နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

ဂါနာချိုနဲ့ ဂျက်ဆန်ကို တိုက်ရိုက် အလဲအလှယ်လုပ်ချင်နေတဲ့ မန်ချက်စတာယူနိုက်တက် | ပရီးမီးယားလိဂ်

ပရီးမီးယားလိဂ် ကလပ် မန်ချက်စတာယူနိုက်တက် ကတော့ နီကိုးလက်စ် ဂျက်ဆန်ကို အသင်းရဲ့ တောင်ပံ တိုက်စစ် ကြယ်ပွင့် အလက်ဟန်ဒရို ဂါနာချိုနဲ့ အလဲအထပ် လုပ်ဖို့ ဆန္ဒရှိနေကြောင်း သိရပါတယ်။ ချဲလ်ဆီးဟာ ဂါနာချိုကို ပြီးခဲ့တဲ့ ဇန်နဝါရီ အပြောင်းအရွှေ့စျေးကွက်တုန်းက ခေါ်ယူဖို့ စိတ်ဝင်စားတာကြောင့် ချိတ်ဆက်ခဲ့ပေမယ့် မန်ချက်စတာယူနိုက်တက် ဘက်ကတော့ ပယ်ချခဲ့ဖူးပါတယ်။

အသက် ၂၁ နှစ် အရွယ် အာဂျင်တီးနား တိုက်စစ် ကစားသမား ဂါနာချို ကတော့ နည်းပြ ဖြစ်သူ ရူဘင် အမော်ရင်နဲ့ အဆင်မပြေတာကြောင့် ဒီနွေရာသီမှာ အသင်း ကနေ ထွက်ခွာဖို့ စီစဉ်နေသူပါ။ တစ်ဖက်မှာလည်း နီကိုးလက်စ် ဂျက်ဆန် ကတော့ အသင်းကို တိုက်စစ် ကစားသမားသစ်တွေ ရောက်ရှိလာခြင်းနဲ့ အတူ အနာဂတ် မသေချာ ဖြစ်လာပြီး အသင်း ကနေ ထွက်ခွာဖို့ စဉ်းစားနေသူ ဖြစ်ပါတယ်။

iNews ရဲ့ ဖော်ပြချက်အရ မန်ချက်စတာယူနိုက်တက်ဟာ လက်ရှိမှာ ချဲလ်ဆီး တိုက်စစ်မှူး နီကိုးလက်စ် ဂျက်ဆန်ကို ခေါ်ယူလိုနေပြီး သူ့ကို ဂါနာချိုနဲ့ တိုက်ရိုက် အလဲအလှယ် ပြုလုပ်ဖို့ ဆန္ဒရှိနေကြောင်း သိရပါတယ်။ ဂျက်ဆန် ကတော့ အသက် ၂၄ နှစ် အရွယ် ရှိပြီ ဖြစ်ပြီး ပြီးခဲ့တဲ့ ၂ ရာသီ အတွင်း ၂၄ ဂိုးသွင်းကာ ချဲလ်ဆီးရဲ့ အဓိက တိုက်စစ်မှူး ဖြစ်ခဲ့ပေမယ့် အခုနွေသီမှာတော့ လီယမ် ဒီလက်ပ်နဲ့ ယာအို ပက်ဒရိုနဲ့ ဂျေမီ ဂစ်တန်စ်တို့ ရောက်ရှိလာတာကြောင့် အသင်း ကနေ ထွက်ခွာဖွယ် ရှိလာသူပါ။ ယူနိုက်တက် ကတော့ အသင်းရဲ့ ဂိုးသွင်း အားနည်းမှု ပြဿနာတွေကို ဖြေရှင်းဖို့ အတွက် ဂျက်ဆန်ကို သူတိုရဲ့ တိုက်စစ်ပိုင်း အတွက် ဖြစ်နိုင်ခြေရှိတဲ့ ကစားသမား အဖြစ် ရှုမြင်ထားတာ ဖြစ်ပါတယ်။ 

ဒါကြောင့် ပရီးမီးယားလိဂ်ရဲ့ အမြတ်အစွန်းနဲ့ ရေရှည်တည်တံ့မှုဆိုင်ရာ စည်းမျဉ်းများ (PSR) စည်းမျဉ်းနဲ့ အညီ ရောင်းချမှုတွေ ပြုလုပ်ဖို့ ဦးစားပေး စဉ်းစားနေကြရပါတယ်။
ယူနိုက်တက်မှာ သီးသန့်လေ့ကျင့်နေရတဲ့ ဂါနာချို

