နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

ဇာဗီ ဆိုင်မွန်စ်ကို ချဲလ်ဆီးနဲ့ အပြိုင် ကြိုးပမ်းမယ့် မန်စီးတီး၊ အီးဇီးကို အပြိုင်လုကြတော့မယ့် မြောက်လန်ဒန် ပြိုင်ဘက် နှစ်သင်း | ပရီးမီးယားလိဂ်

ဩဂုတ် ၁၂ ရက်နေ့ အတွက် ရရှိထားသမျှ စိတ်ဝင်စားစရာ ပရီးမီးယားလိဂ် ထိပ်တန်း ကလပ်တွေရဲ့ အပြောင်းအရွှေ့ သတင်းတွေကို ဖော်ပြပေးသွားမှာ ဖြစ်ပါတယ်။

မန်ချက်စတာစီးတီး ကတော့ လိုက်ပ်ဇစ် ကွင်းလယ်လူ ဇာဗီ ဆိုင်မွန်စ်ကို ခေါ်ယူဖို့ အတွက် ပရီးမီးယားလိဂ် ကလပ် ချဲလ်ဆီးနဲ့ အပြိုင် ကြိုးပမ်းဖို့ ရှိနေကြောင်း သိရပါတယ်။ ဒါပေမယ့်လည်း ဇာဗီ ဆိုင်မွန်စ် ကတော့ စတန်းဖို့ဒ်ဘရစ်ချ်ကို ပြောင်းရွှေ့ဖို့ စိတ်ဝင်စားနေဆဲ ဖြစ်ပါတယ်။

ရက်စ်မက်စ် ဟွိုက်ဂျ်လန်း ကတော့ အေစီမီလန်ရဲ့ ချဉ်းကပ်မှုကို ငြင်းဆန် ပယ်ချခဲ့ကြောင်း La Gazzetta dello Sport က ဖော်ပြပါတယ်။ အေစီမီလန် တာဝန်ရှိသူတွေ အနေနဲ့ တခြားသော ပစ်မှတ်တွေကို မပြောင်းလဲမီ ယူနိုက်တက် တိုက်စစ်မှူးကို နောက်ထပ် တစ်ကြိမ် ကြိုးပမ်းသွားဖို့ စီစဉ်လျက် ရှိပါတယ်။

တစ်ချိန်တည်းမှာပဲ မန်ချက်စတာယူနိုက်တက်သည် အဲဗာတန် တိုက်စစ်မှူးဟောင်း ဒေါမနစ် ကဲလ်ဗက် လီဝင်းကို ကြိုးပမ်းသွားဖို့ ရှိနေကြောင်း talkSPORT က ဖော်ပြပါတယ်။ လက်ရှိမှာ အသင်း လက်မဲ့ ဖြစ်နေတဲ့ အင်္ဂလန် တိုက်စစ်မှူးက သူ့ရဲ့ အေးဂျင့်ကို ထုတ်ပယ်ထားခဲ့ပြီး တစ်ဖက် မှာလည်း လိဒ်စ်ယူနိုက်တက်၊ နယူးကာဆယ် ယူနိုက်တက် တို့နဲ့လည်း ဆွေးနွေးနေတယ်လို့ သိရပါတယ်။

လစ်ဗာပူးလ် ကသာ ဒီနွေရာသီ အပြောင်းအရွှေ့မှာ ခေါ်ယူဖို့ မဖြစ်နိုင်ကြောင်း အသိပေးခဲ့မယ် ဆိုရင် အလက်ဇန္တား အိဆက်ခ် အနေနဲ့ နယူးကာဆယ်ယူနိုက်တက်ဆီ ပြန်သွားဖို့ စဉ်းစားမယ်လို့ အသိပေး ပြောကြားခဲ့ကြောင်း GIVEMESPORT က ဖော်ပြပါတယ်။ လစ်ဗာပူးလ်ဟာ အိဆက်ခ် အတွက် နောက်ထပ် တစ်ကြိမ် ကမ်းလှမ်းမှုနဲ့ ကြိုးပမ်းသွားဖို့ ရှိကြောင်း သိရပါတယ်။

