နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

ယူနိုက်တက် ကစားသမားတွေ အနေနဲ့ ရလဒ်ဆိုးတွေ အတွက် တာဝန်ယူဖို့ လိုအပ်မယ်လို့ တိုက်တွန်းလိုက်တဲ့ အမ်ဘူမို | ပရီးမီးယားလိဂ်

မန်ချက်စတာယူနိုက်တက် တိုက်စစ် ကစားသမား ဘရိုင်ယန် အမ်ဘူမို ကတော့ ရလဒ်ဆိုးတွေ အတွက် တာဝန်ယူပြီး ဆန်းဒါးလန်းနဲ့ ပွဲမှာ အကောင်းဆုံး ပြန်လာကြဖို့ အတွက် အသင်းဖော်တွေကို တိုက်တွန်းလိုက်ပါတယ်။ ယူနိုက်တက်ဟာ ဒီရာသီ ပရီးမီးယားလိဂ်မှာ ရှုံးပွဲ ၃ ပွဲအထိ ရှိထားပြီး အမှတ်ပေးဇယား အဆင့် ၁၄ နေရာကို စောစောစီးစီး ရောက်ရှိနေခဲ့တာ ဖြစ်ပါတယ်။

ယူနိုက်တက်ဟာ ပရီးမီးယားလိဂ်မှာ အဝေးကွင်း နောက်ဆုံး ၂ ပွဲဆက် ရှုံးထားပြီး အိမ်ကွင်း မှာတော့ ၂ ပွဲဆက် အနိုင်ရရှိထားပါတယ်။ ယူနိုက်တက်က အခုလာမယ့် ပွဲမှာတော့ ဆန်းဒါးလန်းကို အိုးထရက်ဖို့ဒ်မှာ ဧည့်ခံရင်ဆိုင်ရမှာ ဖြစ်ပြီး အိုးထရက်ဖို့ဒ်မှာ ၃ ပွဲဆက် ရလဒ်ကောင်းနိုင်မလား ဆိုတာ စောင့်ကြည့်ရမှာ ဖြစ်ပါတယ်။ ဒါပေမယ့်လည်း ဆန်းဒါးလန်းက ဒီနှစ်မှ ပရီးမီးယားလိဂ်ကို တန်းပြန်တက်လာပေမယ့် သူတို့ရဲ့ အကောင်းဆုံး စုဖွဲ့မှုနဲ့ ပြင်းထန်တဲ့ စိတ်ဓာတ်ကို ပြသထားတာကြောင့် ရူဘင် အမော်ရင် တစ်ယောက် သူ့ရဲ့ ယူနိုက်တက်နဲ့ ပွဲ ၅၀ ပြည့် ကတော့ လွယ်ကူဖို့ မရှိပါဘူး။

ဒီအချိန်မှာ ယူနိုက်တက် တောင်ပံ တိုက်စစ် ကစားသမား အမ်ဘူမိုက အသင်းဖော်တွေကို အခုလိုပဲ တိုက်တွန်း စကားဆိုခဲ့တာ ဖြစ်ပါတယ်။ အမ်ဘူမိုက Sky Sports နဲ့ အင်တာဗျူးမှာ “အသင်းမှာ ရှိတဲ့ လူတိုင်းက တာဝန်ယူဖို့ လိုမယ် ထင်ပါတယ်။ ဒီလောက် ကြီးကျယ်တဲ့ ကလပ် တစ်ခုမှာ ကစားတဲ့ အခါ လူတိုင်းက ဘာလုပ်ရမယ်ဆိုတာ သိဖို့ လိုအပ်ပါတယ်။ အသင်း တစ်သင်း အနေနဲ့ ကျွန်တော်တို့ အခုထက် ပိုကောင်းအောင် လုပ်နိုင်ဖို့ လိုပါတယ်။”

ဆန်းဒါးလန်း ကတော့ လက်ရှိ ပရီးမီးယားလိဂ် အမှတ်ပေးဇယား အဆင့် ၅ နေရာမှာ ရှိနေပြီး ပြိုင်ပွဲစုံ နောက်ဆုံး ၄ ပွဲဆက် ရှုံးပွဲ မရှိသေးပါဘူး။
ပရီးမီးယားလိဂ် အမှတ်ပေးဇယား အဆင့် ၁၄ နေရာမှာ ရှိနေတဲ့ မန်ချက်စတာယူနိုက်တက်

