နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

ပရီးမီးယားလိဂ် အသင်းတွေ ကျင့်သုံးလာတဲ့ Set-piece တွေ အပေါ် စိတ်ပျက်နေတဲ့ ဂွါဒီယိုလာ

မန်ချက်စတာစီးတီး နည်းပြ ပပ် ဂွါဒီယိုလာ ကတော့ ဒီရာသီ ပရီးမီးယားလိဂ် အသင်းတွေ ကျင့်သုံးလာတဲ့ Set-piece တွေ အပေါ် စိတ်ပျက်လျက် ရှိပါတယ်။ စပိန်သား နည်းပြကြီးက အသင်းတွေ အနေနဲ့ ဒီလို ခ အရင်တုန်းက စတုတ်စီးတီးနဲ့ ရင်ဆိုင်နေရသလို ဖြစ်နေကြောင်း ငြီးတွား ပြောဆိုလာခဲ့တာ ဖြစ်ပါတယ်။

တစ်ချိန်တုန်းက နည်းပြ တိုနီ ပူးလစ် လက်အောက်မှာ စတုတ်စီးတီးက အခုလို ပုံမှန် မဟုတ်တဲ့ Set-piece တွေ ကနေ ဂိုးတွေ သွင်းယူနိုင်ခဲ့ကြတာ ဖြစ်ပြီး ထောင့်ကန်ဘော၊ လက်ပစ်ဘောတွေကို အဓိက အားထားခဲ့ကြတာ ဖြစ်ပါတယ်။ အချက်အလက်တွေအရ ဆိုရင် ဒီရာသီ ပရီးမီးယားလိဂ် သွင်းဂိုး အားလုံးရဲ့ ၁၉ ရာခိုင်နှုန်းက ထောင့်ကန်ဘောတွေ ကနေ ရခဲ့ကြတာ ဖြစ်ပြီး ပြီးခဲ့တဲ့နှစ်ကထက် ၅ ရာခိုင်နှုန်း မြင့်တက်လာခဲ့တယ်လို့ သိရပါတယ်။

ဒီအခြေအနေ အပေါ် ပပ် ဂွါဒီယိုလာက “အခုလက်ရှိ အသင်းတွေက ဘာတွေ ဖြစ်နေလဲ ဆိုတော့ တစ်ယောက်က ထောင့်ကန်ဘောကန် ကျန် ဆယ်ယောက်က ပြိုင်ဘက် ဂိုးဧရိယာထဲ အသင့် ပြေးဝင်ပြီး ဂိုးသွင်းဖို့ စောင့်နေကြပါတယ်။ ဘရန့်ဖိုဒ်နဲ့ ပွဲတုန်းကလည်း ကျွန်တော်တို အဲ့ဒီလိုပုံစံမျိုး ကြုံခဲ့ပြီးပါပြီ။ နောက်ပြီး လစ်ဗာပူးလ် ကိုလည်း ဘရန့်ဖိုဒ်က အဲ့ဒီလိုပဲ ကစားသွားခဲ့တာပါ။ ဟိုးအရင်တုန်းက ရှောင်ဒိုက်ချ်ရဲ့ ဘန်လေကို သွားပြီးတော့လည်း မြင်ယောင်နေမိပြန်ပါသေးတယ်။ ဒိုက်ချ်က အဲ့ဒီလိုနေရာမှာ အရမ်းပဲ ထူးချွန်တဲ့သူမျိုးပါ၊ နောက်တစ်ခုက စတုတ်စီးတီးလိုပေါ့။ သူတို့က တစ်ချိန်လုံး ပြိုင်ဘက် ဂိုးဧရိယာထဲပဲ လက်ပစ်ဘော ပစ်ထည့်နေခဲ့တာပါ။ အခုလည်း အသင်းတွေက အဲ့ဒီလို အချိုးတွေ ချိုးနေကြပါပြီ။” ဆိုပြီး ပြောဆိုသွားခဲ့ပါတယ်။

