နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

ကစားသမား ဘဝ တိုးတက်ဖို့ အတွက် ပွဲထွက်ကစားခွင့် ပိုမိုရရှိနိုင်မယ့် အသင်းသစ်ကို ပြောင်းရွှေ့ခဲ့တဲ့ ဟာဗေး အဲလီယော့တ် | ပရီးမီးယားလိဂ်

လစ်ဗာပူးလ် လစ်ဗာပူးလ် ကွင်းလယ် ကြယ်ပွင့် ဟာဗေး အဲလီယော့တ် ကတော့ အပြောင်းအရွှေ့ ဈေးကွက် နောက်ဆုံး ရက်မှာ ပရီးမီးယားလိဂ် ပြိုင်ဘက် အက်စတွန်ဗီလာထံ အငှားစာချုပ်နဲ့ ပြောင်းရွှေ့ခဲ့သူ ဖြစ်ပါတယ်။

အသက် ၂၂ နှစ် အရွယ်သာ ရှိသေးတဲ့ အဲလီယော့တ်က ပရီးမီးယားလိဂ် ပြိုင်ဘက် အက်စတွန်ဗီလာကို အငှား+လာမယ့် နွေရာသီမှာ ပေါင် ၃၅ သန်းနဲ့ အပြီးသတ် ဝယ်ယူရမယ့် အချက်နဲ့ ပြောင်းရွှေ့ခဲ့တာ ဖြစ်ပါတယ်။ လစ်ဗာပူးလ် ဘက်ကလည်း သဘောတူညီချက်ထဲမှာ ကစားသမားကို ပြန်လည် ဝယ်ယူခွင့် (buy-back clause) နဲ့ တစ်ဆင့် ပြန်ရောင်းချရာ ကနေ အကျိုးခံစားခွင့် (sell- on clause) တို့ကိုလည်း ထည့်သွင်း ချုပ်ဆိုခဲ့ပါတယ်။

ဒီလို ပြောင်းရွှေ့ အပြီးမှာတော့ ဟာဗေး အဲလီယော့တ်က လစ်ဗာပူးလ်နဲ့ အသင်းရဲ့ ပရိသတ်တွေ အတွက် နှုတ်ဆက်စကား ပြောကြားသွားခဲ့ပါတယ်။ အဲလီယော့တ်က သူ့ အနေနဲ့ ကစားသမား ဘဝ တိုးတက်ဖို့ အတွက် ပွဲထွက်ကစားခွင့် ပိုမိုရရှိနိုင်မယ့် အသင်းသစ်ကို ရွေးချယ်ခဲ့ရခြင်း အကြောင်း ကိုလည်း အခုလိုပဲ ရှင်းပြသွားခဲ့ပါတယ်။

အသက် ၂၂ နှစ် အရွယ်သာ ရှိသေးတဲ့ အဲလီယော့တ်က ပရီးမီးယားလိဂ် ပြိုင်ဘက် အက်စတွန်ဗီလာကို အငှား+လာမယ့် နွေရာသီမှာ ပေါင် ၃၅ သန်းနဲ့ အပြီးသတ် ဝယ်ယူရမယ့် အချက်နဲ့ ပြောင်းရွှေ့ခဲ့တာ ဖြစ်ပါတယ်။
လာမယ့် နွေရာသီမှာ ပေါင် ၃၅ သန်းနဲ့ အပြီးသတ် ဝယ်ယူရမယ့် အချက်နဲ့ အက်စတွန်ဗီလာထံ ပြောင်းရွှေ့ခဲ့တဲ့ အဲလီယော့တ်

အဲလီယော့တ်က “၂ဝ၁၉ ခုနှစ်မှာ လစ်ဗာပူးလ်ကို ကျွန်တော် ရောက်လာခဲ့တာဟာ ကျွန်တော်နဲ့ ကျွန်တော့်ရဲ့ မိသားစု အတွက် အိပ်မက်တွေ အမှန်တကယ် ဖြစ်လာခဲ့တာပါ။ ကလေး ဘဝ ကတည်းက ကျွန်တော်ဟာ ဒီအသင်းကို ပရိသတ် တစ်ယောက် အနေနဲ့ ကမ္ဘာပတ်ပြီး အားပေးခဲ့တာ ဖြစ်လို့ ဒီနာမည် ကျော်ကြားတဲ့ အနီရောင် ဂျာစီကို ကစားသမား တစ်ယောက် အနေနဲ့ ပထမဦးဆုံး အကြိမ် ဝတ်ဆင်ခွင့်ရခဲ့တုန်းက ခံစားချက်ကို ဘယ်စကားလုံးနဲ့မှ ဖော်ပြလို့ရမှာ မဟုတ်ပါဘူး။”

