အာဆင်နယ် Opta ကတော့ လာမယ့် ပရီးမီးယားလိဂ် ပွဲစဉ် ၅ ပွဲမှာ ဘယ်အသင်းတွေက ပွဲချောင်ပြီး ဘယ်အသင်းတွေက ပွဲကြပ်နေလဲ ဆိုတာ အချက်အလက်တွေ အပေါ် အခြေခံပြီး သုံးသပ် ဖော်ပြမှုတွေ ပြုလုပ်လာခဲ့ပါတယ်။ Opta ရဲ့ ဖော်ပြချက်အရ အာဆင်နယ်က လာမယ့် ၅ ပွဲမှာ ပွဲအချောင်ဆုံး ဖြစ်နေပြီး လစ်ဗာပူးလ် ကတော့ ဒုတိယ ပွဲအကြပ်ဆုံး ဖြစ်နေတယ်လို့ သိရပါတယ်။
လက်ရှိ ပရီးမီးယားလိဂ် အမှတ်ပေးဇယားကို ဦးဆောင်နေတဲ့ လစ်ဗာပူးလ်ဟာ လာမယ့် ၅ ပွဲမှာ ချဲလ်ဆီး (အဝေးကွင်း)၊ ယူနိုက်ကတ် (အိမ်ကွင်း)၊ ဘရန့်ဖိုဒ် (အဝေးကွင်း)၊ အက်စတွန်ဗီလာ (အိမ်ကွင်း)၊ မန်ချက်စတာစီးတီး (အဝေးကွင်း) တို့နဲ့ ဆက်တိုက် ကစားရမှာ ဖြစ်ပြီး ဒုတိယ ပွဲအကြပ်ဆုံး အဖြစ် သတ်မှတ်ခံရတာ ဖြစ်ပါတယ်။
Opta က ပွဲ အကြပ်ဆုံး အဖြစ် သတ်မှတ်ခံထားရတဲ့ အသင်း ကတော့ ဘရန့်ဖိုဒ် ဖြစ်ပြီး မန်ချက်စတာစီးတီး (အိမ်ကွင်း)၊ ဝက်စ်ဟမ်း (အိမ်ကွင်း)၊ လစ်ဗာပူးလ် (အိမ်ကွင်း)၊ ခရစ္စတယ်ပဲလေ့စ် (အဝေးကွင်း)၊ နယူးကာဆယ် (အိမ်ကွင်း) တိုနဲ့ ကစားရမှာ ဖြစ်ပါတယ်။
လက်ရှိ ပရီးမီးယားလိဂ် အမှတ်ပေးဇယား အဆင့် ၂ နေရာမှာ ရပ်တည်နေတဲ့ အာဆင်နယ် ကတော့ လာမယ့် ပွဲစဉ် ၅ ပွဲမှာ ထိပ်သီး ပြိုင်ဘက်တွေနဲ့ ရင်ဆိုင်ရမှာ မဟုတ်ပါဘူး။ အာဆင်နယ်က ဝက်စ်ဟမ်း (အိမ်ကွင်း)၊ ဖူလ်ဟမ် (အဝေးကွင်း)၊ ခရစ္စတယ်ပဲလေ့စ် (အိမ်ကွင်း)၊ ဘန်လေ (အဝေးကွင်း)၊ ဆန်းဒါးလန်း (အဝေးကွင်း) တို့နဲ့ ရင်ဆိုင်ရမှာ ဖြစ်ပါတယ်။ ဒီအထဲမှာ အာဆင်နယ် အတွက် အနည်းငယ် ခက်ခဲနိုင်တဲ့ ပွဲစဉ် ဆိုလို့ ခရစ္စတယ်ပဲလေ့စ်နဲ့ တစ်ပွဲသာ ပါဝင်နေတာ ဖြစ်ပါတယ်။ အာဆင်နယ် အတွက် ရာသီအစ ပရီးမီးယားလိဂ် ပွဲစဉ် ၆ ပွဲက အခက်အခဲဆုံး ဖြစ်ခဲ့ပေမယ့် ၄ ပွဲနိုင်၊ ၁ ပွဲ သရေ၊ ၁ ပွဲ ရှုံး၊ ရမှတ် ၁၃ မှတ် စုဆောင်းနိုင်ခဲ့ပါတယ်။ အာဆင်နယ်ဟာ အဲဒီ ၆ ပွဲမှာ လစ်ဗာပူးလ်၊ မန်စီးတီး တို့နဲ့ ပွဲစဉ်တွေမှာပဲ ရမှတ်တွေ ဆုံးရှုံးခဲ့တာ ဖြစ်ပါတယ်။

