နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

ချဲလ်ဆီးက ချန်ပီယံလိဂ်မှာ အုပ်စု အဆင့် ကိုတောင် မကျော်ဘူးလို့ သုံးသပ်လိုက်တဲ့ ဂျေမီ ကာရေဂါ

လက်ရှိမှာ ဘောလုံး သုံးသပ်သူ အဖြစ် လုပ်ကိုင်နေတဲ့ လစ်ဗာပူးလ် ကွင်းလယ်လူဟောင်း ဂျေမီ ကာရေဂါ ကတော့ ချဲလ်ဆီးနဲ့ ပတ်သတ်ပြီး လာမယ့် ရာသီ အတွက် ခန့်မှန်းသုံးသပ်မှုတွေ ပြုလုပ်လာခဲ့ပါတယ်။ ကာရေဂါက ချဲလ်ဆီးဟာ လာမယ့် ရာသီ ချန်ပီယံလိဂ်မှာ အုပ်စု အဆင့် ကနေတောင် ကျော်ဖြတ်နိုင်မှာ မဟုတ်ကြောင်း သုံးသပ်ခဲ့တာ ဖြစ်ပါတယ်။ ဒါကြောင့် ကာရေဂါရဲ့ ခန့်မှန်းချက်ဟာ ချဲလ်ဆီး ပရိသတ်တွေ အတွက် နှာကစ်စရာ ဖြစ်ခဲ့ပြီး တချို့ ကလည်း ဆိုရှယ် မီဒီယာပေါ်မှာ ကာရေဂါကို အပြင်းအထန် ဝေဖန် တိုက်ခိုက်ခဲ့ကြပါတယ်။ 

ကာရေဂါက The Overlap အစီအစဉ်မှာ “ချဲလ်ဆီးနဲ့ ပတ်သက်ပြီး ကျွန်တော့်ရဲ့ ပူပူနွေးနွေး သုံးသပ်ချက်ကတော့ သူတို့ ချန်ပီယံလိဂ် အုပ်စု အဆင့် ကနေ တက်လိမ့်မယ်လို့ မထင်ပါဘူး။” လို့ ပြတ်ပြတ်သားသား ပြောဆိုခဲ့တာ ဖြစ်ပါတယ်။ ချန်ပီယံလိဂ်ရဲ့ မနှစ်က စပြီး ကျင်းပတဲ့ ပုံစံသစ်အရ အသင်းပေါင်း ၃၆ သင်း ထဲက အဆင့် ၈ နေရာ အထိ အသင်းတွေက ၁၆ သင်း အဆင့်ကို တိုက်ရိုက် တက်ရောက်နိုင်မှာ ဖြစ်ပါတယ်။ အဆင့် ၉ ကနေ ၂၄ အတွင်း အသင်းတွေ ကတော့ ရှုံးထွက် ပလေးအော့ဖ် ကစားရမှာ ဖြစ်ပါတယ်။ ဒါပေမယ့်လည်း ကာရေဂါ ကတော့ ချဲလ်ဆီးဟာ ချန်ပီယံလိဂ် အုပ်စု အဆင့်မှာ အဆင့် ၂၅ အောက်ကို ရောက်ရှိလိမ့်မယ်လို့ ခန့်မှန်းထားခဲ့တာ ဖြစ်ပါတယ်။ 

ဒါပေမယ့်လည်း ကာရေဂါ ကတော့ ချဲလ်ဆီးဟာ ချန်ပီယံလိဂ် အုပ်စု အဆင့်မှာ အဆင့် ၂၅ အောက်ကို ရောက်ရှိလိမ့်မယ်လို့ ခန့်မှန်းထားခဲ့တာ ဖြစ်ပါတယ်။
ပြီးခဲ့တဲ့ ရာသီက ယူရိုပါကွန့်ဖရင့်လိဂ်နဲ့ ကလပ် ကမ္ဘာ့ဖလား ချန်ပီယံ ဖြစ်ခဲ့တဲ့ ချဲလ်ဆီး

