နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

အရင်လို ခြေစွမ်းအဆင့်အတန်းမျိုး ပြန်လည်ရရှိဖို့ မျှော်လင့်ထားတဲ့ ဖီးလ် ဖိုဒန် | ပရီးမီးယားလိဂ်

မန်ချက်စတာစီးတီး ကတော့ ပရီးမီးယားလိဂ် ပြန်လည် စတင်ချိန်မှာ ဖီးလ် ဖိုဒန် အနေနဲ့ ကီဗင် ဒီဘရွန်းနား ချန်ခဲ့သော ကွက်လပ်ကို ဖြည့်ဆည်းပေးနိုင်မယ်လို့ မျှော်လင့်ထားကြောင်း သိရပါတယ်။ ဖီးလ် ဖိုဒန် ကတော့ မန်စီးတီးမှာ သူ့ရဲ့ ယခင် ခြေစွမ်း အဆင့်အတန်းကို ပြန်လည် ရှာတွေ့ဖို့ စိတ်အားထက်သန်နေပေမယ့်လည်း ဒီဘရွန်းနားရဲ့ ပုံစံတူကို လိုက်လံတုပလိုခြင်း မရှိကြောင်းတော့ ပြောကြားထားခဲ့ပါတယ်။

ဘယ်လ်ဂျီယံ ကွင်းလယ် ဖန်တီးရှင် ကတော့ မန်စီးတီးမှာ ၁၀ နှစ် အကြာ ကစားခဲ့ပြီးနောက် ဒီနွေရာသီမှာ နာပိုလီကို အလွတ်ပြောင်းရွှေ့ကြေးနဲ့ ပြောင်းရွှေ့သွားခဲ့သူ ဖြစ်ပါတယ်။ ဒါကြောင့် ဖိုဒန် အနေနဲ့ ဒီဘရွန်းနား ချန်ခဲ့တဲ့ ကွက်လပ်ကို ဖြည့်ဆည်းပေးနိုင်မလား ဆိုပြီး စီးတီး ပရိသတ်တွေက မျှော်လင့်နေတာ ဖြစ်ပါတယ်။

ဖိုဒန်ဟာ ပြီးခဲ့တဲ့ ရာသီက ရုန်းကန်ခဲ့ရပြီး ပရီးမီးယားလိဂ် အပါအဝင် ပြိုင်ပွဲစုံ အရပ်ရပ်မှာ ၁၃ ဂိုးသာ သွင်းယူနိုင်ခဲ့သလို ဂိုးဖန်တီးမှု ၆ ကြိမ်သာ ပြုလုပ်နိုင်ခဲ့ပါတယ်။ အင်္ဂလန်သားဟာ ၂၀၂၃-၂၀၂၄ ဘောလုံး ရာသီမှာတော့ ပြိုင်ပွဲစုံမှာ ၂၇ ဂိုး သွင်းပြီး ဂိုးဖန်တီးမှု ၁၂ ကြိမ် အထိ ပြုလုပ်ကာ ခြေစွမ်းပြခဲ့ပေမယ့် နောက်ရာသီမှာတော့ ခြေစွမ်းသိသိသာသာ ကျဆင်းသွားခဲ့တာလည်း ဖြစ်ပါတယ်။

အသက် ၂၅ နှစ် အရွယ် ကစားသမားက ၂၀၂၅-၂၀၂၆ ဘောလုံးရာသီ မတိုင်ခင် သူ့ကိုယ်သူ ပြုပြင်ပြောင်းလဲမှုတွေ ပြုလုပ်ဖို့ ဆန္ဒရှိနေပြီး ဩဂုတ်လ ၁၆ ရက်နေ့မှာ ကစားမယ့် ဝုဗ်နဲ့ ပွဲစဉ် အတွက် အဆင်သင့် ဖြစ်နေဖို့ မျှော်လင့်နေပါတယ်။ ဒါနဲ့ ပတ်သတ်လို့ ဖိုဒန်က “ကျွန်တော့် အဆင့်ကို ပြန်သွားချင်ပါတယ်။ ဒါကလည်း ကျွန်တော် လေ့ကျင့်ရေးမှာ အလုပ်ကို သေချာလုပ်ပြီး ကိုယ့်ကိုကိုယ် ယုံကြည်မှု ရှိဖို့ပဲ လိုတာပါ။” လို့ ပြောကြားသွားခဲ့ပါတယ်။

ပရီးမီးယားလိဂ် ကလပ်ဟာ ဒီနွေရာသီမှာလည်း မှန်ကန် ကောင်းမွန်တဲ့ အပြောင်းအရွှေ့တွေ ပြုလုပ်ထားနိုင်ပါတယ်။
လာမယ့်ရာသီ ပုံမှန် ပွဲထွက်ခွင့် အတွက် တိုက်ပွဲဝင်ရဖို့ ရှိနေတဲ့ ဖီးလ် ဖိုဒန်