“လွန်ခဲ့တဲ့ ၆ နှစ်တာ ကာလ အတွင်းမှာ ကျွန်တော်ဟာ အတွေ့အကြုံတွေ အများကြီး ရခဲ့ပြီး ၁၆ နှစ် အရွယ် လူငယ်လေး တစ်ယောက် ကနေ လူကြီး တစ်ယောက် အဖြစ် ကြီးပြင်းလာခဲ့ပါတယ်။ ကျွန်တော် ငယ်ဘဝက အားပေးခဲ့တဲ့ အသင်း အတွက် ပွဲ ၁၅၀ အထိ ကစားခွင့်ရမယ်။ အဓိက ဆုဖလား ၇ ခု အထိ ရယူနိုင်မယ်။ ပြီးတော့ မနှစ်က ပရီးမီးယားလိဂ် ချန်ပီယံ ဖြစ်ခဲ့တဲ့ အထူးခြားဆုံး အဖွဲသားတွေထဲက တစ်ယောက် ဖြစ်လာလိမ့်မယ်လို ဘယ်တုန်းကမှ မတွေးခဲ့ဖူးပါဘူး။”

“ကျွန်တော် ရောက်လာတဲ့ ပထမဆုံးနေ့ကတည်းက ကြိုဆိုခဲ့ပြီး အမြဲတမ်း ဂရုစိုက်ပေးခဲ့ကြတဲ့ ကလပ်က လူတိုင်းကို ကျေးဇူးတင်ပါတယ်။ လစ်ဗာပူးလ် ကစားသမား တစ်ယောက် ဖြစ်ချင်တဲ့ ကျွန်တော့် အိပ်မက်ကို အကောင်အထည်ဖော်ပေးခဲ့တဲ့ ဘုတ်အဖွဲနဲ့ နည်းပြကြီး ယာဂန် ကလော့ပ် ကိုလည်း ကျေးဇူးတင်ပါတယ်။ အာနေး ဆလော့တ်၊ နည်းပြတွေ၊ ဝန်ထမ်းတွေနဲ့ ကျွန်တော့်ရဲ့ အသင်းဖော်တွေ အားလုံး ကိုလည်း ကျေးဇူးတင်ပါတယ်။ အားလုံးနဲ့ အတူတူ ကစားခွင့်ရခဲ့တာဟာ တကယ့်ကို ဂုဏ်ယူစရာ အခွင့်အရေး ဖြစ်ပြီး တစ်သက်တာ သူငယ်ချင်းကောင်းတွေ အများကြီးရခဲ့တဲ့ အတွက်လည်း ကံကောင်းတယ်လို့ ခံစားရပါတယ်။” လို့ ပြောကြားသွားခဲ့ပါတယ်။ဟာဗေး အဲလီယော့တ်ဟာ လစ်ဗာပူးလ် အတွက် ပြိုင်ပွဲစုံ ၁၄၉ ပွဲ ကစားပေးခဲ့ပြီးတော့ ၁၅ ဂိုး သွင်းယူပေးခဲ့ပါတယ်။ သူ့ကို အက်စတွန်ဗီလာက လိုက်ပ်ဇစ်၊ ဝက်စ်ဟမ်းနဲ့ ဖူလ်ဟမ် တို့နဲ့ အပြိုင် ကြိုးပမ်းခဲ့ရတာ ဖြစ်ပါတယ်။ အဲလီယော့တ်ဟာ ပွဲထွက်ကစားခွင့် ပိုမို ရရှိဖို့ အတွက် အသင်းပြောင်းတာက ပိုကောင်းနိုင်ကြောင်း လက်ခံခဲ့ပြီးနောက် သူ့ရဲ့ အနာဂတ်ဟာ မရေမရာ ဖြစ်ခဲ့တာပါ။ ဖူလ်ဟမ် လူငယ် အကယ်ဒမီထွက် ကစားသမားဟာ လစ်ဗာပူးလ်တို့ ပရီးမီးယားလိဂ် ချန်ပီယံ ဖြစ်ပြီး နောက်ပိုင်းမှသာ ပွဲထွက်ကစားသမား အဖြစ် ပါဝင်ခွင့်ရခဲ့သူလည်း ဖြစ်ပါတယ်။

   

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်