အခုတစ်ခါမှာတော့ နိုဝင်ဘာလ ၂၄ ရက်နေ့ အတွက် ရရှိထားသမျှ ပရီးမီးယားလိဂ်ရဲ့ စိတ်ဝင်စားစရာ သတင်းတွေကို ဖော်ပြပေးသွားမှာ ဖြစ်ပါတယ်။
နူနို အက်စ်ပီရီတို ဆန်တိုရဲ့ ဝက်စ်ဟမ်း နည်းပြ ရာထူးက လက်ရှိ အချိန်ထိ စိတ်မချရသေးကြောင်း သတင်းတွေက ဖော်ပြပါတယ်။ ဝက်စ်ဟမ်းဟာ အခုတစ်ပတ် ပရီးမီးယားလိဂ်မှာ ဘုန်းမောက်ကို ၂ ဂိုးအသာနဲ့ ဦးဆောင်နိုင်ခဲ့ပြီးမှ ချေပဂိုးတွေ ပြန်ပေးခဲ့ရတာကြောင့် ရမှတ်တွေ ဆုံးရှုံးခဲ့ရပါတယ်။ နူနို ဆန်တိုဟာ ဝက်စ်ဟမ်းကို ၇ ပွဲ ကိုင်တွယ်ရာမှာ ၂ ပွဲနိုင်၊ ၂ ပွဲ သရေ၊ ၃ ပွဲ ရှုံး ရလဒ် ရရှိအောင် စွမ်းဆောင်ပေးထားပါတယ်။
လစ်ဗာပူးလ် အသင်း ပိုင်ရှင်တွေ ကတော့ သူတို့ရဲ့ နည်းပြ အာနေး ဆလော့တ် အပေါ် အပြည့်အဝ ယုံကြည်ထားဆဲ ဖြစ်ကြောင်း သိရပါတယ်။ ဒါပေမယ့်လည်း ပရီးမီးယားလိဂ် ကလပ်ရဲ့ တာဝန်ရှိသူတွေက ဆလော့တ်ကို ၂၀၂၅ ခုနှစ် ကုန် အထိပဲ စောင့်ကြည့်မှာ ဖြစ်ပြီး အခြေအနေ မတိုးတက်လာရင်တော့ ထုတ်ပယ်ဖို့ စီစဉ်ထားပါတယ်။
မန်ချက်စတာယူနိုက်တက် ကတော့ ဘရာဇီးလ် ကွင်းလယ်လူ ယာအို ဂိုးမက်စ် အတွက် ဇန်နဝါရီ အပြောင်းအရွှေ့မှာ ဝုလ်ဗာဟမ်တန်ဝမ်းဒါးရားစ်နှင့် အဆင့်မြင့် ဆွေးနွေးမှုတွေ ပြုလုပ်နေကြောင်း သိရပါတယ်။ ဒီကစားသမား အတွက် ယူရို ၅၀ သန်း (ပေါင် ၄၄ သန်း၊ ဒေါ်လာ ၅၇.၆ သန်း) အထိ ကုန်ကျနိုင်ကြောင်းလည်း သိရပါတယ်။
လစ်ဗာပူးလ်ရဲ့ ကံကြမ္မာကို ပြောင်းလဲဖို့ ဆလော့တ်ရဲ့ ကြိုးပမ်း ကတော့ ဆောင်းရာသီမှာ ငွေကြေးသုံးစွဲဖို့ ဖြစ်ကြောင်း သိရပါတယ်။ ကြိုးကြာနီတွေဟာ ပီအက်စ်ဂျီရဲ့ ကွင်းလယ်လူ ယာအို နီးဗက်စ် အတွက် ယူရို ၁၆၀ သန်း (ပေါင် ၁၄၀.၈ သန်း၊ ဒေါ်လာ ၁၈၄.၃ သန်း) အထိ သုံးစွဲသွားဖို့ ရှိနေကြောင်း သိရပါတယ်။
အာဆင်နယ် ကတော့ နော့တင်ဟမ်ဖောရက်စ်ရဲ့ ဗဟို ခံစစ်မှူး မူရီလိုကို အပြိုင်အဆိုင် ခေါ်ယူချင်နေတဲ့ အသင်းတွေထဲမှာ ပါဝင်လာကြောင်း သိရပါတယ်။ ဒီကစားသမား ကိုတော့ ပရီးမီးယားလိဂ် ကလပ် ချဲလ်ဆီးနဲ့ ဘာစီလိုနာ တို့က စောင့်ကြည့်နေကြပါတယ်။

ဂျေဒန် ဆန်ချို ကတော့ မန်ချက်စတာယူနိုက်တက် ကနေ အပြီးအပိုင် ထွက်ခွာပြီး ဒေါ့မန်ဆီ တတိယအကြိမ်မြောက် ပြောင်းရွှေ့လိုနေပါတယ်။ အက်စတွန်ဗီလာမှာ အငှားနဲ့ သွားရောက် ကစားနေတဲ့ ဆန်ချိုက ဂျာမန် ကလပ်ကို ပြောင်းရွှေ့ချင်ရင်တော့ သူ့ရဲ့ လုပ်ခလစာကို တစ်ဝက်လျှော့ချရဖို့ ရှိနေပါတယ်။
လစ်ဗာပူးလ် တိုက်စစ် ကစားသမား ဖက်ဒရစ်ကို ခီယေဇာ အတွက် ၄ ပွင့်ဆိုင် ကမ်းလှမ်းမှု တစ်ခု ဖြစ်ပေါ်လာဖို့ ရှိနေကြောင်း သိရပါတယ်။ လက်ရှိမှာ ဒီကစားသမားကို အင်တာနဲ့ အေစီ နှစ်သင်း အပြင် ရိုးမားနဲ့ နာပိုလီ တို့ကလည်း စိတ်ဝင်စားကြတယ်လို့ ယူဆရပါတယ်။
မန်ချက်စတာယူနိုက်တက် ကွင်းလယ်လူဟောင်း စကော့တ် မက်တော်မီနေး အနေနဲ့ ပရီးမီးယားလိဂ်ကို ပြန်လာ ဖြစ်ခဲ့ရင်တော့ အာဆင်နယ်ကို ပြောင်းရွှေ့ဖွယ် ရှိကြောင်း သတင်းတွေ ထွက်ပေါ်နေပါတယ်။
ရီးရဲလ်ဘက်တစ် ကတော့ စပိန် ဝါရင့် ကွင်းလယ် တိုက်စစ်ကစားသမား အစ္စကိုကို ၂၀၂၈ ခုနှစ် အထိ စာချုပ်သက်တမ်းတိုးလိုက်ကြောင်း ပရိသတ်တွေကို ထူးခြားစွာ အသိပေးခဲ့ပါတယ်။ ဘက်တစ်ဟာ တနင်္ဂနွေနေ့က ဂီရိုနာနဲ့ ယှဉ်ပြိုင်ကစားတဲ့ပွဲမှာ အစ္စကိုကို ၂၀၂၈ ခုနှစ်အထိ သက်တမ်းတိုးကြောင်း Tifo ဖန်တီးပြီး ပရိသတ်တွေကို အသိပေးခဲ့တာ ဖြစ်ပါတယ်။
●●●
နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS
အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်
ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.


