နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

ဗလာဟိုဗစ်ကို ဇန်နဝါရီမှာ ရောင်းထုတ်မယ့် ဂျူဗင်တပ်စ်၊ ယူရို သန်း ၁၀၀ ကျော်တန် ကစားသမားကို အိမ်မက် ပစ်မှတ် အဖြစ် သတ်မှတ်ထားတဲ့ မန်စီးတီး | ပရီးမီးယားလိဂ်

အခုတစ်ခါမှာတော့ စက်တင်ဘာ ၂၈ ရက်နေ့ အတွက် ရရှိထားသမျှ ပရီးမီးယားလိဂ်ရဲ့ စိတ်ဝင်စားစရာ သတင်းတွေကို ဖော်ပြပေးသွားမှာ ဖြစ်ပါတယ်။

ဂျူဗင်တပ်စ် ကတော့ တိုက်စစ်မှူး ဒူဆန် ဗလာဟိုဗစ် အနေနဲ့ အသင်း ကနေ အလွတ် ပြောင်းရွှေ့ကြေးနဲ့ မထွက်ခွာခင် လာမယ့် ဇန်နဝါရီ အပြောင်းအရွှေ့မှာ ရောင်းထုတ်ဖို့ မျှော်လင့်နေတယ်လို့ သိရပါတယ်။ ဆားဘီးယား တိုက်စစ်မှူး ကိုတော့ ပရီးမီးယားလိဂ် ကလပ် ချဲလ်ဆီးနဲ့ မန်ချက်စတာယူနိုက်တက် တို့က စိတ်ဝင်စားနေကြောင်း La Gazzetta dello Sportက ဖော်ပြပါတယ်။

ဆာ ဂျင်မ် ရက်ကလစ်ဖ် ဦးဆောင်တဲ့ အဖွဲ့ ကတော့ နည်းပြ ရူဘင် အမော်ရင်ကို ထောက်ခံနေဆဲ ဖြစ်ပေမယ့်လည်း မကြာခင်မှာတော့ စပို့တင်းလစ္စဘွန်း နည်းပြဟောင်းထံက သိသာထင်ရှားတဲ့ တိုးတက်မှုကို တောင်းဆိုသွားမယ်လို့ သိရပါတယ်။ ယူနိုက်တက် ကတော့ နည်းပြ ရူဘင် အမော်ရင် လက်ထက်မှာ ဆက်လက် ရုန်းကန်နေရဆဲ ဖြစ်ပြီး နိုင်ပွဲထက် ရှုံးပွဲတွေ များနေဆဲ ဖြစ်ပါတယ်။ မနေ့ညက ပွဲစဉ်မှာ ဆိုရင် ယူနိုက်တက်ဟာ ရုန်းကန်နေရတဲ့ ဘရန့်ဖို့ဒ်ကို ၃-၁ ရလဒ်နဲ့ အရေးနိမ့်ခဲ့ပါသေးတယ်။

ယူရို သန်း ၁၀၀ ကျော် တန်ကြေး ရှိတဲ့ အသက် ၁၉ နှစ် အရွယ် ပီအက်စ်ဂျီ ကွင်းလယ် ကစားသမား ဝါရန် ဇိုင်း-အမ်မရီ ကတော့ မန်ချက်စတာစီးတီး အတွက် အိပ်မက် ပစ်မှတ် အဖြစ် ရှိနေဆဲ ဖြစ်ကြောင်း သိရပါတယ်။

အက်စတွန်ဗီလာ ကတော့ အကျိုးအမြတ် များတဲ့ စာချုပ်သစ် အတွက် မော်ဂန် ရော်ဂျာစ်နဲ့ ဆွေးနွေးမှုတွေ ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။ ဒီကစားသမား ကိုတော့ ချဲလ်ဆီးနဲ့ တော့တင်ဟမ်ဟော့စပါး တို့ဟာ ပြီးခဲ့တဲ့ နွေရာသီ ကတည်းက ခေါ်ယူချင်နေခဲ့တာ ဖြစ်ပါတယ်။

