နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

လိဒ်စ်ကို အသည်းအသန် ကစားပြီးမှ ဖိုဒန်ရဲ့ နောက်ကျဂိုးနဲ့ အနိုင်ရခဲ့တဲ့ မန်စီးတီး | ပရီးမီးယားလိဂ်

မနေ့ညက ပရီးမီးယားလိဂ် ပွဲစဉ် ၁၃ ရဲ့ နောက်ထပ် ပွဲစဉ် တစ်ပွဲ မှာတော့ မန်ချက်စတာစီးတီးက လိဒ်စ်ယူနိုက်တက်ကို ၃-၂ ရလဒ်နဲ့ အနိုင်ရသွားခဲ့ပါတယ်။ မန်စီးတီး အတွက် ခက်ခဲတဲ့ ပွဲစဉ် ဖြစ်ခဲ့ပြီး ဖီးလ် ဖိုဒန်ရဲ့ နောက်ကျ သွင်းဂိုးကြောင့်သာ ပပ် ဂွါဒီယိုလာ အနေနဲ့ သက်ပြင်းချနိုင်ခဲ့တာ ဖြစ်ပါတယ်။

ဒီနေ့ပွဲမှာ မန်စီးတီးက နိုင်ပွဲ ပြန်လည် ရှာဖွေဖို့ အတွက် တောင့်တင်းတဲ့ လူစာရင်းနဲ့ ပွဲထွက်လာခဲ့ပြီး လိဒ်စ် ကလည်း သူတို့ အတွက် အကောင်းဆုံး ဖြစ်နိုင်မယ့် လူစာရင်းနဲ့ အိမ်ရှင် တို့ကို ပြန်လည် ရင်ဆိုင်သွားခဲ့ပါတယ်။ ပွဲချိန် ၁ မိနစ် မှာတင်ပဲ မန်စီးတီးက ဦးဆောင်ဂိုး ရခဲ့ပြီး မားသီးယက်စ် နူနက်စ်ရဲ့ ပေးပို့မှု ကနေ ဖိုဒန်က သွင်းယူပေးခဲ့တာ ဖြစ်ပါတယ်။ အဲဒီနောက် ပွဲချိန် ၂၅ မိနစ် မှာလည်း မန်စီးတီးတို့ ဦးဆောင် ထပ်ရခဲ့ပြီး အိုရွိုင်လီရဲ့ ပံ့ပိုးမှု ကနေ ယော့စကို ဂဗာဒီယိုလ်ကို သွင်းယူပေးခဲ့ပါတယ်။ မန်စီးတီးဟာ ပထမပိုင်း တစ်ပိုင်းလုံး လိဒ်စ်ကို တစ်ဖက်သတ် ဖိအားပေးကစားနိုင်ခဲ့လို့ ၂-၀ နဲ့ ဦးဆောင်ထားနိုင်ခဲ့ပါတယ်။ 

ဒါပေမယ့်လည်း လိဒ်စ်ယူနိုက်တက်က ပထမပိုင်းအပြီးမှာ ဒေါမနစ် ကဲလ်ဗက်-လီဝင်းကို ထည့်သွင်း ကစားစေပြီးနောက် ထိရောက်တဲ့ တိုက်စစ်ဆင်မှုတွေ ပြုလုပ်နိုင်ခဲ့ပါတယ်။ ဒါကြောင့် ဒုတိယပိုင်း ပွဲပြန်စပြီး ၄ မိနစ် အကြာမှာ မားသီးယက်စ် နူနက်စ်ရဲ့ ရှင်းထုတ်ပုံ မသေသပ်မှု ကနေ ကဲလ်ဗက်လီဝင်းက ချေပဂိုး သွင်းယူပေးနိုင်ခဲ့သလို ၆၈ မိနစ် မှာတော့ အန်မီချာက လိဒ်စ် အတွက် ဒုတိယဂိုး ထပ်မံ သွင်းယူနိုင်ခဲ့တာကြောင့် ၂-၂ ဖြစ်သွားခဲ့ပါတယ်။