လစ်ဗာပူးလ် ကတော့ ခရစ္စတယ်ပဲလေ့စ်ရဲ့ ဗဟိုခံစစ် ကစားသမား မာ့ခ်ဂူဟီကို ခေါ်ယူမယ် ဆိုတဲ့ သတင်းတွေကို ငြင်းဆန်ခဲ့ပြီး လက်ရှိမှာ ဘာစီလိုနာက ရော်နယ် အာရူဟိုကို ကမ်းလှမ်းဖို့ စီစဉ်လျက် ရှိကြောင်း Fichajes က ဖော်ပြပါတယ်။ ကြိုးကြာနီ တို့ဟာ ဥရုဂွေး ခံစစ်မှူး အတွက် ယူရို သန်း ၆၀ (ပေါင် ၅၂ သန်း) နဲ့ ကမ်းလှမ်းဖို့ အဆင်သင့် ရှိနေကြောင်းလည်း သိရပါတယ်။

ဖီနာဘာချီ ကတော့ အာဆင်နယ် ဘယ်နောက်ခံလူ အိုလက်ခ်ဆန်ဒါ ဇင်ချန်ကို အတွက် ကမ်းလှမ်းမှု တစ်ခု တင်သွင်းခဲ့ကြောင်း Sercan Hamzaoğlu က ရေးသား ဖော်ပြပါတယ်။ ဒီကစားသမား အတွက် အာဆင်နယ်ရဲ့ တောင်းဆိုဈေး ကတော့ ယူရို ၁၅ သန်း (ပေါင် ၁၃ သန်း) ရှိနေပါတယ်။

ဒါကြောင့် စပါးရဲ့ ပရီးမီးယားလိဂ် ပြိုင်ဘက် အာဆင်နယ် အနေနဲ့ အင်္ဂလန်သားကို လက်ဦးမှု ရယူကာ ခေါ်ယူဖို့ ကြိုးပမ်းနေရပြီလည်း ဖြစ်ပါတယ်။
အီးဇီးကို တော့တင်ဟမ်ထက် အရင် စိတ်ဝင်စားခဲ့တဲ့ အာဆင်နယ်

တော့တင်ဟမ်ဟော့စပါး ကတော့ ခရစ္စတယ်ပဲလေ့စ် ကွင်းလယ် တိုက်စစ် ကစားသမား အီဘာရီချီ အီးဇီးကို ဦးစားပေး ပစ်မှတ် အဖြစ် သတ်မှတ်ခဲ့ကြောင်း ဆဘက်ရှန် ဗီဒယ်က ဖော်ပြပါတယ်။ ဒါကြောင့် စပါးရဲ့ ပရီးမီးယားလိဂ် ပြိုင်ဘက် အာဆင်နယ် အနေနဲ့ အင်္ဂလန်သားကို လက်ဦးမှု ရယူကာ ခေါ်ယူဖို့ ကြိုးပမ်းနေရပြီလည်း ဖြစ်ပါတယ်။

ဝက်စ်ဟမ်းနဲ့ လိုင်လီ တို့အကြား အသက် ၂၀ အရွယ် ကွင်းလယ်လူ ဂါလေ မူကာအို အတွက် ဆွေးနွေးမှုတွေ ပြုလုပ်လျက် ရှိကြောင်း Sky Sports Switzerland က ဖော်ပြခဲ့ပါတယ်။ ပြောင်းရွှေ့ကြေး သဘောတူညီချက် ကတော့ ယူရို သန်း ၂၀ (ပေါင် ၁၇.၃ သန်း) ရှိမယ်လို့ သိရပါတယ်။

