မနေ့ညက ညက ယှဉ်ပြိုင်ကစားခဲ့တဲ့ ပရီးမီးယားလိဂ် ပွဲစဉ် မှာတော့ မန်ချက်စတာစီးတီးက ဖူလ်ဟမ်ကို အဝေးကွင်းမှာ ခက်ခက်ခဲခဲ ကစားပြီး ၄-၅ ရလဒ်နဲ့ အနိုင်ရခဲ့ပါတယ်။ ဒီပွဲမှာ မန်ချက်စတာစီးတီး တိုက်စစ်မှူး အာလင်း ဟာလန်းက ပရီးမီးယားလိဂ် သွင်းဂိုး ၁၀၀ အမြန်ဆုံး ပြည့်မြောက်တဲ့ ကစားသမား အဖြစ် စံချိန်တင်ခဲ့ပါတယ်။
ညက ပွဲမှာ ဟာလန်းက မန်စီးတီး အတွက် အဖွင့်ဂိုး သွင်းယူနိုင်ခဲ့တာကြောင့် ပရီးမီးယားလိဂ် သွင်းဂိုး ၁၀၀ ပြည့်သွားခဲ့တာ ဖြစ်ပြီး ဒီ အတွက်လည်း ပွဲပေါင်း ၁၁၁ ပွဲသာ ကစားခဲ့ရပါတယ်။ ဒါကြောင့် ဟာလန်းက အရင်က ပရီးမီးယားလိဂ် သွင်းဂိုး ၁၀၀ အမြန်ဆုံး သွင်းယူနိုင်ခဲ့တဲ့ အလန်ရှီးယားရဲ့ ၁၂၄ ပွဲ စံချိန်ကို ကျော်ဖြတ်ပြီး စံချိန်သစ်တင်နိုင်ခဲ့တာ ဖြစ်ပါတယ်။ နော်ဝေ တိုက်စစ်မှူး အာလင်း ဟာလန်းဟာ မန်စီးတီးကို ရောက်ရှိလာကတည်းက ပရီးမီးယားလိဂ်ရဲ့ ဂိုးသွင်း စံချိန်သစ်တွေ တစ်ခုပြီး တစ်ခု သိမ်းပိုက်နေခဲ့သူ ဖြစ်ပါတယ်။

ဟာလန်းက ပရီးမီးယားလိဂ် ဂိုး ၂၀၊ ဂိုး ၃၀၊ ဂိုး ၄၀နဲ့ ဂိုး ၅၀ မှတ်တိုင်တွေ ကိုလည်း အမြန်ဆုံး ပြည့်မြောက်ခဲ့သူ အဖြစ်လည်း မှတ်တမ်းဝင်ထားပါတယ်။ ဒါ့အပြင် ဟာလန်းက ပရီးမီးယားလိဂ်မှာ ပြိုင်ဘက် ကလပ် ၂၃ သင်းနဲ့ တွေ့ဆုံခဲ့ပြီးချိန်မှာ ပြိုင်ဘက်တိုင်းကို ဂိုးသွင်းနိုင်ခဲ့ကြောင်းလည်း သိရပါတယ်။ ဟာလန်းဟာ ပရီးမီးယားလိဂ်မှာ ဂိုး ၁၀၀ ပြည့် သွင်းယူနိုင်တဲ့ ၃၅ ဦးမြောက် ကစားသမား အဖြစ် မှတ်တမ်းဝင်ခဲ့ကြောင်းလည်း သိရပါတယ်။
ဒီပွဲမှာ မန်စီးတီးဟာ ဖူလ်ဟမ်ကို ပထမပိုင်းမှာ သွင်းဂိုး ၃ ဂိုးနဲ့ ဦးဆောင်ထားနိုင်ခဲ့သလို ဒုတိယပိုင်း ၅၄ မိနစ်အထိ ၁-၅ ရလဒ်နဲ့ အသာရနေခဲ့တာပါ။ ဒါပေမယ့်လည်း အိမ်ရှင် အသင်းရဲ့ မထင်မှတ်ထားတဲ့ တုန့်ပြန်မှုတွေကြောင့် မန်စီးတီးတို့ ရုန်းကန်ခဲ့ရပါတယ်။ ဖူလ်ဟမ် အတွက် ချေပဂိုးတွေကို အဲလက်စ် အီဝိုဘီ၊ ချူကွီဇီ တို့က သွင်းယူပေးခဲ့ပြီးတော့ သရေ ရနိုင်တဲ့ အခြေအနေအထိ ရောက်ခဲ့ပါတယ်။ ဒီနေ့ပွဲ မန်စီးတီးရဲ့ တိုက်စစ် စွမ်းဆောင်ရည်က ကောင်းသလောက် ဂဗာဒီယိုလ်၊ ဒီးရာ့စ်၊ အိုရွိုင်လီနဲ့ နူနက်စ် တို့ရဲ့ ခံစစ် စွမ်းဆောင်ရည် ကတော့ မေးခွန်းထုတ်စရာပါပဲ။ မန်စီးတီး ခံစစ်ဟာ နောက်ဆုံး ၄ ပွဲဆက် ဂိုးပေးခဲ့ရသလို ပေးဂိုး ကလည်း ၉ ဂိုး အထိ ရှိခဲ့တာပါ။
ဒီနိုင်ပွဲကြောင့် မန်စီးတီးက ပရီးမီးယားလိဂ် ပွဲစဉ် ၁၄ ပွဲ ကစားပြီး ရမှတ် ၂၈ မှတ်နဲ့ အမှတ်ပေးဇယား အဆင့် ၂ နေရာမှာ ဆက်လက် ရပ်တည်နေခဲ့ပါတယ်။ လက်ရှိမှာ မန်စီးတီးက အာဆင်နယ်ထက် တစ်ပွဲ ပိုကစားပြီး ၂ မှတ် အသာနဲ့ ဆက်လက် ဖိအားပေးနေပါတယ်။ ဖူလ်ဟမ် ကတော့ ပွဲစဉ် ၁၄ အပြီးမှာ ရမှတ် ၁၇ မှတ်နဲ့ အမှတ်ပေးဇယား အဆင့် ၁၅ နေရာမှာ ရှိနေပါတယ်။ လာမယ့် ပွဲစဉ်တွေ အဖြစ် မန်စီးတီးက အသင်းကြီးတွေနဲ့ ဆိုရင် မာမာထန်ထန် တုန့်ပြန်တတ်တဲ့ ဆန်းဒါးလန်းနဲ့ ရင်ဆိုင်ရမှာ ဖြစ်ပါတယ်။ ဖူလ်ဟမ် ကလည်း ပြိုင်ဘက်ကောင်း တစ်သင်း ဖြစ်တဲ့ ပဲလေ့စ်ကို အိမ်ကွင်းမှာ ဧည့်ခံရမှာ ဖြစ်ပါတယ်။
●●●
နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS
အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်
ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.


