နယူးကာဆယ် တိုက်စစ်မှူး အလက်ဇန္တား အိဆက်ခ် ကတော့ လစ်ဗာပူးလ်ကို ၅ နှစ် စာချုပ်နဲ့ ပြောင်းရွှေ့ဖို့ ပုဂ္ဂိုလ်ရေးဆိုင်ရာ သဘောတူညီမှု ရရှိသွားပြီ ဖြစ်ကြောင်း သိရပါတယ်။ ပရီးမီးယားလိဂ် ချန်ပီယံ တို့ဟာ ဒီနွေရာသီမှာ အားရစရာ ကစားသမား ခေါ်ယူမှုတွေ ပြုလုပ်ထားသည့် တိုင်အောင် ထိပ်တန်း အပြောင်းအရွှေ့တွေ အတွက် အဆင်သင့် ရှိနေဆဲ ဖြစ်ပါတယ်။
သတင်းတွေအရ ဆိုရင် လစ်ဗာပူးလ်က မကြာခင်မှာ ဆွီဒင် လက်ရွေးစင် တိုက်စစ်မှူး အတွက် နယူးကာဆယ်ထံ ပထမဦးဆုံးအကြိမ် တရားဝင် ကမ်းလှမ်းမှု ပေးပို့သွားတော့မယ်လို့လည်း သိရပါတယ်။ အာနေး ဆလော့တ်ရဲ့ အသင်းက ဒီနွေရာသီ အပြောင်းအရွှေ့မှာ ဂျရယ်မီ ဖရင်မ်ပေါင်၊ ဖလော်ရီယန် ဝစ်ဇ်၊ မီလော့စ် ကာကက်ဇ်၊ ဟူဂို အစ်ကီတီကီ တို့ကို ခေါ်ယူဖို့ အတွက် ပေါင် သန်း ၃၀၀ နီးပါး သုံးစွဲထားပြီး ဖြစ်ပါတယ်။
လက်ရှိမှာလည်း လစ်ဗာပူးလ်က အိဆက်ခ်နဲ့ သဘောတူညီမှု ရရှိပြီးတဲ့နောက် အပြောင်းအရွှေ့ အတွက် နယူးကာဆယ်ထံ ပထမဦးဆုံး တရားဝင် ကမ်းလှမ်းမှု ပြုလုပ်သွားတော့မှာ ဖြစ်ပါတယ်။ လစ်ဗာပူးလ်က ဆွီဒင် လက်ရွေးစင်ကို ၅ နှစ် စာချုပ် ချုပ်ဆိုဖို့ ပြင်ဆင်ထားပြီးတော့ ကနဦး ပြောင်းရွှေ့ကြေး အဖြစ် ပေါင်သန်း ၁၀၀ နဲ့ စတင် ကမ်းလှမ်းဖို့ စီစဉ်နေကြောင်း သိရပါတယ်။ ဒါပေမယ့်လည်း နယူးကာဆယ် ကတော့ အိဆက်ခ် အတွက် ပေါင် သန်း ၁၅၀ အထိ လိုချင်နေပေမယ့် လစ်ဗာပူးလ် ဘက်ကတော့ ပေါင် သန်း ၁၂၀ လောက်နဲ့ ခေါ်ယူချင်နေပါတယ်။ နယူးကာဆယ်ဟာ အိဆက်ခ် အတွက် ပြောင်းရွှေ့ကြေးကို ကနဦး ပေါင် သန်း ၁၂၀+ အပိုဆုကြေး သန်း ၃၀ ဒါမှမဟုတ် ကနဦး ပေါင်သန်း ၁၃၀+ အပိုဆုကြေး သန်း ၂၀ ဆိုတဲ့ ပုံစံမျိုးနဲ့ လိုချင်နေတာ ဖြစ်ပါတယ်။

ပရီးမီးယားလိဂ် ချန်ပီယံ တို့ဟာ ဒီနွေမှာပဲ ငွေသုံးကြမ်းနေဆဲ ဖြစ်ပြီး နောက်ထပ် ကြယ်ပွင့် တိုက်စစ်မှူး တစ်ဦး ထပ်မံ ခေါ်ယူဖို့ အတွက် ဘဏ္ဍာရေး အင်အား တောင့်တင်းနေဆဲ ဖြစ်ပါတယ်။ ဒါ့အပြင် လစ်ဗာပူးလ်က သူတို့ရဲ့ တောင်ပံ ကစားသမား လူးဝစ္စ ဒီးယက်ဇ်ကို ဘွန်ဒက်စ်လီဂါ ဘေယန်မြူးနစ်ထံ ယူရို ၇၅ သန်းနဲ့ ရောင်းထုတ်ထားနိုင်ခဲ့ပါသေးတယ်။ ဒါ့အပြင် ဥရုဂွေး တိုက်စစ်မှူး ဒါဝင် နူညက်ဇ် ကိုလည်း ရောင်းထုတ်ဖို့ ရှိနေသေးတာကြောင့် အိဆက်ခ်ကို ခေါ်ယူဖို့ စိုးရိမ်စရာ မရှိတဲ့ အခြေအနေ ဖြစ်ပါတယ်။ နူညက်ဇ် ကိုတော့ စီးရီးအေ ချန်ပီယံ နာပိုလီ၊ တူရင် ကလပ် ဂျူဗင်တပ်စ်နဲ့ ဆော်ဒီပရိုလိဂ် ကလပ်တွေက ခေါ်ယူဖို့ အပြင်းအထန် စိတ်ဝင်စားနေကြပါတယ်။
နယူးကာဆယ် အသင်းပိုင်ရှင်နဲ့ တာဝန်ရှိသူ အားလုံး ကတော့ အိဆက်ခ်ကို ဘယ်လိုနည်းနဲ့မှ ရောင်းမထုတ်ချင်သလို စာချုပ်သက်တမ်းတိုးဖို့လည်း ကြိုးစားနေဆဲ ဖြစ်ပါတယ်။ အသက် ၂၅ နှစ် အရွယ် ဆွီဒင် လက်ရွေးစင် တိုက်စစ်မှူး ကိုယ်တိုင် ကတော့ နယူးကာဆယ်ကို တစ်ပတ်လုပ်ခ ပေါင် ၃၀၀၀၀၀ ပေးဖို့ တောင်းဆိုထားသလို မပေးရင်တော့ အသင်း ကနေ ထွက်ခွာခွင့် ပေးဖို့ တောင်းဆိုထားပုံရပါတယ်။ အလက်ဇန္တား အိဆက်ခ်ဟာ ပြီးခဲ့တဲ့ ဘောလုံး ရာသီက နယူးကာဆယ် အတွက် ပရီးမီးယားလိဂ် အပါအဝင် ပြိုင်ပွဲစုံ ၄၂ ပွဲ ကစားပြီး ၂၇ ဂိုး အထိ သွင်းယူခဲ့သလို ဂိုးဖန်တီးမှု ၆ ကြိမ် ပြုလုပ်ပေးနိုင်ခဲ့ပါတယ်။ သေချာတာ ကတော့ လစ်ဗာပူးလ်သာ အိဆက်ခ်ကို ခေါ်ယူနိုင်ခဲ့မယ် ဆိုရင်တော့ ကျားကို အတောင်ပံ တပ်ပေးတာထက် ပိုတဲ့ ဂျိုပါ တပ်ပေးလိုက်သလို ဖြစ်သွားတော့မှာလည်း ဖြစ်ပါတယ်။
●●●
နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS
အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်
ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.