ကာရေဂါဟာ ယခင် ကလည်း ချဲလ်ဆီးကို ဝေဖန်မှုတွေ ပြုလုပ်ခဲ့ဖူးပြီး ချဲလ်ဆီးရဲ့ အပြောင်းအရွှေ့ မူဝါဒနဲ့ ပတ်သတ်လို့လည်း အခုလို သုံးသပ်ခဲ့ဖူးပါတယ်။ ကာရေဂါက “ချဲလ်ဆီးရဲ့ အပြောင်းအရွှေ့ လုပ်ဆောင်မှုတွေကို ကြည့်လိုက်ရင် ကစားသမားတွေ အများကြီး အဝင်အထွက် လုပ်နေပေမယ့် ဘယ်သူကမှ အသင်းရဲ့ အဆင့်အတန်းကို တကယ်တိုးတက်အောင် မလုပ်နိုင်သလို ခံစားရတယ်။ ကိုးလ် ပါးလ်မား ကတော့ အံ့မခန်းပါပဲ။ ဒါပေမယ့် တခြား တောင်ပံကစားသမားတွေ အားလုံးက အတူတူပဲလို ဖြစ်နေတယ်။ ဥပမာ အနေနဲ့ ဂျေမီ ဂစ်တန်စ် ဝင်လာပြီး နိုနီ မာဒူခေး ထွက်သွားတာမျိုးပေါ့။ ဒါက ဘာမှအဆင့် တက်လာတာမျိုး မဟုတ်ဘူး။ ချဲလ်ဆီးရဲ့ နေရာ တော်တော်များများမှာ ဒီလိုပဲ မြင်နေရတယ်။” လို့လည်း ထောက်ပြခဲ့ပါသေးတယ်။

တကယ်တော့ ကာရေဂါရဲ့ သုံးသပ်ချက်ဟာ ချဲလ်ဆီးလို ပြီးခဲ့တဲ့ ရာသီက ယူရိုပါကွန့်ဖရင့်လိဂ်နဲ့ ဖီဖာ ကလပ် ကမ္ဘာ့ဖလား တို့ကို ရရှိခဲ့တဲ့ အသင်း တစ်သင်း အတွက် ပြင်းထန်လွန်းပါတယ်။ ဒါ့အပြင် ပြီးခဲ့တဲ့ရာသီက ပရီးမီးယားလိဂ်မှာ အဆင့် ၄ နေရာ ရရှိခဲ့တဲ့ ချဲလ်ဆီးက ဖီဖာ ကလပ် ကမ္ဘာ့ဖလား အပြီး ရာသီကြို ခြေစမ်းပွဲတွေ မှာလည်း လေဗာကူဆင်နဲ့ အေစီမီလန် တို့ကို ဂိုးပြတ်တွေချည်း အနိုင်ရထားပါသေးတယ်။ အန်ဇို မာရက်စ်ကာရဲ့ လက်ထက်မှာ တစ်ပွဲထက် တစ်ပွဲ ပိုကောင်းတဲ့ ခြေစွမ်းကို မြင်တွေ့နေရတဲ့ အသင်းပါ။ ဒါပေမယ့်လည်း ချဲလ်ဆီးက ပရီးမီးယားလိဂ် အဖွင့် ပွဲစဉ်မှာ ပူပူနွေးနွေး ကွန်မြူနတီဒိုင်း ချန်ပီယံ ခရစ္စတယ်ပဲ့လေစ်နဲ့ အစမ်းသပ်ခံရဦးမှာ ဖြစ်ပါတယ်။ ဒါပြီးရင်တော့ ချဲလ်ဆီးက လန်ဒန် ကလပ်တွေနဲ့ ဆက်တိုက် တွေ့ဆုံရမှာ ဖြစ်သလို စက်တင်ဘာလလယ် လောက်က စပြီး တောက်လျောက် ပွဲကြပ်တွေ ကစားရမှာ ဖြစ်ပါတယ်။

   

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်