လိဒ်စ်မှာ မွေးဖွားတဲ့ တိုက်စစ်မှူး အာလင်း ဟာလန်း ကတော့ သူ့ရဲ့ ပရီးမီးယားလိဂ် သွင်းဂိုး ၁၀၀ ပြည့်ဖို့ ကြိုးပမ်းခဲ့ပေမယ့်လည်း ခြေစွမ်းပြနိုင်ခြင်းတော့ မရှိခဲ့ပါဘူး။
ပရီးမီးယားလိဂ် အမှတ်ပေးဇယား ထိပ်က အာဆင်နယ်နဲ့ ၄ မှတ်သာ ကွာဟနေတဲ့ မန်စီးတီး

အဲဒီနောက် မန်စီးတီးတို့ တိုက်စစ်ဆင်လိုက် ခံစစ်ကို အသည်းအသန် ကာလိုက်နဲ့ အချိန်ကုန်ခဲ့ရပြီး သရေ တစ်မှတ်နဲ့ ကျေနပ်ရမလို ဖြစ်ခဲ့ပါတယ်။ ဒါပေမယ့်လည်း မန်စီးတီးကို ကယ်တင်ခဲ့သူက အဖွင့်ဂိုး သွင်းခဲ့တဲ့ ဖီးလ် ဖိုဒန်ပဲ ဖြစ်ပြီး ၁၈ ကိုက် စည်းထိပ် ကနေ အပြင်း ကန်သွင်းသွားခဲ့လို့ ၃-၂ ရလဒ်နဲ့ မန်စီးတီးတို့ နိုင်ပွဲ ရခဲ့ပါတယ်။ 

မန်စီးတီးက ပြီးခဲ့တဲ့ ပရီးမီးယားလိဂ် ပွဲစဉ်မှာ နယူးကာဆယ်ကို မထင်မှတ်ပဲ ရှုံးနိမ့်ထားခဲ့ပေမယ့် ဒီတစ်ပတ်မှာ နိုင်ပွဲ ပြန်လည် ရှာတွေ့ခဲ့ခြင်းနဲ့ အတူ အမှတ်ပေးဇယား အဆင့် ၂ နေရာကို ပြန်လည် တက်လှမ်းလာခဲ့ပါတယ်။ လက်ရှိမှာ မန်စီးတီးက အာဆင်နယ်ကို ၄ မှတ် အကွာနဲ့ ဆက်လက် ဖိအားပေးထားနိုင်ခဲ့ပြီးတော့ ဒီနိုင်ပွဲက ချဲလ်ဆီး-အာဆင်နယ် တွေ့ဆုံမှုကို အခွင့်ကောင်းယူသွားနိုင်မလား ဆိုတာ စောင့်ကြည့်ရမှာ ဖြစ်ပါတယ်။

လိဒ်စ်မှာ မွေးဖွားတဲ့ တိုက်စစ်မှူး အာလင်း ဟာလန်း ကတော့ သူ့ရဲ့ ပရီးမီးယားလိဂ် သွင်းဂိုး ၁၀၀ ပြည့်ဖို့ ကြိုးပမ်းခဲ့ပေမယ့်လည်း ခြေစွမ်းပြနိုင်ခြင်းတော့ မရှိခဲ့ပါဘူး။ ဟာလန်းက ဒီပွဲမှာ မိနစ် ၉၀ ပြည့် ပါဝင်ကစားခဲ့ပေမယ့် ဂိုးပေါက် ကန်ချက် ၁ ကြိမ်သာ ပြုလုပ်နိုင်ခဲ့ပါတယ်။ ဟာလန်း အနေနဲ့ ပြိုင်ပွဲစုံ အရပ်ရပ်မှာ မန်စီးတီး အတွက် အိမ်ကွင်း မိနစ် ၉၀ ပြည့် ကစားပြီး ဂိုးပေါက် ကန်ချက် အနည်းဆုံးလည်း ဖြစ်ခဲ့ပါတယ်။

   

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်