အစောပိုင်း သတင်းတွေအရ ဆိုရင် ချဲလ်ဆီး ကတော့ သူတို့ရဲ့ တိုက်စစ်မှူး အတွက် သန်း ၁၀၀ လိုချင်ကြောင်း တုန့်ပြန်ထားပါတယ်။ လက်ရှိမှာတော့ ချဲလ်ဆီးက နီကိုးလက်စ် ဂျက်ဆန် အတွက် ထိုက်တန်တဲ့ ကမ်းလှမ်းမှုတွေ ရောက်ရှိလာရင်တော့ ရောင်းထုတ်ဖို့ စဉ်းစားနေပြီး မန်ချက်စတာယူနိုက်တက်၊ အက်စတွန်ဗီလာနဲ့ အေစီမီလန် တို့က အပြိုင်အဆိုင် စိတ်ဝင်စားနေတာ ဖြစ်ပါတယ်။ တကယ်တော့ ယူနိုက်တက်နဲ့ ချဲလ်ဆီး နှစ်သင်းစလုံးဟာ သူတို့ရဲ့ ကစားသမား အင်အားကို ပြန်လည် ဖြည့်တင်းဖို့ ငွေကြေး ချိန်ခွင်လျှာကို ညှိဖို့ လိုအပ်နေကြတာပါ။ ဒါကြောင့် ပရီးမီးယားလိဂ်ရဲ့ အမြတ်အစွန်းနဲ့ ရေရှည်တည်တံ့မှုဆိုင်ရာ စည်းမျဉ်းများ (PSR) စည်းမျဉ်းနဲ့ အညီ ရောင်းချမှုတွေ ပြုလုပ်ဖို့ ဦးစားပေး စဉ်းစားနေကြရပါတယ်။ 

ဂါနာချို ကတော့ ဒီနွေရာသီမှာ ယူနိုက်တက် ကနေ ထွက်ခွာလိုကြောင်း တောင်းဆိုထားပေမယ့် တစ်ဖက် မှာလည်း ပရီးမီးယားလိဂ် မှာသာ ဆက်ကစားလိုနေသူ ဖြစ်ပါတယ်။ သူဟာ လက်တလောမှာ ဂျေဒန် ဆန်ချို၊ မားကပ်စ် ရက်ရှ်ဖို့ဒ်၊ အန်တိုနီနဲ့ တိုင်ရဲလ် မလာစီယာ တို့လို ပထမအသင်းနဲ့ ခွဲကာ လေ့ကျင့်ခန်းဆင်းနေရပါတယ်။ 

မန်ချက်စတာယူနိုက်တက် အနေနဲ့ စစ်မှန်တဲ့ အကျိုးအမြတ် ဖြစ်တဲ့ အကယ်ဒမီထွက် ကစားသမား ဂါနာချိုကို ရောင်းချခြင်း ကနေ သိသိသာသာ အမြတ်ငွေ ရရှိနိုင်မှာ ဖြစ်ပါတယ်။ ဒါပေမယ့်လည်း သူ့ရဲ့ ပေါင် သန်း ၆၀ ဆိုတဲ့ တန်ကြေးက စိတ်ဝင်စားတဲ့ ကလပ်တွေကို စိတ်ဝင်စားမှု လျော့နေစေပြီး ယူနိုက်တက် ကတော့ သူတို့ရဲ့ လိုချင်တဲ့ ပြောင်းရွှေ့ကြေးကို ပေါင် သန်း ၅၀ ဝန်းကျင် အထိ လျှော့ချသွားဖို့တော့ စဉ်းစားထားကြောင်း သိရပါတယ်။ ချဲလ်ဆီး ကလည်း ဂျက်ဆန်ကို အစောပိုင်းမှာ ပေါင်သန်း ၁၀၀ ရမှ ရောင်းမယ်လို့ ဆိုထားပေမယ့် ကစားသမားရဲ့ လက်ရှိ စွမ်းဆောင်ရည် အပေါ် မူတည်နေတဲ့ တန်ကြေးအရ ပေါင် သန်း ၅၀ ဝန်းကျင်လောက် အထိ လျှော့ချပေးသွားရဖွယ် ရှိနေပါတယ်။ ဒါကြောင့် ယူနိုက်တက်က ကစားသမားချင်း ဒဲ့အလဲအလှယ် လုပ်ဖို့ စီစဉ်နေတာလည်း ဖြစ်ပါတယ်။

   

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်