အခုတစ်ခါမှာတော့ အောက်တိုဘာလ ၁၀ ရက်နေ့ အတွက် ရရှိထားသမျှ ပရီးမီးယားလိဂ်ရဲ့ စိတ်ဝင်စားစရာ သတင်းတွေကို ဖော်ပြပေးသွားမှာ ဖြစ်ပါတယ်။
ရီးရဲလ်မက်ဒရစ် ကတော့ ဘရာဇီးလ် လက်ရွေးစင် ကစားသမား ဗင်နီးစီးယပ်စ် ဂျူနီယာကို စာချုပ်သက်တမ်း မတိုးနိုင်ခဲ့ဘူး ဆိုရင်တော့ မန်ချက်စတာစီးတီး တိုက်စစ်မှူး အာလင်း ဟာလန်းနဲ့ အစားထိုးဖို့ စဉ်းစားထားကြောင်း သိရပါတယ်။ ပရီးမီးယားလိဂ် ထိပ်တန်း တိုက်စစ်မှူးက ရီးရဲလ်မက်ဒရစ်ရဲ့ အိပ်မက် ပစ်မှတ် ဖြစ်သလို ဘာစီလိုနာရဲ့ စိတ်ဝင်စားခြင်း ခံနေရသူ ဖြစ်ပါတယ်။
မန်ချက်စတာယူနိုက်တက် ကတော့ ဂျူဗင်တပ်စ် တောင်ပံ ကစားသမား ကီနန် ယီလ်ဒစ်ဇ်ကို ယူရို သန်း ၉၀ (ပေါင် ၇၈.၃ သန်း) နဲ့ ကမ်းလှမ်းဖို့ အဆင်သင့် ဖြစ်နေကြောင်း Football Transfers က ဖော်ပြပါတယ်။ ယီလ်ဒစ်ဇ်ကို အာဆင်နယ် ကလည်း စိတ်ဝင်စားနေပြီး ဂန်းနားတွေ ကတော့ ယူရို သန်း ၅၀ (ပေါင် ၄၃.၄ သန်း၊ ဒေါ်လာ ၅၈ သန်း) + ဂါဘရီရယ် ဂျေဇုစ်နဲ့ အလိုက်ပေး ကမ်းလှမ်းဖို့ ဆန္ဒရှိနေကြောင်း TEAMtalk က ဖော်ပြပါတယ်။
အီဘရာဟီမာ ကိုနာတေးရဲ့ အနာဂတ် မသေချာမှုတွေကြောင့် လစ်ဗာပူးလ်ဟာ စပို့တင်းလစ္စဘွန်း ဗဟိုခံစစ် ကစားသမား အူစမန်နီ ဒီယိုမန်ဒီကို အစားထိုးဖို့ ဖြစ်နိုင်ချေ ရှိတဲ့သူ အဖြစ် သတ်မှတ်ခဲ့ကြောင်း Fichajes က ဖော်ပြပါတယ်။ ဒီယိုမန်ဒီ ကိုတော့ ပြီးခဲ့တဲ့ အပြောင်းအရွှေ့တွေမှာ ကတည်းက ပရီးမီးယားလိဂ် ထိပ်တန်း ကလပ်တွေက စိတ်ဝင်စားနေခဲ့တာ ဖြစ်ပါတယ်။

တော့တင်ဟမ်ဟော့စပါးရဲ့ ရှယ်ယာ အများစုကို ပိုင်ဆိုင်တဲ့ Lewis Family Trust ကတော့ ဘုန်းမောက် တိုက်စစ်မှူး အန်တိုနီယို ဆီမီညိုကို ခေါ်ယူဖို့ ပေါင် သန်း ၁၀၀ စိုက်ထုတ်သွားမယ်လို့ GIVEMESPORT က ဖော်ပြပါတယ်။
မန်ချက်စတာယူနိုက် ကတော့ အနာဂတ်မှာ အသင်း ကနေ ထွက်ခွာဖို့ အလားအလာ ရှိတဲ့ ဘရူနို ဖာနန်ဒက်စ် နေရာမှာ အစားထိုးဖို့ ကစားသမားသစ် ခေါ်ယူသွားမှာ မဟုတ်ပဲ ကိုဘီ မိန်းနူး ကိုသာ ပေါ်တူဂီသားရဲ့ နေရာကို ဆက်ခံစေဖို့ စီစဉ်ထားကြောင်း Football Insider က ဖော်ပြပါတယ်။
ခရစ္စတယ်ပဲလေ့စ် ကတော့ နီကို ပက်ဇ်ကို ခေါ်ယူဖို့ အတွက် အဒမ် ဝှာတန်ကို ရီးရဲလ်မက်ဒရစ်သို့ ပြောင်းရွှေ့ခွင့် ပေးမယ့် အလဲအလှယ် သဘောတူညီချက် တစ်ရပ်ကို အဆိုပြုဖို့ ပြင်ဆင်နေကြောင်း Defensa Central က ဖော်ပြပါတယ်။
ဝက်စ်ဟမ်း ကစားသမားဟောင်း မစ်ချယ် အန်တိုနီယို ကတော့ ဘရန့်ဖို့ဒ်နဲ့ လေ့ကျင့်ခန်းဆင်းနေပေမယ့်လည်း စာချုပ်ချုပ်ဆိုသွားဖွယ်တော့ မရှိကြောင်း Sky Sports က ဖော်ပြပါတယ်။
သြစတြီးယား လက်ရွေးစင် အသင်းရဲ့ တိုက်စစ်မှူး အာနူတိုဗစ်ဟာ မနေ့က ယှဉ်ပြိုင်ကစားခဲ့တဲ့ ဆန်မာရီနိုနဲ့ ကမ္ဘာ့ဖလား ခြေစစ်ပွဲမှာ တစ်ဦးတည်း ၄ ဂိုး သွင်းယူနိုင်ခဲ့တာကြောင့် သြစတြီးယားရဲ့ သမိုင်းတစ်လျှောက် ဂိုးသွင်း အများဆုံး ကစားသမား အဖြစ် မှတ်တမ်းဝင်ခဲ့ကြောင်း သိရပါတယ်။ အဲဒီပွဲမှာ သြစတြီးယားအသင်းက ဆန်မာရီနိုကို ၁၀-၀ နဲ့ အနိုင်ရရှိခဲ့တာ ဖြစ်ပြီး အာနူတိုဗစ်က ၄ ဂိုး သွင်းယူနိုင်ခဲ့တာ ဖြစ်ပါတယ်။ အာနူတိုဗစ်ဟာ ဒီပွဲမတိုင်ခင်တုန်းက သွင်းဂိုး ၄၁ ဂိုးနဲ့ တိုနီ ပေါ်စတာ ၄၄ ဂိုးရဲ့နောက် ဒုတိယနေရာမှာသာ ရှိနေခဲ့ပြီး လက်ရှိအချိန် မှာတော့ ၄၅ ဂိုးနဲ့ သွင်းဂိုး အများဆုံး ကစားသမား ဖြစ်လာခဲ့ပြီလည်း ဖြစ်ပါတယ်။
●●●
နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS
အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်
ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.