လက်ရှိမှာ အာဆင်နယ် ကတော့ ပရီးမီးယားလိဂ် အမှတ်ပေးဇယား ထိပ်ကနေ ၄ မှတ်ဖြတ် ဦးဆောင်နေပြီးတော့ မန်စီးတီး ကိုလည်း ၆ မှတ်ဖြတ်ထားနိုင်ပါတယ်။
ဂိုးရဖို့ Set-piece တွေကို ပိုမို အားထားလာတဲ့ ပရီးမီးယားလိဂ် ကလပ်များ

ဂွါဒီယိုလာရဲ့ ပြောစကားထဲမှာတော့ သူ့ရဲ့ လက်ထောက် နည်းပြဟောင်း မီခဲလ် အာတေးတားရဲ့ အာဆင်နယ် မပါဝင်နေပေမယ့်လည်း ဂန်းနားတွေဟာ ဒီရာသီ သူတို့ ရရှိထားတဲ့ သွင်းဂိုးတွေရဲ့ ၃ ပုံ ၂ ပုံကို Set-piece တွေ ကနေ ရယူထားတဲ့ အသင်း ဖြစ်ပါတယ်။ ပရီးမီးယားလိဂ်ဟာ နည်းစနစ်ပိုင်းထက် ကြံ့ခိုင်မှုကို အသားပေးတဲ့ လိဂ် တစ်ခု ဖြစ်ပြီး လက်ရှိ ပါဝင် ကစားနေကြတဲ့ အသင်း တော်တော်များများက Set-piece ကနေ မဟုတ်ရင်တောင် လျင်မြန်တဲ့ တန်ပြန် တိုက်စစ်၊ အမြင့်ဘောတွေနဲ့ အသင်းကြီးတွေကို ဒုက္ခပေးနေကြတာ တွေံရပါတယ်။

ဒီအခြေအနေနဲ့ ပတ်သတ်လို့ လစ်ဗာပူးလ် ကွင်းလယ်လူဟောင်း ဂျေမီ ကာရေဂါ ကတော့ “ပွဲစဉ်တွေမှာ သတ်မှတ်နည်းဗျူဟာ (Set-piece) တွေဟာ အဓိက အချက် အဖြစ် ဆက်ရှိနေမယ်လို ခံစားရပါတယ်။ ပရီမီးယားလိဂ်က ဒီလမ်းကြောင်းပေါ် သွားနေတယ် ဆိုရင် အနိုင်ရဖို့ အာဆင်နယ်ထက် ပိုပြီး အသင့် ပြင်ဆင်ထားတဲ့ အသင်း ရှိမနေပါဘူး။ အာဆင်နယ်ကို ဒီလိုအခြေအနေမျိုးနဲ့ ရင်ဆိုင်နိုင်ဖို့ တည်ဆောက်ထားတာပါ။ အသင်းရဲ့ အရပ်အမောင်းနဲ့ ခွန်အားကဏ္ဍမှာပေါ့။ အရင် ကတည်းက ကျွန်တော် တောက်လျောက် ပြောလာခဲ့တာက မီခဲလ် အာတေးတားက မော်ရင်ဟိုရဲ့ အသင်းလိုပဲ လိဂ်ရဲ့ ဂုဏ်အာဝါသကို အနိုင်ရဖို ကြိုးစားနေတယ် ဆိုတာပါ။ ဒါက မှားနေတာ မဟုတ်ပါဘူး။ အရေးအကြီးဆုံး အရာက အနိုင်ရဖို့ပါပဲ။” လို့ သူ့ရဲ့ အမြင်ကို ပြောကြားသွားခဲ့ပါတယ်။လက်ရှိမှာ အာဆင်နယ် ကတော့ ပရီးမီးယားလိဂ် အမှတ်ပေးဇယား ထိပ်ကနေ ၄ မှတ်ဖြတ် ဦးဆောင်နေပြီးတော့ မန်စီးတီး ကိုလည်း ၆ မှတ်ဖြတ်ထားနိုင်ပါတယ်။ အာဆင်နယ်က ဒီတစ်ပတ်မှာ ဘန်လေကို တက်ဖ်မောမှာ သွားရောက် ရင်ဆိုင်ရဖို့ ရှိပြီး မန်စီးတီး ကတော့ ဘုန်းမောက်ကို အက်တီဟတ်မှာ ဧည့်ခံရမှာ ဖြစ်ပါတယ်။

   

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်