နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

မိန်းနူး ခြေစွမ်းပြနိုင်အောင် ဘယ်လို ကူညီခဲ့သလဲ ဆိုတာ ဖွင့်ဟလာတဲ့ မိုက်ကယ် ကာရစ်ခ် | ပရီးမီးယားလိဂ်

အင်္ဂလန် ကွင်းလယ် ကြယ်ပွင့်လေး ကိုဘီ မိန်းနူး ကတော့ အခုဆိုရင် ပရီးမီးယားလိဂ် ကလပ် မန်ချက်စတာယူနိုက်တက်မှာ ခြေစွမ်း ပြန်လည် ပြသနေပြီလည်း ဖြစ်ပါတယ်။ ဒါကြောင့် ယာယီ နည်းပြ မိုက်ကယ် ကာရစ်ခ်က မိန်းနူး ခြေစွမ်းကောင်းတွေ ပြန်ရဖို့ သူဘယ်လိုမျိုး ပံ့ပိုးကူညီပေးခဲ့သလဲ ဆိုတာကို ရှင်းလင်း ပြောကြားလာခဲ့ပါတယ်။

 

မိန်းနူး ခြေစွမ်းပြလာမှု အပေါ် ကာရစ်ခ်ရဲ့ အခန်းကဏ္ဍ

မိုက်ကယ် ကာရစ်ခ် ကတော့ မိန်းနူးကို ပုံစံကောင်းပြန်ရအောင် အထူးတလည် လေ့ကျင့်ပေးနေစရာ မလိုဘဲ သူ့ရဲ့ ပင်ကိုယ်ပါရမီကပဲ အသင်းမှာ ပြန်လည်အသားကျစေဖို့ လုံလောက်ခဲ့ကြောင်း၊ သူ့အနေနဲ့ “လမ်းညွှန်ချက် အနည်းငယ်” သာ ပေးခဲ့ရကြောင်း အခိုင်အမာ ပြောကြားခဲ့ပါတယ်။

မိန်းနူးဟာ ကာရစ်ခ် လက်ထက် ပရီးမီးယားလိဂ် ပွဲစဉ် ၅ ပွဲစလုံးမှာ ပွဲထွက်ကစားခွင့် ရရှိထားပါတယ်။ နည်းပြဟောင်း ရူဘင် အမော်ရင် လက်ထက် မှာတော့ ၂၀၂၅ ခုနှစ်၊ မေလ ကတည်းက သူဟာ လိဂ်ပွဲစဉ်တွေမှာ ပွဲထွက်ခွင့် ပျောက်ဆုံးနေခဲ့တာပါ။ အမော်ရင်က အင်္ဂလန် ပရိသတ်တွေဟာ မိန်းနူးကို အမွှန်းတင်လွန်းတယ်လို့ စွပ်စွဲခဲ့ပေမယ့် ကာရစ်ခ် ကတော့ အသက် ၂၀ အရွယ် ဒီလူငယ်လေး အပေါ် စိတ်လှုပ်ရှားမိတာဟာ အကြောင်းမဲ့ မဟုတ်ဘူးလို့ ယုံကြည်နေပါတယ်။

 “ကျွန်တော် ကိုဘီကို သိနေတာ ကြာပါပြီ။ ကျွန်တော် နည်းပြ လိုင်စင် စယူနေတဲ့ လွန်ခဲ့တဲ့ နှစ်အနည်းငယ်၊ သူ အသက် ၁၃၊ ၁၄ နှစ်လောက် ကတည်းက သူ့ကို လေ့ကျင့်ပေးခဲ့ဖူးတာပါ။ အဲ့ဒီနောက် ကျွန်တော် ယူနိုက်တက်မှာ ပထမတစ်ခေါက် ရှိနေတုန်းကလည်း သူက အသင်းနားမှာ ရှိနေခဲ့တာပဲ။ ဒါကြောင့် သူ့အကြောင်းကို ကောင်းကောင်း သိတယ်။ အတွေ့အကြုံ ရှိတယ်။ ပြီးတော့ ပွဲကြီး ပွဲကောင်းတွေမှာ သူ ဘယ်လောက် အထိ စွမ်းဆောင်နိုင်သလဲ ဆိုတာ ကိုလည်း မြင်ဖူးပါတယ်။” လို့ ကာရစ်ခ်က BBC Sport ကို ပြောကြားခဲ့ပါတယ်။