“တစ်ခုတည်းသော အာရုံစိုက်ရမယ့် အရာက ကျွန်တော်တို့ ကိုယ် ကျွန်တော်တို့ပါပဲ။ ကျွန်တော် တို့ဟာ အတွင်းပိုင်းမှာ ဘာဖြစ်နေလဲ ဆိုတာ နားထောင်ဖို့ ကြိုးစားရပါမယ်။ ဆူညံသံတွေကို ပိတ်ဆို့ဖို့က သိပ်ခက်တာတော့ မဟုတ်ဘူး။ ရှင်းရှင်းပြောရရင် ကျွန်တော်တို့ မြင်နေရတဲ့ အဓိက အကြောင်းအရာတွေက ဆိုရှယ်မီဒီယာတွေက လာတာပါ။ ဒါကြောင့် အဲဒါတွေကို သိပ်ပြီး မတွေးပဲ ကျွန်တော်တို့ ကိုယ့်ကိုယ်ကို အာရုံစိုက်နေရပါမယ်။” လို့ အမ်ဘူမိုက ဆိုရပါတယ်။

ဆန်းဒါးလန်း ကတော့ လက်ရှိ ပရီးမီးယားလိဂ် အမှတ်ပေးဇယား အဆင့် ၅ နေရာမှာ ရှိနေပြီး ပြိုင်ပွဲစုံ နောက်ဆုံး ၄ ပွဲဆက် ရှုံးပွဲ မရှိသေးပါဘူး။ အဖွင့် ၆ ပွဲ ကနေ ၁၁ မှတ် အထိ စုဆောင်းထားနိုင်ခြင်းက တန်းတက် ကလပ်တွေထဲမှာ ၂၀၁၂-၂၀၁၃ ဘောလုံး ရာသီက ဝက်စ်ဟမ်း နောက်ပိုင်း ဆန်းဒါးလန်းက ပထမဦးဆုံး အကြိမ်လည်း ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ စနေနေ့က နော့တင်ဟမ်ဖောရက်စ်ကို အနိုင်ရရှိကာ ဒီရာသီ အတွက် ပထမဦးဆုံး အဝေးကွင်း နိုင်ပွဲ ရရှိခဲ့ပြီးနောက် ဆန်းဒါးလန်း နည်းပြ ရီဂစ် လီဘရစ် ကတော့ သူတို့ရဲ့ မန်ချက်စတာခရီးစဉ်မှာ ပုံစံကောင်း တစ်ခုကို ဆက်လက် ထိန်းသိမ်းထားနိုင်ဖို့ စိတ်အားထက်သန်လျက် ရှိနေပါတယ်။

လီဘရစ်က “ဒါဟာ လိဂ်မှာ ကျွန်တော် တို့ရဲ့ ပထမဦးဆုံး အဝေးကွင်း နိုင်ပွဲပါ။ ကျွန်တော်တို့ ကြိုးကြိုးစားစား လုပ်ဆောင်ခဲ့တဲ့ အတွက် ကျွန်တော် တကယ်ကို ဂုဏ်ယူမိပါတယ်။ ကစားသမားတွေက တစ်ဦးနဲ့ တစ်ဦး ချိတ်ဆက်မှု ကောင်းကြတယ်။ သူတို့ဟာ အလုပ်လည်း ကြိုးစားတယ်။ ပြီးတော့ ကျွန်တော် တို့မှာ ဂိုးသမားကောင်းလည်း ရှိတယ်။”

“ဂရန်းနစ် ချာကာလို အသင်းခေါင်းဆောင်ကို လိုအပ်တယ်။ ဘာကြောင့်လဲ ဆိုတော့ သူက ကျွန်တော် တို့ကို အများကြီး အကျိုးပြုပါတယ်။ သူက အသင်းရဲ့ ရစ်သမ်ကို ထိန်းချုပ်နိုင်ပြီး ပွဲကို အနာဂတ် နည်းပြ တစ်ယောက်လို နားလည်ပါတယ်။ ပွဲပုံစံကို အချိန်နဲ့ တပြေးညီ ဘယ်လို စီမံခန့်ခွဲရမယ် ဆိုတာ သိပါတယ်။” လို့ ပြောကြားသွားခဲ့ပါတယ်။

   

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်