လစ်ဗာပူးလ် ကတော့ သူတို့ရဲ့ ဗဟိုခံစစ်မှူး အီဘရာဟီမာ ကိုနာတေးကို ပရီးမီးယားလိဂ် ကလပ် အများအပြားက အလွတ်နဲ့ ခေါ်ယူဖို့ စိတ်ဝင်စားနေတယ်လို့ ယုံကြည်နေပါတယ်။
ဇိုင်း အမ်မရီ အတွက် ယူရို သန်း ၁၀၀ ကျော် ရမှ ရောင်းထုတ်မယ့် ပီအက်စ်ဂျီ

နယူးကာဆယ် ကတော့ ပြီးခဲ့တဲ့ နွေရာသီက သူတို့ရဲ့ တိုက်စစ်မှူး ဝီလီယမ် အိုဆူလာ အတွက် ဖရန့်ဖတ်ရဲ့ ပေါင် သန်း ၃၀ တန် အပြီးသတ် ဝယ်ယူခွင့်ပါတဲ့ အငှားနဲ့ ကမ်းလှမ်းမှုကို ပယ်ချခဲ့ကြောင်း သိရပါတယ်။ အိုဆူလာ ကတော့ ဒီရာသီမှာ ငှက်ကြားတွေ အတွက် ခြေစွမ်းပြနေပြီး မှန်ကန်တဲ့ ဆုံးဖြတ်ချက်လည်း ဖြစ်ခဲ့ပါတယ်။

လစ်ဗာပူးလ် ကတော့ သူတို့ရဲ့ ဗဟိုခံစစ်မှူး အီဘရာဟီမာ ကိုနာတေးကို ပရီးမီးယားလိဂ် ကလပ် အများအပြားက အလွတ်နဲ့ ခေါ်ယူဖို့ စိတ်ဝင်စားနေတယ်လို့ ယုံကြည်နေပါတယ်။ ကိုနာတေးကို အာဆင်နယ်၊ ချဲလ်ဆီးနဲ့ မန်စီးတီး တို့က နွေရာသီ အပြောင်းအရွှေ့မှာ အံ့အားသင့်ဖွယ် ခေါ်ယူဖွယ် ရှိကြောင်း သတင်းတွေ ထွက်ပေါ်နေပါတယ်။

လစ်ဗာပူးလ် နည်းပြ အာနေး ဆလော့တ် ကတော့ ကွယ်လွန်သွားတဲ့ တိုက်စစ် ကစားသမား ဒီယိုဂို ဂျိုတာရဲ့ လက်ကျန် စာချုပ်သက်တမ်းကို လစာငွေ အပြည့်အဝ ပေးချေသွားမယ်လို့ အတည်ပြုခဲ့ပါတယ်။ လစ်ဗာပူးလ် အသင်းပိုင်ရှင်တွေဟာ လက်ကျန် စာချုပ်သက်တမ်း နှစ်နှစ်ကို လစာငွေ အပြည့်အဝ ပေးချေဖို့ ဆုံးဖြတ်ခဲ့တာ ဖြစ်ပါတယ်။ ပေါ်တူဂီ ကစားသမား အသက် ၂၈ နှစ် အရွယ် ဂျိုတာဟာ ညီဖြစ်သူ အန်ဒရီ ဆေးလ်ဗားနဲ့ အတူ ဇူလိုင်လ ၃ ရက်က စပိန်နိုင်ငံမှာ ယာဉ်မတော်တဆမှုနဲ့ ကွယ်လွန်ခဲ့တာပါ။ ဂျိုတာရဲ့ စာချုပ်သက်တမ်းဟာ ၂၀၂၆-၂၀၂၇ ဘောလုံး ရာသီကုန်ထိ ဖြစ်ပြီး မိသားစုကို လစာ အပြည့်ပေးဖို့ အသင်း ပိုင်ရှင်တွေ ဖြစ်တဲ့ FSG Group က ဆုံးဖြတ်ခဲ့တာ ဖြစ်ပါတယ်။ ဒီလို အသင်းပိုင်ရှင်တွေရဲ့ ဆုံးဖြတ်ချက် ကိုလည်း အာနေး ဆလော့တ်က ချီးကျူးဂုဏ်ပြုခဲ့ပါတယ်။

   

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်