လက်ရှိမှာ လစ်ဗာပူးလ်တို့ ပွဲကြပ်နေချိန်မှာ အာဆင်နယ်က ပွဲအချောင်ဆုံး ဖြစ်နေတာကြောင့် ပရီးမီးယားလိဂ် ချန်ပီယံ ပြေးလမ်းမှာ အာဆင်နယ် အနေနဲ့ အားသာချက် ရရှိသွားနိုင်ကြောင်းလည်း Opta က သုံးသပ်ခဲ့ပါတယ်။ အာဆင်နယ်က လက်ရှိမှာ လစ်ဗာပူးလ်နဲ့ ၂ မှတ် အကွာ ဒုတိယနေရာ ရပ်တည်နေပေမယ့် ဒီရာသီ ပရီးမီးယားလိဂ်မှာ ဗိုလ်စွဲဖို့ ရေပန်းအစားဆုံး အသင်း အဖြစ် သတ်မှတ်ခံထားရကြောင်းလည်း သိရပါတယ်။
အာဆင်နယ်ဟာ ပရီးမီးယားလိဂ် ချန်ပီယံဆု ရရှိဖို့ ၅:၄ သတ်မှတ်ခံထားရပြီး လစ်ဗာပူးလ်က ၁၅:၈နဲ့ ဒုတိယ၊ မန်စီးတီးက ၅:၁ နဲ့ တတိယ နေရာမှာ ရှိနေပါတယ်။ ရာသီမစတင်ခင်က လစ်ဗာပူးလ် အနေနဲ့ လက်ရှိ ချန်ပီယံဘွဲ့ကို ကာကွယ်နိုင်မယ်လို့ ထိပ်ဆုံးက အလေးပေးခြင်း ခံခဲ့ရပေမယ့် ပဲလေ့စ်ကို ရှုံးအပြီးမှာတော့ အခုလိုပဲ အလေးပေးမှု ပြောင်းလဲသွားခဲ့တာ ဖြစ်ပါတယ်။ ဒါ့အပြင် အခု ဆိုရင်တော့ လာမယ့် ပွဲစဉ် ၅ ပွဲမှာ အာဆင်နယ် အနေနဲ့ ဦးဆောင်သူ နေရာ ကိုပါ လွှဲပြောင်း ရယူနိုင်ဖို့ အလားအလာ ကောင်းနေတာကြောင်း သုံးသပ်မှုတွေပါ ရှိနေခဲ့ပြီ ဖြစ်ပါတယ်။
ဒါ့အပြင် အာဆင်နယ်က ချန်ပီယံလိဂ် မှာလည်း လက်ရှိ ချန်ပီယံ ပီအက်စ်ဂျီကို ကျော်ဖြတ်ပြီးတော့ ဗိုလ်စွဲဖို့ အလားအလာ အကောင်းဆုံး အသင်း အဖြစ် သတ်မှတ်ခံထားရပါတယ်။ အာဆင်နယ်ဟာ ချန်ပီယံလိဂ်မှာလည်း ၂ ပွဲ ကစားပြီးချိန်မှာ ရာနှုန်းပြည့် နိုင်ပွဲ ရရှိထားပါတယ်။
●●●
နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS
အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်
ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.