“ကိုဘီက ဒီလောက် ငယ်ငယ်ရွယ်ရွယ်နဲ့ လုပ်ပြခဲ့တာတွေက တကယ့်ကို အံ့မခန်းပါပဲ။ သူ ဘယ်လောက်ထိ ငယ်သေးသလဲ ဆိုတာကို ကျွန်တော်တို့ မေ့နေတတ်ကြတယ်။ ကျွန်တော် ကတော့ သူ့ရဲ့ ကစားပုံကို ကြည့်ရတာ သဘောကျသလို သူ ဘာတွေ လုပ်နိုင်သလဲ ဆိုတာ သိတဲ့ အတွက် သူ့ကို ပွဲထုတ်ဖို့က ခက်ခဲတဲ့ ဆုံးဖြတ်ချက် မဟုတ်ခဲ့ပါဘူး။ တကယ်တော့ ပွဲကစားခွင့် အကြာကြီး ပျောက်ဆုံးနေတဲ့သူ တစ်ယောက် အတွက် ကိုယ့်ရဲ့ အရှိန်အဟုန်နဲ့ ပုံစံကောင်းကို ပြန်ရှာဖို့ ဆိုတာ မလွယ်ကူတဲ့ ကိစ္စပါ။” လို့ ကာရစ်ခ်က ဆိုပါတယ်။

 

အမော်ရင် ငြင်းပယ်ခဲ့တဲ့ ယုံကြည်မှုကို ကာရစ် ပြန်လည် ပေးအပ်ခြင်း

အမော်ရင် ကတော့ “ကျွန်တော်က နိုင်ပဲချင်တာ။ ဘယ်သူလဲ ဆိုတာကို ကျွန်တော် ဂရုမစိုက်ဘူး။ အကောင်းဆုံး ကစားသမားတွေ ကိုပဲ ကွင်းထဲ ထည့်မှာပဲ။” လို့ ယူနိုက်တက်မှာ ရှိစဉ်က ပြောခဲ့ဖူးပါတယ်။ အမော်ရင်က မိန်းနူးဟာ အသင်းကို အနိုင်ရအောင် ကူညီပေးနိုင်မယ်လို့ သူခံစားရရင် ထည့်ကစားမှာပါလို့လည်း အကြိမ်ကြိမ် ပြောခဲ့ပေမယ့် လက်တွေ့ မှာတော့ ထည့်ကစားဖို့ ခဲယဉ်းခဲ့ပါတယ်။

အမော်ရင်ရဲ့ ၃-၄-၂-၁ ကစားကွက်ကြောင့် မိန်းနူးဟာ အသင်းခေါင်းဆောင် ဘရူနို ဖာနန်ဒက်စ်နဲ့ နေရာလု ရမယ့် အခြေအနေ ဖြစ်နေခဲ့ပါတယ်။ ဒီပြိုင်ပွဲမှာ မိန်းနူး အတွက် အနိုင်ရနိုင်ခြေ မရှိခဲ့သလို အမော်ရင် ကလည်း ကစားကွက်ကို မပြောင်းလဲချင်တာကြောင့် မိန်းနူးဟာ အရန်ခုံမှာပဲ အချိန်ကုန်ခဲ့ရပါတယ်။

 

ရူဘင် အမော်ရင် လက်ထက် ကိုဘီ မိန်းနူးရဲ့ မှတ်တမ်းများ

  • ပွဲ – ၄၀ 
  • လူစာရင်း ပါဝင်မှု – ၁၆ ကြိမ်
  • ကစားခဲ့တဲ့ မိနစ် – ၁,၇၄၇ မိနစ်
  • ဂိုး – ၂ ဂိုး
  • ဂိုးဖန်တီးမှု – ၂ ကြိမ်

ကာရစ်ခ် ရောက်လာတဲ့ အခါ မှာတော့ ပရီးမီးယားလိဂ် ကလပ်ရဲ့ အဓိက အပြောင်းအလဲက နည်းဗျူဟာပိုင်း ဖြစ်ပါတယ်။ နောက်တန်း ၃ ယောက်တန်း စနစ်ကို ဖျက်သိမ်းပြီး ၄-၂-၃-၁ စနစ်ကို ပြောင်းလဲခဲ့တာကြောင့် ဘရူနိုက အရှေ့ကို ပိုတိုးသွားနိုင်သလို၊ ကွင်းလယ် အထိုင်မှာ မိန်းနူး အတွက် နေရာလွတ် တစ်ခု ပေါ်ထွက်လာခဲ့ပါတယ်။ မိန်းနူးဟာ နည်းပြ အဲရစ်ခ် တန်ဟက်ဂ် လက်ထက်က ပြသခဲ့တဲ့ ပုံစံကောင်းမျိုး (တန်ဟက်ဂ် လက်ထက် ၄၄ ပွဲမှာ ၃၈ ပွဲ ပွဲထွက်ခဲ့) ကို ချက်ချင်း ပြန်ရလာခဲ့ပါတယ်။ ကာရစ်ခ် ကတော့ မိန်းနူးကို လောလောဆယ်မှာ နည်းပြပိုင်းထက် ကစားသမားရဲ့ ပုံမှန် ခြေစွမ်းပြန်ရဖို့ အာရုံစိုက်နေတယ်လို့ ဆိုပါတယ်။

