နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

သစ်တော ခုတ်ဖို့ ဟမ်းမားတွေမှာ အားမရှိဘူး | ပရီးမီးယားလိဂ် (ပွဲကြိုသုံးသပ်ချက်)

နော့တင်ဟမ်ဖောရက်စ် – ဝက်စ်ဟမ်း

ပရီးမီးယားလိဂ် ပွဲစဉ် ၃ ရဲ့ နောက်ထပ် ပွဲစဉ် တစ်ပွဲ အဖြစ် နော့တင်ဟမ်ဖောရက်စ်နဲ့ ဝက်စ်ဟမ်းယူနိုက်တက်တို့ စီးတီးဂရောင်းမှာ အားပြိုင်ကြဖို့ ရှိနေပါတယ်။ ရာသီသစ်မှာ ရှုံးပွဲ မရှိသေးတဲ့ ဖောရက်စ်တို့ ရလဒ်တွေ ဆိုးရွားနေတဲ့ အမှတ်ပေးဇယားအောက်က ဝက်စ်ဟမ်းကို အသာရသွားနိုင်မလား။ ဒါမှမဟုတ် ဝက်စ်ဟမ်း ကပဲ နိုင်ပွဲ စတင်ရရှိသွားမလား ဆိုတာ စောင့်ကြည့်ရမှာ ဖြစ်ပါတယ်။

နော့တင်ဟမ်ဖောရက်စ်ဟာ ပရီးမီးယားလိဂ် အဖွင့် ပွဲမှာ ဘရန့်ဖို့ဒ်ကို ၃-၁ ရလဒ်နဲ့ အနိုင်ရခဲ့ပေမယ့် ပြီးခဲ့တဲ့ တစ်ပတ် ကတော့ ကစားပုံ ကျစ်လျစ်တဲ့ ပဲလေ့စ်နဲ့ အတွေ့မှာ နိုင်ပွဲ ပျောက်ခဲ့ရပါတယ်။ ဒီပွဲမှာ ဖောရက်စ်က ပဲလေ့စ်ကို နောက်ကနေ လိုက်ကစားခဲ့ရပေမယ့် တိုက်စစ်ပိုင်း အားနည်းခဲ့တာက လွဲရင် သိပ်ပြီး ပြောစရာတော့ မရှိခဲ့ပါဘူး။ လက်ရှိမှာ ဖောရက်စ်က အသင်းရဲ့ ရလဒ်ပိုင်း မဆိုးပေမယ့် အသင်းတွင်းမှာ နည်းပြ နူနို အက်စ်ပီရီတို ဆန်တိုနဲ့ ပိုင်ရှင် အကြား ကြီးကြီးမားမား ပွတ်တိုက်မှုတွေ ရှိနေပြီး နည်းပြ အပြောင်းအလဲ ဖြစ်နိုင်ကြောင်းလည်း သတင်းတွေ ထွက်နေပါတယ်။ ဒီအခြေအနေက အသင်းကို အတိုင်းအတာ တစ်ခု အထိ သက်ရောက်မှု ရှိနေနိုင်တာတော့ အမှန်ပါပဲ။

တစ်ဖက်က ဝက်စ်ဟမ်း ကတော့ ရာသီသစ်မှာ စုတ်ပြတ်သတ်နေတဲ့ ခြေစွမ်းနဲ့ ခွက်ခွက်လန်အောင် ရှုံးနေပါတယ်။ ပရီးမီးယားလိဂ် အဖွင့် ၂ ပွဲဆက် ဂိုးပြတ် ရှုံးထားသလို ကြားရက်မှာ ကစားခဲ့တဲ့ ခရာဘောင်ဖလား မှာလည်း သူတို့ နည်းတူ ရုန်းကန်နေရတဲ့ ဝုဗ်ကို ရှုံးခဲ့ပါတယ်။ လောလောဆယ် နည်းပြ ဂရေဟမ် ပေါ်တာ တစ်ယောက် ပြုတ်ဆော်နံနေပြီး အသင်းကို ရလဒ်ကောင်းတွေ ရှာဖွေပေးနိုင်ဖို့ လိုအပ်နေပါပြီ။ ဒါပေမယ့်လည်း ပြသနာက ဝက်စ်ဟမ်းဟာ ကစားသမားကောင်းတွေ ပိုင်ဆိုင်ထားပေမယ့် နည်းပြရဲ့ နည်းစနစ်ပိုင်းနဲ့ ကိုက်ညီအောင် မကစားနိုင်တာ ဖြစ်ပါတယ်။ 

 

နှစ်ဖက်အသင်း သတင်းများ

အခုပွဲကိုတော့ ဖောရက်စ် ဘက်က ဆာဗိုနာ ပါဝင်ကစားဖို့ မသေချာသေးပဲ ဒိုမီနီဂွက်ဇ် ကတော့ ကျိန်းသေပေါက် လွဲချော်မှာ ဖြစ်ပါတယ်။

ပရီးမီးယားလိဂ် အဖွင့် ၂ ပွဲဆက် ဂိုးပြတ် ရှုံးထားသလို ကြားရက်မှာ ကစားခဲ့တဲ့ ခရာဘောင်ဖလား မှာလည်း သူတို့ နည်းတူ ရုန်းကန်နေရတဲ့ ဝုဗ်ကို ရှုံးခဲ့ပါတယ်။
နောက်ဆုံး ကစားခဲ့တဲ့ ၃ ပွဲဆက် ရှုံးနိမ့်ထားခဲ့တဲ့ ဝက်စ်ဟမ်း

