့်ပြုချက်မပါပဲ ဂစ်ဘ်-ဝှိုက်နဲ့ ဆွေးနွေးခဲ့တယ်လို သိရပါတယ်။ ပရီးမီးယားလိဂ်ရဲ့ စည်းမျဉ်းအရ စာချုပ်သက်တမ်း ရှိနေတဲ့ ကစားသမား တစ်ဦးကို မိခင် ကလပ်ရဲ့ ခွင့်ပြုချက် မပါပဲ တခြား အသင်းနဲ့ ဆွေးနွေးခွင့် မရှိပါဘူး။ စပါးဟာ ဒီအခြေအနေတွေကို ဖြေရှင်းပြီး အပြောင်းအရွှေ့ကို အပြီးသတ်နိုင်ဖို့ မျှော်လင်ခဲ့ပေမယ့် ဂစ်ဘ်-ဝှိုက်က လက်ရှိမှာတော့ ဖောရက်စ်နဲ့ ရာသီကြို ခြေစမ်းပွဲတွေမှာ ပါဝင်နေပြီလည်း ဖြစ်ပါတယ်။ဂစ်ဘ်-ဝှိုက်ဟာ ၂၀၂၂ ခုနှစ် သြဂုတ်လမှာ ဝုဗ်ကနေ ပြောင်းရွှေ့ကြေး ပေါင် ၄၂.၅ သန်းနဲ့ နော့တင်ဟမ်ဖောရက်စ်ကို ရောက်ရှိလာခဲ့သူပါ။ သူဟာ ဖောရက်စ်မှာ ၃ နှစ်ကြာ ရှိခဲ့ပြီးတော့ ၁၁၈ ပွဲ ကစားကာ ၁၈ ဂိုး သွင်း၊ ၂၈ ဂိုး ဖန်တီးခဲ့ပါတယ်။ အင်္ဂလန်သားဟာ ပြီးခဲ့တဲ့ ရာသီက ပရီးမီးယားလိဂ်မှာ ၇ ဂိုးသွင်း၊ ၈ ဂိုး ဖန်တီးပေးခဲ့ပါတယ်။ ဒါ့အပြင် ဂစ်ဘ်ဝှိုက်က ဖောရက်စ်တို့ နှစ်ပေါင်း များစွာ အကြာမှ ပထမဦးဆုံး အကြိမ် ဥရောပ ပြိုင်ပွဲ ကစားခွင့်ရဖို့ အတွက် ကူညီပေးခဲ့သူလည်း ဖြစ်ပါတယ်။

   

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်