အခုတစ်ခါမှာတော့ အောက်တိုဘာလ ၃၀ ရက်နေ့ အတွက် ရရှိထားသမျှ လာလီဂါရဲ့ စိတ်ဝင်စားစရာ သတင်းတွေကို ဖော်ပြပေးသွားမှာ ဖြစ်ပါတယ်။
ဘာစီလိုနာ ကတော့ နာပိုလီ အသင်း ကွင်းလယ်လူ စကော့တ် မက်တော်မီနေးကို ခေါ်ယူဖို့ စိတ်ဝင်စားလာခဲ့ပါတယ်။ မက်တော်မီနေး ကိုတော့ ပရီးမီးယားလိဂ် ကလပ်ဟောင်း ယူနိုက်တက် အပြင် တော့တင်ဟမ်ဟော့စပါး တိုကလည်း တော်မီနေးကို စောင့်ကြည့်နေကြပါတယ်။
ချဲလ်ဆီး ကတော့ နည်းပြ အန်ဇို မာရက်စ်ကာရဲ့ နေရာမှာ အစားထိုးဖို ဘုန်းမောက် နည်းပြ အန်ဒိုနီ အိုင်ရာအိုလာကို စောင့်ကြည့်နေကြောင်း သိရပါတယ်။ အိုင်ရာအိုလာ ကတော့ ဘုန်းမောက်ကို ပရီးမီးယားလိဂ် မှာ အဆင့်ဆင့် တိုးတက်လာအောင် စွမ်းဆောင်ထားခဲ့တဲ့ အရည်အချင်း ရှိတဲ့ နည်းပြ တစ်ဦးလည်း ဖြစ်ပါတယ်။
အာဆင်နယ် ကတော့ ပီအက်စ်ဂျီ ကွင်းလယ်လူ ဖေဘီယန် ရူအစ်ဇ်ကို ခေါ်ယူဖို့ နောက်ဆုတ်လိုက်ပြီး ရီးရဲလ်မက်ဒရစ် ကတော့ ယူရို သန်း ၅၀ လောက်နဲ့ ခေါ်ယူလိုနေကြောင်း သိရပါတယ်။ အာဆင်နယ်ဟာ လက်ရှိမှာ ကွင်းလယ်ပိုင်းက လွန်စွာ တောင့်တင်းနေတာကြောင့် နောက်ထပ် ကစားသမား တစ်ဦး ခေါ်ယူဖို့ မလိုအပ်တော့ဘူးလို့ ဆုံးဖြတ်ခဲ့တာ ဖြစ်ပါတယ်။
မန်ချက်စတာယူနိုက်တက် ကွင်းလယ်လူ ကိုဘီ မိန်းနူး ကတော့ လာမယ့် ဆောင်းရာသီမှာ နာပိုလီ ဆီကနေ ကမ်းလှမ်းမှု အသစ် ထပ်မံ ရရှိသွားဖို့ ရှိနေပါတယ်။ မိန်းနူး ကလည်း ယူနိုက်တက်ကို ထွက်ခွာချင်နေသူ ဖြစ်တာကြောင့် နာပိုလီရဲ့ ကမ်းလှမ်းချက် ကိုတော့ လက်ခံသွားဖွယ် ရှိနေပါတယ်။
ဘေယန်မြူးနစ် ကတော့ နီကိုးလက်စ် ဂျက်ဆန်ကို အငှားနဲ့ ခေါ်ယူထားပေမယ့် အပြီးသတ် ခေါ်ယူဖို စိတ်ဝင်စားခြင်း မရှိကြောင်း သိရပါတယ်။ စာချုပ်အရ ဆိုရင်တော့ ဘေယန်မြူးနစ်ဟာ ဂျက်ဆန် အနေနဲ့ ပွဲ ၄၀ ကစားခွင့်ရမှသာ အပြီးသတ် ခေါ်ယူခွင့် ရှိနေတ ဖြစ်ပါတယ်။

လစ်ဗာပူးလ် ကတော့ ပေါင် ၈၈ သန်းလောက် ကုန်ကျဖို့ ရှိနေတဲ့ စပါး နောက်ခံလူ မစ်ကီ ဗန်ဒီဗန်ကို ခေါ်ယူဖို စိတ်ဝင်စားနေပါတယ်။