မန်စီးတီး တောင်ပံကစားသမား ဂျက် ဂရီးလစ်ရှ် ကတော့ အဲဗာတန်မှာ တစ်ရာသီ အငှားနဲ့ သွားကစားတော့မယ်လို့ သိရပါတယ်။ အသက် ၂၉ နှစ် အရွယ် ဂရီးလစ်ရှ်ဟာ မန်စီးတီးမှာ နေရာ ပျောက်ဆုံးနေပြီး ဖီဖာ ကလပ် ကမ္ဘာ့ဖလား ပြိုင်ပွဲဝင် အသင်းရဲ့ လူစာရင်းမှာတောင် မပါဝင်ခဲ့ပါဘူး။ လက်ရှိမှာ ကလပ် နှစ်သင်း အကြား အပြောင်းအရွှေ့ အတွက် သဘောတူညီမှု ရရှိခဲ့ပြီး မကြာခင်မှာ ဆေးစစ်မှုခံယူတော့မယ်လို့ BBC Sport က ဖော်ပြပါတယ်။

ခရစ္စတယ်ပဲလေ့စ် ဥက္ကဋ္ဌ စတိဗ် ပါရစ်ရှ်က အသင်းခေါင်းဆောင် မာ့ခ် ဂူဟီကို ဒီနွေရာသီမှာ ရောင်းချဖွယ် ရှိကြောင်း ပြောကြားခဲ့ပါတယ်။ ပဲလေ့စ် အနေနဲ့ ဂူဟီကို အခု ၂၀၂၅-၂၀၂၆ ရာသီအကုန်မှာ ပြောင်းရွှေ့ကြေး အလွတ်နဲ့ လက်လွှတ်ရမှာကို မလိုလားတာကြောင့် ဒီနွေရာသီမှာပဲ ရောင်းထုတ်ဖို့ စီစဉ်နေတာ ဖြစ်ပါတယ်။

ချဲလ်ဆီး နည်းပြ အန်ဇို မာရက်စကာ ကတော့ ခံစစ် ကစားသမား နှစ်ဦး ဖြစ်တဲ့ ဖိုဖာနာနဲ့ ချာလိုဘာ့ တို့ဟာ ပရီးမီးယားလိဂ် အဖွင့် ပွဲစဉ်မှာ ကစားနိုင်လိမ့်မယ်လို့ အတည်ပြုလိုက်ပါတယ်။ ပြင်သစ်နောက်ခံလူ ဖိုဖာနာဟာ ပြီးခဲ့တဲ့ မတ်လကတည်းက တံကောက်ကြော ဒဏ်ရာကြောင့် အနားယူနေခဲ့ရပေမယ့် လက်ရှ်မှာတော့ အသင်းနဲ့ အတူ လေ့ကျင့်မှုတွေ ပြုလုပ်နေပြီ ဖြစ်ပါတယ်။လိုင်ယွန်ရဲ့ ပြင်သစ် နောက်ခံလူ ဒီယာကီတီဟာ ဘုန်းမောက်ကို ပြောင်းရွှေ့ဖို့ သဘောတူညီမှု ရရှိခဲ့ပြီ ဖြစ်ကြောင်း သိရပါတယ်။ ဘုန်းမောက်ဟာ ဒီနှစ် နွေရာသီအပြောင်းအရွှေ့မှာ နောက်ခံလူတွေ ဖြစ်တဲ့ ဒင်းန် ဟောက်ဆန်နဲ့ မီလော့စ် ကာကက်ဇ် တို့ကို ရောင်းထုတ်ထားသလို၊ ဇာဘာညီ ကိုလည်း ပီအက်စ်ဂျီထံ ရောင်းထုတ်ဖို့ နီးစပ်နေတာကြောင့် ဒီယာကီတီကို ပြန်လည် ခေါ်ယူဖို့ စီစဉ်နေခြင်း ဖြစ်ကြောင်း သိရပါတယ်။

   

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်