ကာရစ်ခ် ရောက်လာတဲ့ အခါ မှာတော့ ပရီးမီးယားလိဂ် ကလပ်ရဲ့ အဓိက အပြောင်းအလဲက နည်းဗျူဟာပိုင်း ဖြစ်ပါတယ်။
မိန်းနူး အပေါ် ယုံကြည်မှု အပြည့်ရှိနေတဲ့ မိုက်ကယ် ကာရစ်ခ်

ဆက်လက်ပြီး ကာရစ်ခ်က “သူ့မှာ တိုးတက်လာရမယ့် အချက်တွေ ရှိပါသေးတယ်။ ဒါပေမယ့် အဲ့ဒါတွေကို ကျွန်တော်တို့ အသေးစိတ် မလုပ်ရသေးပါဘူး။ အခုလောလောဆယ် မှာတော့ သူ့ကို သူ့ရဲ့ ပင်ကိုယ် ကစားဟန်နဲ့ အရှိန်အဟုန် ပြန်ရလာအောင်ပဲ လွှတ်ထားပေးပါတယ်။ သူ့ကို ညွှန်ကြားချက်တွေ အများကြီး မပေးမိအောင် ကျွန်တော် သတိထားပါတယ်။ နေရာယူတာလေးတွေနဲ့ အချို့သော အချက်လေးတွေ ကိုပဲ ပြောပြပြီး ကျန်တာ ကိုတော့ သူ့ရဲ့ အရည်အချင်း အပေါ် မှာပဲ ယုံကြည်ထားပါတယ်။ သူက ထူးချွန်တဲ့ ကစားသမား တစ်ဦးပါ။” လို့ ကာရစ်က ဖြည့်စွက် ပြောကြားခဲ့ပါတယ်။

 

မိုက်ကယ် ကာရစ် လက်ထက် ကိုဘီ မိန်းနူးရဲ့ မှတ်တမ်းများ

  • ပွဲ – ၅ ပွဲ
  • လူစာရင်း ပါဝင်မှု – ၅ ကြိမ်
  • ကစားခဲ့တဲ့ မိနစ် – ၄၄၉ မိနစ်
  • ဂိုး – ၀ ဂိုး
  • ဂိုးဖန်တီးမှု – ၂ ကြိမ်

အခုက ကာရစ်ခ်ရဲ့ ခေတ်က အစောပိုင်းပဲ ရှိနေပါသေးတယ်။ ဒါပေမယ့် မိန်းနူးကတော့ ၅ ပွဲစလုံးမှာ မိနစ်ပြည့် ကစားပြီး သူ့ရဲ့ အရေးပါမှုကို သက်သေပြနေပါတယ်။ အခုဆိုရင် မိန်းနူး အနေနဲ့ လာမယ့် ရာသီမှာ အသင်းကို ဘယ်သူပဲ ဦးဆောင် ဦးဆောင် သူ့ရဲ့ နေရာကို ဆက်လက် ထိန်းသိမ်းထားနိုင်ဖို့ ကြိုးစားရမှာ ဖြစ်ပါတယ်။

နောက်ဆုံး မှာတော့ ကာရစ်ခ်က “အခုတော့ ကျွန်တော်က အသင်း အောင်မြင်ဖို့ အတွက် ဒီအလုပ်ကို လုပ်နေတာပါ။ ဒီနေရာမှာ ဘယ်လောက်ကြာကြာ နေရမလဲ ဆိုတာ ကျွန်တော် မဆုံးဖြတ်ပေမယ့် ဒီမှာ ရှိနေရတာကို မြတ်နိုးပါတယ်။ ကျွန်တော် ဒီမှာ ရှိနေသရွေ့ အသင်းရဲ့ ရေရှည် အကျိုးအတွက် အကောင်းဆုံး စီစဉ် ဆောင်ရွက်သွားမှာပါ။” လို့ ဖြည့်စွက် ပြောကြားခဲ့ပါတယ်။

   

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , X and အင်စတာဂရမ်

လိုက်ဖ်ချက်