ဝက်စ်ဟမ်း တိုက်စစ်မှူး ဂျရော့ဒ် ဘိုဝင်ဟာ စပါးထံ ပြောင်းရွှေ့ဖို သတင်းတွေ ထွက်နေပေမယ့် ဝက်စ်ဟမ်း ဘက်ကတော့ ပေါင် ၅၂.၇ သန်း အထိ တိုးမြင့် တောင်းဆိုထားကြောင်း သိရတယ်။
ဘူကာယို ဆာကာ ကတော့ အသင်းကြီး များစွာရဲ့ ကမ်းလှမ်းမှုတွေကို ငြင်းပယ်ပြီးနောက် အာဆင်နယ်နဲ့သာ စာချုပ်သစ် ထပ်မံချုပ်ဆိုတော့မှာ ဖြစ်ပါတယ်။
ရီးရဲလ်မက်ဒရစ် တောင်ပံ ကစားသမား ဗင်နီးစီးယပ်စ် ဂျူနီယာက နည်းပြ အလွန်ဆိုကို ပြန်လည် တောင်းပန်မှုတွေ ပြုလုပ်ခဲ့ကြောင်း သတင်းရရှိပါတယ်။ ရီးရဲလ်မက်ဒရစ် ဘက်ကတော့ ဗင်နီးစီးယပ်စ်သာ အသင်း ကနေ ထွက်ခွာခဲ့မယ် ဆိုရင်တော့ မန်စီးတီး တိုက်စစ်မှူး အာလင်း ဟာလန်းကို ပြန်လည် ခေါ်ယူသွားမယ်လို့ သိရပါတယ်။
ယနေ့မနက် အစောပိုင်း ကစားခဲ့တဲ့ ခရာဘောင်ဖလား ပွဲစဉ်တွေမှာ အာဆင်နယ်က ဘရိုက်တန်ကို ၂ ဂိုးပြတ် အနိုင်ရခဲ့သလို ပဲလေ့စ် ကလည်း လစ်ဗာပူးလ်ကို ၃ ဂိုးပြတ်နဲ့ ထပ်မံ အနိုင်ရခဲ့ပါတယ်။ မန်စီးတီးက ဆွမ်ဆီးကို ၁-၃ နဲ့ အနိုင်ရခဲ့ပြီး ချဲလ်ဆီးက ဝုဗ်ကို ၃-၄ နဲ့ အသီးသီး အနိုင်ရခဲ့ကြပါတယ်။ နယူးကာဆယ်နဲ့ စပါး တို့ရဲ့ ပွဲစဉ် မှာတော့ နယူးကာဆယ် ကသာ ၂ ဂိုးပြတ်နဲ့ အနိုင်ရခဲ့ပါတယ်။
ပြင်သစ် လီဂူးဝမ်း ပွဲစဉ်မှာ လော်ရီးရန့်တ်နဲ့ ပီအက်စ်ဂျီတို ၁-၁ သရေကျခဲ့တာကြောင့် ပီအက်စ်ဂျီတို့ အမှတ်ပေးဇယားကို ၁ မှတ်အကွာနဲ့ ဆက်လက် ဦးဆောင်နိုင်ခဲ့ပါတယ်။ စီးရီးအေ ပွဲစဉ်တွေမှာ ဂျူဗင်တပ်စ်က အူဒီးနီးစ်ကို ၃-၁ နဲ့ အနိုင်ရခဲ့သလို ရိုးမား ကလည်း ပါးမားကို ၂-၁ နဲ့ အနိုင်ရခဲ့ပါတယ်။ အင်တာမီလန် ကလည်း ဖီအိုရင်တီးနားကို ၃ ဂိုးပြတ် အနိုင်ရခဲ့ပြီး ဘိုလော့ဂ်နာနဲ့ တိုရီနို တို့ကတော့ ဂိုးမရှိ သရေနဲ့ အဆုံးသတ်ခဲ့ပါတယ်။
●●●
နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS
အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်
ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.