ဆက်လက်ပြီး “ပြီးခဲ့တဲ့ ရာသီအပြီးမှာ ကျွန်တော် တို့ဟာ အသင်း အတွက် အသင်း အတွက် ကစားသမားသစ်တွေ လိုအပ်တယ်လို့ ကျွန်တော် ထင်ပါတယ်။ ကစားသမားသစ်တွေ ရောက်ရှိလာမှုက တကယ်ကို ကောင်းမွန်ခဲ့ပါတယ်။ သူတို့က တကယ်ကို မြန်မြန်ဆန်ဆန်နဲ့ ရောက်ရှိလာခဲ့ကြပြီး ကျွန်တော် တို့ကို ကူညီပေးဖို့ ရောက်လာခဲ့ကြတာပါ။”

“ဖီဖာ ကမ္ဘာ့ဖလား ပြိုင်ပွဲ ကနေ သူတို့ရဲ့ အရည်အသွေးတွေကို အားလုံး မြင်တွေ့နိုင်ပြီး အသင်းကို သူတို့ ယူဆောင်လာတဲ့ အရာတွေကြောင့် ကျွန်တော် တို့မှာ ပိုပြီး အင်အားတောင့်တင်းတဲ့ အသင်း တစ်သင်း ရှိနေပြီလို့ ထင်ပါတယ်။ ကျွန်တော်က ရာသီသစ်ကို စောင့်မျှော်နေပြီး တကယ့်ကို နှစ်သက်စရာ ကောင်းတဲ့ ကစားသမားတွေနဲ့ တွဲဖက် ကစားချင်နေပါပြီ။” လို့ ဖိုဒန်က ပြောကြားခဲ့ပါသေးတယ်။

ပရီးမီးယားလိဂ် ကလပ်ဟာ ဒီနွေရာသီမှာလည်း မှန်ကန် ကောင်းမွန်တဲ့ အပြောင်းအရွှေ့တွေ ပြုလုပ်ထားနိုင်ပါတယ်။ မန်စီးတီးဟာ တီဂျန်နီ ရီအင်ဒါ၊ ရေယန် ချာကီ၊ ရေယန် အစ်နျူရီ တို့ အပြင် ဂိုးသမား ဂျိမ့်စ် ထရက်ဖို့ဒ် ကိုလည်း ခေါ်ယူ အားဖြည့်ထားနိုင်ပါတယ်။ ရေယန် ချာကီနဲ့ ရီအင်ဒါ တို့ကတော့ ပြီးခဲ့တဲ့ ရာသီ ခြေစွမ်းမပြနိုင်ခဲ့တဲ့ ဖီးလ် ဖိုဒန်ရဲ့ ပွဲထွက်ခွင့် အတွက် အဓိက ပြိုင်ဘက်တွေ ဖြစ်လာနိုင်ပါတယ်။ ဂွါဒီယိုလာ ကိုယ်တိုင် ကလည်း တိုက်စစ်မှူး အာလင်း ဟာလန်းကို ပံ့ပိုးပေးနိုင်တဲ့ ရီအင်ဒါနဲ့ ချာကီ တို့ကို ပိုမို သဘောကျနေတာကြောင့် ဖိုဒန် တစ်ယောက် အရင်လို ခြေစွမ်းမျိုး ပြန်လည် ရရှိဖို့ လိုအပ်နေပြီ ဖြစ်ပါတယ်။

အဲဒီနောက် ဖိုဒန်က “ဒီနှစ်မှာ မန်နေဂျာက ကျွန်တော့်ကို ဘယ်နေရာမှာ သုံးမလဲ ဆိုတာတော့ မသေချာသေးပါဘူး။ ကျွန်တော် ကတော့ မတူညီတဲ့ နေရာတွေမှာ ကစားနိုင်ပေမယ့် ကျွန်တော့်ရဲ့ အကြိုက်ဆုံး အနေအထားက အတွင်းကျကျ နေရာပါ။ ဒါကိုလည်း ကျွန်တော်တို့ အားလုံး သိပါတယ်။ ဘာတွေဖြစ်မလဲ ဆိုတာ ကြည့်ရအောင်ပါ။ ကက်ဗ်က သူဘယ်လောက်ကောင်းလဲ၊ ကလပ် အတွက် သူဘာတွေ လုပ်ပေးခဲ့တာလဲ ဆိုတာ ကျွန်တော်တို့ အားလုံးသိတဲ့ အတွက်ကြောင့် ကျွန်တော့် အနေနဲ့ သူ့ကို ပုံတူကူးဖို့ အစီအစဉ် မရှိပါဘူး။ ကျွန်တော် တစ်နှစ်တာ အကောင်းဆုံး ကစားသမားဆုရခဲ့တဲ့ အချိန်ကလို အကောင်းဆုံး ကြိုးစားပြီး ကျွန်တော် သတ်မှတ်ထားတဲ့ အဆင့်ကို ရောက်ဖို့ပဲ လိုအပ်ပါတယ်။ ကျွန်တော် အဲဒီ အချိန်တွေကို ပြန်သွားချင်ပါတယ်။” လို့ ပြောကြားခဲ့ပါတယ်။

   

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်