ဝက်စ်ဟမ်း ဘက်မှာတော့ ဂူလ်ဟာမီ၊ ဆမ်းမားဗီးလ်နဲ့ အာသီ တို့ လွဲချော်ကြမှာပါ။

 

ဖြစ်နိုင်ဖွယ် လူစာရင်း 

နော့တင်ဟမ်ဖောရက်စ် – ဆဲလ်စ်၊ အိုင်နာ၊ မီလန်ကိုဗစ်၊ မူရီလို၊ ဝီလီယမ်စ်၊ အန်ဒါဆန်၊ ရိတ်စ်၊ အန်ဒိုရီ၊ ဂစ်ဘ်-ဝှိုက်၊ ဟက်ဒ်ဆန် အိုဒွိုင်း၊ ဝုဒ်

ဝက်စ်ဟမ်း – ဟာမန်ဆန်၊ တိုဒီဘို၊ ကေးလ်မန်း၊ အဂူရက်ဒ်၊ ဝမ် ဘစ်ဆာခါ၊ ဆိုချက်ခ်၊ ဝက်ဒ် ပရောက်စ်၊ ဒီယော့ဖ်၊ ပက်ကေးတား၊ ဖာနန်ဒက်စ်၊ ဘိုဝင်

 

ထိပ်တိုက်တွေ့ဆုံမှုနဲ့ နောက်ဆုံး ၅ ပွဲ ရလဒ်

ဒီနှစ်သင်းက ၁၀ ကြိမ် တွေ့ဆုံခဲ့ရာမှာ ၅ ကြိမ်စီ အနိုင်ရထားတဲ့ ထိပ်တိုက်တွေ့ဆုံမှုမှာ မျှတနေပါတယ်။ ပရီးမီးယားလိဂ် နောက်ဆုံး ၆ ကြိမ် တွေ့ဆုံမှု မှာတော့ ဝက်စ်ဟမ်းက ၂ ကြိမ်သာ အနိုင်ရခဲ့ပြီး ဖောရက်စ်က ၄ ကြိမ် အနိုင်ရထားပါတယ်။ ဒါ့အပြင် ဖောရက်စ်က ဝက်စ်ဟမ်းကို နောက်ဆုံး ၃ ကြိမ် ဆက်တိုက် အနိုင်ရထားပြီး အိမ်ကွင်းမှာ ကစားခဲ့တဲ့ ၃ ကြိမ်စလုံးလည်း နိုင်ထားပါတယ်။

 

လောင်းကစားဆိုင်ရာ အကြံပြုချက်

SBOTOPရဲ့ 1X2 မှာ နော့တင်ဟမ်ဖောရက်စ် နိုင်ရင် ၁.၆၉ ဆ နီးပါး ရမှာ ဖြစ်ပြီး ဝက်စ်ဟမ်း နိုင်ရင်တော့ ၄.၅၆ ဆ နဲ့ သရေ ဆိုရင်တာ့ ၃.၄၅ ဆ ရမှာ ဖြစ်ပါတယ်။ အာရှဟန်းဒီးကပ် မှာလည်း နော့တင်ဟမ်ဖောရက်စ်က တစ်လုံး သရေလောက် အထိ ကြေးပေါက်နေပြီး ဂိုးပေါင်းကြေး ကလည်း အနည်းငယ် ပျော့နေတာ တွေ့ရပါတယ်။ လက်ရှိ ခြေစွမ်း၊ စုဖွဲ့မှု၊ နည်းစနစ်ပိုင်းနဲ့ စိတ်ဓာတ်ပိုင်း အရ ဖောရက်စ်က တော်တော်လေး သာနေပါတယ်။ ထိပ်တိုက်တွေ့ဆုံမှု အရလည်း နောက်ပိုင်းမှာ ဖောရက်စ်က ဝက်စ်ဟမ်းကို အသာရထားပါတယ်။ စဉ်းစားနေစရာ မလိုပါဘူး။ ဖောရက်စ် ဘက်က နေတာကပဲ စိတ်ချရမှာပါ။ သစ်တောထဲမှာ ဟမ်းမားတွေ ပျောက်ဆုံးရပါဦးမယ်။

ခန့်မှန်းရလဒ်

နော့တင်ဟမ်ဖောရက်စ် ၃-၀ ဝက်စ်ဟမ်း

ကျွန်ုပ်တို့၏ လောင်းကစားအတွက် သက်မှတ်ထားသည့် (??) များသည်မည်မျှ တန်ဘိုးရှိကြောင်း ရှင်းလင်းချက်
?? = €20 (ယုံကြည်ချက် အမြင့်ဆုံး) ?? = €10 (ယုံကြည်ချက်) ?? = €5 (ယုံကြည်ချက် အနည်းငယ် )

ရှင်းလင်းချက် : ကြေးများသည် ထုတ်ပြန်ကြေညာသည့်အချိန်တွင် မှန်ကန်မှုရှိပါသည်။

   

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်